Kantharyar Centre
×

 ေနာက္ဆံုးထြက္ရွိထား သည့္ ဧပရယ္ဖူးအေခြကို ႏိုဝင္ ဘာအတြင္း ဒီဗီဒီစတင္႐ိုက္ကူး မည္ဟု ျဖဴျဖဴေက်ာ္သိန္းက ေျပာ သည္။

‘‘ဧပရယ္ဖူးက EDM Music ေလးေတြဆုိေတာ့ အကအလွ ေတြနဲ႔ ပါတဲ့သီခ်င္းေတြရွိတယ္။ Story ပံုစံ႐ိုက္လို႔ရတဲ့ဟာမ်ိဳးေလး ေတြလည္း ရွိေကာင္းရွိမယ္ဆုိ ေတာ့ FG Entertainment က ဒါ႐ိုက္တာေတြ၊ Crew ေတြနဲ႔ တိုင္ပင္ၿပီး ႐ိုက္ျဖစ္မွာပါ’’ဟု ၎ က ေျပာသည္။

အဆုိပါအေခြမွာ ၿပီးခဲ့သည့္ ဧၿပီက ထြက္ရွိခဲ့ၿပီး ႏိုဝင္ဘာတြင္ စတင္႐ိုက္ကူးမည္ျဖစ္ကာ လာ မည့္ႏွစ္ ဧၿပီအမီ ျဖန္႔ခ်ိေပးႏုိင္ရန္ စီစဥ္မည္ဟု ဆုိသည္။

‘‘ဒီႏွစ္က ျဖဴျဖဴ႕အတြက္ သီခ်င္းအသစ္အထြက္ဆံုး ႏွစ္လို႔ ေျပာရမယ္။ ပထမေျခာက္လအ တြင္းမွာတင္ သီခ်င္းဆယ္ပုဒ္ ထြက္ထားတယ္။ ေနာက္ထပ္ လည္း သီခ်င္းအသစ္ေတြ ထြက္ဖို႔ ရွိေတာ့ အားေပးပါဦးလို႔ ေျပာခ်င္ ပါတယ္’’ဟု ျဖဴျဖဴေက်ာ္သိန္းက ေျပာသည္။

လတ္တေလာ အႏုပညာ လႈပ္ရွားမႈအေနျဖင့္ သီတင္းကြၽတ္ကာလတြင္ က်ိဳကၡမီႏွင့္ မေကြးသို႔ ေဖ်ာ္ေျဖပြဲမ်ား သြားေရာက္ရန္ အစီအစဥ္ရွိၿပီး တန္ေဆာင္တုိင္ ကာလကို ေရႊဘိုႏွင့္ ျပင္ဦးလြင္၌ သြားေရာက္ေဖ်ာ္ေျဖရန္ လက္ခံ ထားေၾကာင္း သိရသည္။

‘‘အခုလာမယ့္ ေအာက္တို ဘာ ၂၁ ရက္မွာ ျမရိပ္ညိဳမွာ ေဖ်ာ္ ေျဖဖို႔ရိွတယ္။ ေနာက္ၿပီး The Queens ပြဲရွိမယ္။ MMM Music Tour 2016 အေနနဲ႔ မေကြး၊ ပုသိမ္၊ ၿမိတ္ကိုသြားၿပီး ေဖ်ာ္ေျဖ ဖို႔ ရွိပါတယ္’’ဟု ၎၏ ေဖ်ာ္ေျဖ ေရးအစီအစဥ္မ်ားအေၾကာင္းကို ျဖဴျဖဴေက်ာ္သိန္းက ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 နောက်ဆုံးထွက်ရှိထား သည့် ဧပရယ်ဖူးအခွေကို နိုဝင် ဘာအတွင်း ဒီဗီဒီစတင်ရိုက်ကူး မည်ဟု ဖြူဖြူကျော်သိန်းက ပြော သည်။

‘‘ဧပရယ်ဖူးက EDM Music လေးတွေဆိုတော့ အကအလှ တွေနဲ့ ပါတဲ့သီချင်းတွေရှိတယ်။ Story ပုံစံရိုက်လို့ရတဲ့ဟာမျိုးလေး တွေလည်း ရှိကောင်းရှိမယ်ဆို တော့ FG Entertainment က ဒါရိုက်တာတွေ၊ Crew တွေနဲ့ တိုင်ပင်ပြီး ရိုက်ဖြစ်မှာပါ’’ဟု ၎င်း က ပြောသည်။

အဆိုပါအခွေမှာ ပြီးခဲ့သည့် ဧပြီက ထွက်ရှိခဲ့ပြီး နိုဝင်ဘာတွင် စတင်ရိုက်ကူးမည်ဖြစ်ကာ လာ မည့်နှစ် ဧပြီအမီ ဖြန့်ချိပေးနိုင်ရန် စီစဉ်မည်ဟု ဆိုသည်။

‘‘ဒီနှစ်က ဖြူဖြူ့အတွက် သီချင်းအသစ်အထွက်ဆုံး နှစ်လို့ ပြောရမယ်။ ပထမခြောက်လအ တွင်းမှာတင် သီချင်းဆယ်ပုဒ် ထွက်ထားတယ်။ နောက်ထပ် လည်း သီချင်းအသစ်တွေ ထွက်ဖို့ ရှိတော့ အားပေးပါဦးလို့ ပြောချင် ပါတယ်’’ဟု ဖြူဖြူကျော်သိန်းက ပြောသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် သီတင်းကျွတ်ကာလတွင် ကျိုက္ခမီနှင့် မကွေးသို့ ဖျော်ဖြေပွဲများ သွားရောက်ရန် အစီအစဉ်ရှိပြီး တန်ဆောင်တိုင် ကာလကို ရွှေဘိုနှင့် ပြင်ဦးလွင်၌ သွားရောက်ဖျော်ဖြေရန် လက်ခံ ထားကြောင်း သိရသည်။

‘‘အခုလာမယ့် အောက်တို ဘာ ၂၁ ရက်မှာ မြရိပ်ညိုမှာ ဖျော် ဖြေဖို့ရှိတယ်။ နောက်ပြီး The Queens ပွဲရှိမယ်။ MMM Music Tour 2016 အနေနဲ့ မကွေး၊ ပုသိမ်၊ မြိတ်ကိုသွားပြီး ဖျော်ဖြေ ဖို့ ရှိပါတယ်’’ဟု ၎င်း၏ ဖျော်ဖြေ ရေးအစီအစဉ်များအကြောင်းကို ဖြူဖြူကျော်သိန်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top