Property Expo
×

မက္မြန္သီးက ဗုိက္ျပည့္ေစသလုိ အားအင္ေတြျမွင့္တင္ေပးႏုိင္လုိ႔ အထူးေကာင္းမြန္တဲ့ အဆာေျပအစားအစာတစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ Almond milk လို ႏို႕မ်ိဳးကေတာ့ ၀ယ္ေသာက္ဖုိ႕ ျပန္စဥ္းစားစရာ ျဖစ္သြားပါျပီ။ ဘာလို႕လဲဆုိေတာ့ ႏို႕ေတြက က်န္းမာေရးနဲ႔ညီညြတ္မယ့္ပုံရိွေပမယ့္ စတုိးဆုိင္ကေန ဝယ္တဲ့ ႏုိ႔ေတြဟာ လူအမ်ားစု ထင္သလုိ က်န္းမာေရးနဲ႔ မညီညြတ္ပါဘူး။ အမွန္ေတာ့ စတုိးဆုိင္ကေနဝယ္ရတဲ့ almond milk အမ်ားစုမွာ တကယ့္ႏုိ႔အစစ္ထက္ ဓာတုပစၥည္းနဲ႔ အျဖည့္ပစၥည္းေတြက ပိုမ်ားေနပါတယ္။

Alpro ဆိုတာ ယူေကႏုိင္ငံက လူသိမ်ားတဲ့ ႏုိ႔တစ္ခုျဖစ္ပါတယ္။ Alpro almond milk ရဲ႕ ၂ ရာခုိင္ႏႈန္းသာ မက္မြန္ almond နဲ႔ ျပဳလုပ္ထားေၾကာင္း သုေတသီေတြ ေလ့လာေတြ႔ရိွခဲ့ပါတယ္။ မက္မြန္ေစ့လက္တစ္ဆုပ္စားလုိ႔ ရရိွမယ့္ အာဟာရဓာတ္ ရရိွဖုိ႔ဆုိရင္ almond milk တစ္ကတ္လုံးကုန္ေအာင္ ေသာက္ရေတာ့မွာ ျဖစ္ပါတယ္။ ဒါက မက္မြန္သီးမွာ ကယ္လုိရီနည္းေနရျခင္း အေၾကာင္းအရင္းပဲ ျဖစ္ပါတယ္။ မက္မြန္သီးလက္တစ္ဆုပ္စာမွာ ကယ္လုိရီ ၁၆၀ ခန္႔ရိွျပီး Almond milk တစ္ခြက္မွာ ကယ္လုိရီ ၃၀ ရိွပါတယ္။

Almond milk က ႏြားႏုိ႔ထက္ ပိုေစ်းၾကီးတဲ့အျပင္ အထဲက ျဖည့္စြက္ပစၥည္းေတြက က်န္းမာေရးနဲ႔ မညီညြတ္ပါဘူး။ အစာေျခလမ္းေၾကာင္း ေရာင္ရမ္းမႈ ျဖစ္ေစေၾကာင္း ေဖာ္ျပထားပါတယ္။ ဒီ almond milk ေတြ ၾကာၾကာမေသာက္ဖုိ႔ ကြ်မ္းက်င္သူေတြ အၾကံျပဳထားပါတယ္။ တကယ္လုိ႔ Almond milk ၾကိဳက္ႏွစ္သက္ပါက မိမိဘာသာ ေဖ်ာ္ေသာက္သင့္ပါတယ္။ ဒီနည္းက ျဖည့္စြက္ပစၥည္းနဲ႔ ဓာတုပစၥည္းေတြကင္းျပီး က်န္းမာေရးနဲ႔ ကိုက္ညီတဲ့ ႏုိ႔ုျဖစ္ေစပါလိမ့္မယ္။  Almond milk ကို ကိုယ့္ဘာသာ လုပ္ေသာက္လို႔ လြယ္ကူပါတယ္။ မက္မြန္ေစ့ေတြကို ေရတစ္ညစိမ္၊ ျပီးေတာ့ ၾကိတ္စက္နဲ႔ ၾကိတ္ျပီး ထြက္လာတဲ့အရည္ကို ပိတ္စပါးပါးေလး ခံစစ္ေပးရမွာ ျဖစ္ပါတယ္။ အဲဒီမက္မြန္ေစ့ညွစ္ရည္ဟာ ေရခဲေသတၱာထဲ ၃ရက္ထိ လတ္ဆတ္ေနပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

