Kantharyar Centre
×

 ျပင္ဦးလြင္ စစ္တကၠသိုလ္ တြင္ ဗိုလ္ေလာင္းအခ်င္းခ်င္း ထိုးႀကိတ္အျပစ္ေပးစဥ္ လက္ လြန္ကာ ထိုးႀကိတ္ခံရသည့္ ဗိုလ္ ေလာင္း ႏွလံုးခုန္ရပ္ေသဆံုးခဲ့ျခင္း ေၾကာင့္ စစ္ခံု႐ံုးဖြဲ႕စစ္ေဆးေန ေၾကာင္း သတင္းရရွိသည္။

ျပင္ဦးလြင္ စစ္တကၠသိုလ္ တြင္ ဗိုလ္ေလာင္းတစ္ဦး ေသဆံုး သည္အထိ ထုိးႀကိတ္ခံရမႈ ေအာက္တိုဘာ ၇ ရက္ ညေနက ျဖစ္ပြားခဲ့ေၾကာင္း ျပင္ဦးလြင္ စစ္ တကၠသိုလ္ ေလ့က်င့္ေရးဌာနမွ တပ္မေတာ္ အရာရွိတစ္ဦးက ေျပာၾကားသည္။

ဒုတိယႏွစ္ ေက်ာင္းသား   ဗိုလ္ေလာင္း ေအာင္ညီညီေဇာ္ကို ေနာက္ဆံုးႏွစ္ေက်ာင္းသား ဗိုလ္ေလာင္း ဇြဲမာန္ေအာင္က ထိုးႀကိတ္ျခင္းျဖစ္ၿပီး ရင္ဘတ္ ထိခိုက္မိ၍ ႏွလံုးခုန္ရပ္ေသဆံုးခဲ့ေၾကာင္း သတင္းရရွိသည္။

ျပင္ဦးလြင္ စစ္တကၠသိုလ္ ေလ့က်င့္ေရးဌာနမွ တပ္မေတာ္ အရာရွိက ‘‘အခုကေတာ့ အဲဒီ ဗိုလ္ေလာင္းကို စစ္ခံု႐ံုးနဲ႔ ဖြဲ႕စည္း ေနပါတယ္။ ပထမဆံုးအဆင့္ စံု၊ ခံုေပါ့ဗ်ာ။ အမႈမွန္ေပၚေပါက္ ေအာင္ေပါ့။ ၿပီးေတာ့ စစ္တရား ႐ံုးနဲ႔ ဖြဲ႕စည္းၿပီးေတာ့မွ ျပစ္ဒဏ္ ခ်မွတ္မယ္ ခင္ဗ်’’ဟု ေျပာသည္။

ေသဆံုးရသည့္ အေၾကာင္း ရင္းအေသးစိတ္မွာ ေအာက္တို ဘာ ၇ ရက္ ညေန သင္တန္းၿပီး ဆံုးခ်ိန္တြင္ အခန္းသန္႔ရွင္းေရး လုပ္ေဆာင္ထားရန္ ဗိုလ္ေလာင္း ဇြဲမာန္ေအာင္က ဗိုလ္ေလာင္း ေအာင္ညီညီေဇာ္ကို အျခားသင္ တန္းသားတစ္ဦးျဖင့္ မွာလိုက္ ေၾကာင္း၊ ယင္းသင္တန္းသားက ဗိုလ္ေလာင္း ေအာင္ညီညီေဇာ္ ကို ျပန္လည္ေျပာဆုိျခင္းမရွိ၍ သန္႔ရွင္းေရးမလုပ္ေဆာင္ထားမိ သျဖင့္ ထိုးႀကိတ္ကန္ေက်ာက္ခဲ့ရာ ရင္ဘတ္ထိကာ သတိလစ္ သြားၿပီး ထိုေနရာ၌ပင္ ေသဆံုးခဲ့ သည္ဟု သိရေၾကာင္း ေသဆံုးသူ ဗိုလ္ေလာင္း၏ မိသားစုဝင္မ်ားက ဧရာဝတီသတင္းဌာနအား ေျပာ ၾကားထားသည္။

