Property Expo
×

စမ္းေခ်ာင္းႏွင့္ မဂၤလာ ေတာင္ၫြန္႔ၿမိဳ႕နယ္မ်ားတြင္ ေခြး မ်ိဳးပြားမႈ ထိန္းခ်ဳပ္ေရး မၾကာမီ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာ ေရးေကာ္မတီမွ သတင္းရရွိသည္။

 ယင္းအစီအစဥ္ကုိ ၾသစ ေၾတးလ်ႏုိင္ငံႏွင့္ ထိုင္းႏုိင္ငံတို႔မွ ကုမၸဏီႏွစ္ခု၏ ရန္ပံုေငြျဖင့္ အ ေကာင္အထည္ေဖာ္ေဆာင္ရြက္ ျခင္းျဖစ္ၿပီး ၂၀၁၆ မွ ၂၀၁၈-၂၀၁၉ မတ္လကုန္အထိ ေဆာင္ ရြက္မည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ ေတာ္စည္ပင္သာယာေရးေကာ္မ တီ (တိရစၧာန္ေဆးကုႏွင့္ သား သတ္႐ံုဌာန) လက္ေထာက္ဌာန မွဴး ေဒါက္တာလွေမဦးက ေျပာ သည္။

 ‘‘ဒီႏွစ္ၿမိဳ႕နယ္မွာ ေဆာင္ ရြက္ဖို႔ MoU ထိုးထားတယ္။ သံုး ႏွစ္စီမံခ်က္ပါ။ ဒီစီမံခ်က္က မ ၾကာခင္စေတာ့မွာပါ။ စာခ်ဳပ္ခ်ဳပ္ ဆိုထားမႈအရ ညိႇႏိႈင္းေဆြးေႏြးပြဲ ေတြလုပ္မယ္။ ေနာက္ၿပီး ရပ္ ကြက္ရဲ႕အေနအထား၊ လမ္းေတြ၊ ေလလြင့္ေခြးေတြရဲ႕ အေရအ တြက္ေတြကို ေဒတာေကာက္ယူမႈ ေတြလုပ္ဦးမယ္။ ဒီကပညာရွင္ ေတြနဲ႔လည္း နည္းပညာပိုင္းဆုိင္ ရာေတြကိုလည္း ေဆြးေႏြးတိုင္ပင္ ၾကဦးမယ္။ ၿပီးရင္ တစ္လမ္းခ်င္း၊ တစ္ရပ္ကြက္ခ်င္း၊ တစ္ၿမိဳ႕နယ္ လံုးကၽြၽတ္ျဖစ္ေအာင္ စီစဥ္ေဆာင္ ရြက္မွာပါ’’ဟု ၎က ေျပာသည္။

ယင္းၿမိဳ႕နယ္မ်ား၌ ယခင္က အသံုးျပဳသည့္ ေခြးမ်ားကုိ အဆိပ္ ခ်ေကၽြးသုတ္သင္သည့္ နည္းလမ္း အစား သင္းကြပ္ျခင္းကဲ့သုိ႔ မ်ိဳး ပြားမႈထိန္းခ်ဳပ္သည့္ နည္းစနစ္ ျဖင့္ ေဆာင္ရြက္မည္ျဖစ္သည္။ ထို႔ျပင္ ေခြး႐ူးျပန္ေရာဂါကာကြယ္ ေဆးမ်ားကိုလည္း ထိုးႏွံေပးမည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါေခြးမ်ားကို အဆိပ္ ေကၽြးသုတ္သင္မည့္နည္းလမ္းအ စား သင္းကြပ္ပစ္ျခင္းမွာ မ်ိဳးပြား ႏုိင္မႈ ေလ်ာ့နည္း၍ ေခြးအေကာင္ ေရေပါက္ဖြားမႈ ေလ်ာ့က်လာျခင္း အျပင္ ေခြးကိုက္ခံရသည့္ေရာဂါ ႏွင့္ ယင္းေၾကာင့္ျဖစ္ေပၚေသာ ေခြး႐ူးေရာဂါအႏၲရာယ္မ်ားကိုပါ ကာကြယ္ႏုိင္မည္ျဖစ္ေၾကာင္း တိရစၧာန္ခ်စ္သူအဖဲြ႕အစည္းမ်ား က ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ လက္ရွိ ေခြးေလေခြးလြင့္အေရအ တြက္သည္ တစ္သိန္းရွစ္ေသာင္း ခန္႔ရွိၿပီး တစ္ႏွစ္လွ်င္ ေခြးမ်ိဳးပြား ႏုိင္မႈမွာ ငါးေသာင္းခန္႔ရွိေၾကာင္း၊ တစ္ႏွစ္လွ်င္ ေခြးေကာင္ေရ သံုး ေသာင္းမွ ေလးေသာင္းခန္႔အထိ အဆိပ္ေကၽြး သုတ္သင္မႈမ်ားရွိ ေၾကာင္း၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီ စာရင္း ဇယားမ်ားအရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