မက်မွန်သီးက ဗိုက်ပြည့်စေသလို အားအင်တွေမြှင့်တင်ပေးနိုင်လို့ အထူးကောင်းမွန်တဲ့ အဆာပြေအစားအစာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Almond milk လို နို့မျိုးကတော့ ဝယ်သောက်ဖို့ ပြန်စဉ်းစားစရာ ဖြစ်သွားပါပြီ။ ဘာလို့လဲဆိုတော့ နို့တွေက ကျန်းမာရေးနဲ့ညီညွတ်မယ့်ပုံရှိပေမယ့် စတိုးဆိုင်ကနေ ဝယ်တဲ့ နို့တွေဟာ လူအများစု ထင်သလို ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ အမှန်တော့ စတိုးဆိုင်ကနေဝယ်ရတဲ့ almond milk အများစုမှာ တကယ့်နို့အစစ်ထက် ဓာတုပစ္စည်းနဲ့ အဖြည့်ပစ္စည်းတွေက ပိုများနေပါတယ်။

Alpro ဆိုတာ ယူကေနိုင်ငံက လူသိများတဲ့ နို့တစ်ခုဖြစ်ပါတယ်။ Alpro almond milk ရဲ့ ၂ ရာခိုင်နှုန်းသာ မက်မွန် almond နဲ့ ပြုလုပ်ထားကြောင်း သုတေသီတွေ လေ့လာတွေ့ရှိခဲ့ပါတယ်။ မက်မွန်စေ့လက်တစ်ဆုပ်စားလို့ ရရှိမယ့် အာဟာရဓာတ် ရရှိဖို့ဆိုရင် almond milk တစ်ကတ်လုံးကုန်အောင် သောက်ရတော့မှာ ဖြစ်ပါတယ်။ ဒါက မက်မွန်သီးမှာ ကယ်လိုရီနည်းနေရခြင်း အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ မက်မွန်သီးလက်တစ်ဆုပ်စာမှာ ကယ်လိုရီ ၁၆၀ ခန့်ရှိပြီး Almond milk တစ်ခွက်မှာ ကယ်လိုရီ ၃၀ ရှိပါတယ်။

Almond milk က နွားနို့ထက် ပိုဈေးကြီးတဲ့အပြင် အထဲက ဖြည့်စွက်ပစ္စည်းတွေက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ အစာခြေလမ်းကြောင်း ရောင်ရမ်းမှု ဖြစ်စေကြောင်း ဖော်ပြထားပါတယ်။ ဒီ almond milk တွေ ကြာကြာမသောက်ဖို့ ကျွမ်းကျင်သူတွေ အကြံပြုထားပါတယ်။ တကယ်လို့ Almond milk ကြိုက်နှစ်သက်ပါက မိမိဘာသာ ဖျော်သောက်သင့်ပါတယ်။ ဒီနည်းက ဖြည့်စွက်ပစ္စည်းနဲ့ ဓာတုပစ္စည်းတွေကင်းပြီး ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ နို့ုဖြစ်စေပါလိမ့်မယ်။  Almond milk ကို ကိုယ့်ဘာသာ လုပ်သောက်လို့ လွယ်ကူပါတယ်။ မက်မွန်စေ့တွေကို ရေတစ်ညစိမ်၊ ပြီးတော့ ကြိတ်စက်နဲ့ ကြိတ်ပြီး ထွက်လာတဲ့အရည်ကို ပိတ်စပါးပါးလေး ခံစစ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီမက်မွန်စေ့ညှစ်ရည်ဟာ ရေခဲသေတ္တာထဲ ၃ရက်ထိ လတ်ဆတ်နေပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top