ဗိုလ္ေလာင္း ေအာင္ညီညီ ေဇာ္၏ အဘိုးေတာ္စပ္သူ ဦးေက်ာ္ေဆြက ‘‘သူသန္႔ရွင္းေရးလုပ္ခုိင္း တဲ့ေနရာကို သန္႔ရွင္းေရးလုပ္ မထားေတာ့ မင္းမွာ အျပစ္ရွိလား၊ မရွိလားဆုိၿပီး ဆြဲထိုးၿပီးေတာ့ ဆံုးမတာေပါ့။ အျပစ္ရွိတယ္ဆုိ ေတာ့ ထပ္ထိုးတယ္။ ဝမ္းလ်ား ေမွာက္ခုိင္းတယ္။ အဲဒီလိုထိုးရင္း နဲ႔ ရင္ဘတ္ကို ထိခိုက္မိသြားတဲ့ သေဘာျဖစ္သြားတယ္လုိ႔ သူ႔သူ ငယ္ခ်င္းေတြရဲ႕ ျပန္လည္ေျပာျပ ခ်က္အရ သိရတယ္’’ဟု ဧရာဝတီ သတင္းဌာနအား ေျဖၾကားထား သည္။

ဗိုလ္ေလာင္း ေအာင္ညီညီ ေဇာ္ကို ျပင္ဦးလြင္ၿမိဳ႕တြင္ ေအာက္တိုဘာ ၉ ရက္က သၿဂႋဳဟ္လုိက္ ေၾကာင္း သတင္းရရွိၿပီး ေသဆံုး သူ၏ မိသားစုဝင္မ်ားကိုလည္း လုိအပ္ေသာ ကူညီေထာက္ပံ့မႈ မ်ား ျပဳလုပ္ေပးထားေၾကာင္း ျပင္ ဦးလြင္ စစ္တကၠသိုလ္ ေလ့က်င့္ ေရးဌာန တပ္မေတာ္အရာရွိက ေျပာသည္။

လက္ရွိတြင္ လူေသ ဆံုးသည္အထိ လက္လြန္ခဲ့ေသာ ဗိုလ္ေလာင္း ဇြဲမာန္ေအာင္ကို ဗဟိုကင္းအခ်ဳပ္တြင္ ထိန္းသိမ္းထား ေၾကာင္း အဆုိပါအရာရွိက ေျပာ သည္။ တပ္မေတာ္သတင္းအမွန္ ျပန္ၾကားေရးအဖြဲ႕မွ ဗိုလ္ခ်ဳပ္ ေအာင္ရဲဝင္းသို႔ အဆုိပါအမႈႏွင့္ ပတ္သက္၍ ဆက္သြယ္ေမးျမန္း ရာ ၎အေနျဖင့္ အစည္းအေဝး တက္ေရာက္ေနခ်ိန္ျဖစ္၍ လတ္ တေလာေျပာမျပႏုိင္ေသးဘဲ အ တိအက်ေမးျမန္းၿပီးမွသာ ျပန္ လည္ေျဖၾကားေပးမည္ဟု ဆို သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ပြင်ဦးလွင် စစ်တက္ကသိုလ် တွင် ဗိုလ်လောင်းအချင်းချင်း ထိုးကြိတ်အပြစ်ပေးစဉ် လက် လွန်ကာ ထိုးကြိတ်ခံရသည့် ဗိုလ် လောင်း နှလုံးခုန်ရပ်သေဆုံးခဲ့ခြင်း ကြောင့် စစ်ခုံရုံးဖွဲ့စစ်ဆေးနေ ကြောင်း သတင်းရရှိသည်။

ပြင်ဦးလွင် စစ်တက္ကသိုလ် တွင် ဗိုလ်လောင်းတစ်ဦး သေဆုံး သည်အထိ ထိုးကြိတ်ခံရမှု အောက်တိုဘာ ၇ ရက် ညနေက ဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင် စစ် တက္ကသိုလ် လေ့ကျင့်ရေးဌာနမှ တပ်မတော် အရာရှိတစ်ဦးက ပြောကြားသည်။

ဒုတိယနှစ် ကျောင်းသား   ဗိုလ်လောင်း အောင်ညီညီဇော်ကို နောက်ဆုံးနှစ်ကျောင်းသား ဗိုလ်လောင်း ဇွဲမာန်အောင်က ထိုးကြိတ်ခြင်းဖြစ်ပြီး ရင်ဘတ် ထိခိုက်မိ၍ နှလုံးခုန်ရပ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပြင်ဦးလွင် စစ်တက္ကသိုလ် လေ့ကျင့်ရေးဌာနမှ တပ်မတော် အရာရှိက ‘‘အခုကတော့ အဲဒီ ဗိုလ်လောင်းကို စစ်ခုံရုံးနဲ့ ဖွဲ့စည်း နေပါတယ်။ ပထမဆုံးအဆင့် စုံ၊ ခုံပေါ့ဗျာ။ အမှုမှန်ပေါ်ပေါက် အောင်ပေါ့။ ပြီးတော့ စစ်တရား ရုံးနဲ့ ဖွဲ့စည်းပြီးတော့မှ ပြစ်ဒဏ် ချမှတ်မယ် ခင်ဗျ’’ဟု ပြောသည်။