စမ်းချောင်းနှင့် မင်္ဂလာ တောင်ညွန့်မြို့နယ်များတွင် ခွေး မျိုးပွားမှု ထိန်းချုပ်ရေး မကြာမီ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ သတင်းရရှိသည်။

 ယင်းအစီအစဉ်ကို သြစ တြေးလျနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီနှစ်ခု၏ ရန်ပုံငွေဖြင့် အ ကောင်အထည်ဖော်ဆောင်ရွက် ခြင်းဖြစ်ပြီး ၂၀၁၆ မှ ၂၀၁၈-၂၀၁၉ မတ်လကုန်အထိ ဆောင် ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီ (တိရစ္ဆာန်ဆေးကုနှင့် သား သတ်ရုံဌာန) လက်ထောက်ဌာန မှူး ဒေါက်တာလှမေဦးက ပြော သည်။

 ‘‘ဒီနှစ်မြို့နယ်မှာ ဆောင် ရွက်ဖို့ MoU ထိုးထားတယ်။ သုံး နှစ်စီမံချက်ပါ။ ဒီစီမံချက်က မ ကြာခင်စတော့မှာပါ။ စာချုပ်ချုပ် ဆိုထားမှုအရ ညှိနှိုင်းဆွေးနွေးပွဲ တွေလုပ်မယ်။ နောက်ပြီး ရပ် ကွက်ရဲ့အနေအထား၊ လမ်းတွေ၊ လေလွင့်ခွေးတွေရဲ့ အရေအ တွက်တွေကို ဒေတာကောက်ယူမှု တွေလုပ်ဦးမယ်။ ဒီကပညာရှင် တွေနဲ့လည်း နည်းပညာပိုင်းဆိုင် ရာတွေကိုလည်း ဆွေးနွေးတိုင်ပင် ကြဦးမယ်။ ပြီးရင် တစ်လမ်းချင်း၊ တစ်ရပ်ကွက်ချင်း၊ တစ်မြို့နယ် လုံးကျျွတ်ဖြစ်အောင် စီစဉ်ဆောင် ရွက်မှာပါ’’ဟု ၎င်းက ပြောသည်။

ယင်းမြို့နယ်များ၌ ယခင်က အသုံးပြုသည့် ခွေးများကို အဆိပ် ချကျွေးသုတ်သင်သည့် နည်းလမ်း အစား သင်းကွပ်ခြင်းကဲ့သို့ မျိုး ပွားမှုထိန်းချုပ်သည့် နည်းစနစ် ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ ထို့ပြင် ခွေးရူးပြန်ရောဂါကာကွယ် ဆေးများကိုလည်း ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါခွေးများကို အဆိပ် ကျွေးသုတ်သင်မည့်နည်းလမ်းအ စား သင်းကွပ်ပစ်ခြင်းမှာ မျိုးပွား နိုင်မှု လျော့နည်း၍ ခွေးအကောင် ရေပေါက်ဖွားမှု လျော့ကျလာခြင်း အပြင် ခွေးကိုက်ခံရသည့်ရောဂါ နှင့် ယင်းကြောင့်ဖြစ်ပေါ်သော ခွေးရူးရောဂါအန္တရာယ်များကိုပါ ကာကွယ်နိုင်မည်ဖြစ်ကြောင်း တိရစ္ဆာန်ချစ်သူအဖွဲ့အစည်းများ က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိ ခွေးလေခွေးလွင့်အရေအ တွက်သည် တစ်သိန်းရှစ်သောင်း ခန့်ရှိပြီး တစ်နှစ်လျှင် ခွေးမျိုးပွား နိုင်မှုမှာ ငါးသောင်းခန့်ရှိကြောင်း၊ တစ်နှစ်လျှင် ခွေးကောင်ရေ သုံး သောင်းမှ လေးသောင်းခန့်အထိ အဆိပ်ကျွေး သုတ်သင်မှုများရှိ ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ စာရင်း ဇယားများအရ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top