Kantharyar Centre
×




Credit : Trend Myanmar

#Unicode Version

သင် "Adidas" ဆိုတဲ့ ဝေါဟာရကို ပြောဆိုတဲ့အခါ Ah-DEE-das လို့ အသံထွက်မိပါသလား။

တကယ်တော့ "Adidas" ကို "Ah-dih-dahh" လို့ အသံထွက်မှ အမှန်ဖြစ်ကြောင်း Today show က သတင်းဗီဒီယိုသစ်တစ်ခုအရ သိရပါတယ်။ ဒီအသံထွက်နဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံး တစ်ကွဲတစ်ပြားစီ ဖြစ်နေခဲ့တာပါ။ အဲဒီဗီဒီယိုထဲမှာ လူအချို့က Zara L'Occitane နဲ့ Ouidad အပါအဝင် အခြားမှားထွင်းစွာအသံထွက်လေ့ရှိတဲ့ brand နာမည်တွေကို ပြောဆိုကြည့်ကြပါတယ်။ ဒီစာလုံးတွေရဲ့ အသံထွက်နည်း အမှန်ကို ဘယ်သူမှ မသိကြပါဘူး။

"Zara" ကို "r" လျှာလိပ်သံထွက်ရမှာ ဖြစ်ပါတယ်။ "Estee Lauder" ရဲ့ ပထမစာလုံးကို "Est-ehh" လို့ အသံထွက်ပါတယ်။ "Vidal Sassoon" က "Vee-dahl Sas-sson" လို့ အသံထွက်ရပါတယ်။ ဒါတွေထဲကမှ အံ့အားသင့်စရာအကောင်းဆုံးက "Adidas" ရဲ့ လျို့ဝှက်တဲ့ အသံထွက်အမှန်ကို သိမြင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top