သေဆုံးရသည့် အကြောင်း ရင်းအသေးစိတ်မှာ အောက်တို ဘာ ၇ ရက် ညနေ သင်တန်းပြီး ဆုံးချိန်တွင် အခန်းသန့်ရှင်းရေး လုပ်ဆောင်ထားရန် ဗိုလ်လောင်း ဇွဲမာန်အောင်က ဗိုလ်လောင်း အောင်ညီညီဇော်ကို အခြားသင် တန်းသားတစ်ဦးဖြင့် မှာလိုက် ကြောင်း၊ ယင်းသင်တန်းသားက ဗိုလ်လောင်း အောင်ညီညီဇော် ကို ပြန်လည်ပြောဆိုခြင်းမရှိ၍ သန့်ရှင်းရေးမလုပ်ဆောင်ထားမိ သဖြင့် ထိုးကြိတ်ကန်ကျောက်ခဲ့ရာ ရင်ဘတ်ထိကာ သတိလစ် သွားပြီး ထိုနေရာ၌ပင် သေဆုံးခဲ့ သည်ဟု သိရကြောင်း သေဆုံးသူ ဗိုလ်လောင်း၏ မိသားစုဝင်များက ဧရာဝတီသတင်းဌာနအား ပြော ကြားထားသည်။

ဗိုလ်လောင်း အောင်ညီညီ ဇော်၏ အဘိုးတော်စပ်သူ ဦးကျော်ဆွေက ‘‘သူသန့်ရှင်းရေးလုပ်ခိုင်း တဲ့နေရာကို သန့်ရှင်းရေးလုပ် မထားတော့ မင်းမှာ အပြစ်ရှိလား၊ မရှိလားဆိုပြီး ဆွဲထိုးပြီးတော့ ဆုံးမတာပေါ့။ အပြစ်ရှိတယ်ဆို တော့ ထပ်ထိုးတယ်။ ဝမ်းလျား မှောက်ခိုင်းတယ်။ အဲဒီလိုထိုးရင်း နဲ့ ရင်ဘတ်ကို ထိခိုက်မိသွားတဲ့ သဘောဖြစ်သွားတယ်လို့ သူ့သူ ငယ်ချင်းတွေရဲ့ ပြန်လည်ပြောပြ ချက်အရ သိရတယ်’’ဟု ဧရာဝတီ သတင်းဌာနအား ဖြေကြားထား သည်။

ဗိုလ်လောင်း အောင်ညီညီ ဇော်ကို ပြင်ဦးလွင်မြို့တွင် အောက်တိုဘာ ၉ ရက်က သင်္ဂြိုဟ်လိုက် ကြောင်း သတင်းရရှိပြီး သေဆုံး သူ၏ မိသားစုဝင်များကိုလည်း လိုအပ်သော ကူညီထောက်ပံ့မှု များ ပြုလုပ်ပေးထားကြောင်း ပြင် ဦးလွင် စစ်တက္ကသိုလ် လေ့ကျင့် ရေးဌာန တပ်မတော်အရာရှိက ပြောသည်။

လက်ရှိတွင် လူသေ ဆုံးသည်အထိ လက်လွန်ခဲ့သော ဗိုလ်လောင်း ဇွဲမာန်အောင်ကို ဗဟိုကင်းအချုပ်တွင် ထိန်းသိမ်းထား ကြောင်း အဆိုပါအရာရှိက ပြော သည်။ တပ်မတော်သတင်းအမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် အောင်ရဲဝင်းသို့ အဆိုပါအမှုနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်း ရာ ၎င်းအနေဖြင့် အစည်းအဝေး တက်ရောက်နေချိန်ဖြစ်၍ လတ် တလောပြောမပြနိုင်သေးဘဲ အ တိအကျမေးမြန်းပြီးမှသာ ပြန် လည်ဖြေကြားပေးမည်ဟု ဆို သည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top