Property Expo
×

  ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္း(MPT)သည္ ျမန္ႏႈန္းျမင့္ အင္တာနက္လုိင္း 4G ဝန္ေဆာင္ မႈမိတ္ဆက္ျခင္းအႀကိဳကာလအ ျဖစ္ ရန္ကုန္ႏွင့္ေနျပည္ေတာ္တို႔ရွိ သတ္မွတ္ထားသည့္ ေနရာခုနစ္ခု ၌ စတင္သံုးစြဲႏုိင္ေၾကာင္း ေအာက္တိုဘာ ၁၄ ရက္တြင္ ေၾကညာသည္။
MPT သည္ 4G ဝန္ေဆာင္မႈ ေပးရန္ ပိုမိုသင့္ေလ်ာ္သည့္ လိႈင္း ႏႈန္းစဥ္ 1800MHz ကို အစိုးရက ေရာင္းခ်မည့္ ၂၀၁၇ ႏွစ္ဦးပိုင္း တြင္ ျမန္ႏႈန္းျမင့္ အင္တာနက္ လုိင္းကို တရားဝင္မိတ္ဆက္မည္ ျဖစ္ေၾကာင္း MPT-KSGM Joint Operation ၏စီးပြားေရးဆိုင္ရာ အရာရွိခ်ဳပ္ မစၥတာ Koichi Kawase က ေျပာၾကားသည္။
‘‘အစိုးရက ၂၀၁၇ မွာ 1.8 MHz ရွိတဲ့ လိႈင္းႏႈန္းစဥ္ကုိ ထုတ္ ျပန္လိုက္ၿပီဆိုတာနဲ႔ တစ္ၿပိဳင္နက္ အဲဒီလိႈင္းႏႈန္းစဥ္ကို အသံုးျပဳၿပီး ေတာ့ ႀကီးမားက်ယ္ျပန္႔တဲ့ 4G ကြန္ရက္ကို တည္ေဆာက္သြားဖို႔ အရင္ကတည္းက ကြၽန္ေတာ္တို႔ ေစာင့္ႀကိဳေနခဲ့တာပါ’’ဟု ၎က ဆိုသည္။
လက္ရွိတြင္ MPT သံုးစြဲသူ မ်ားအေနျဖင့္ 4G ဝန္ေဆာင္မႈ ကို ရန္ကုန္ၿမိဳ႕တြင္ ဆူးေလ Branded Store ၊ ဂ်န္းရွင္းေမာ္ တင္၊ ဂ်န္းရွင္းစကြဲ၊ ေတာ္ဝင္စင္ တာ၊ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္တို႔၌လည္းေကာင္း၊ ေန ျပည္ေတာ္တြင္ ဂ်န္းရွင္းစင္တာ ႏွင့္ Capital Hyper Market တို႔၌ လည္းေကာင္း အသံုးျပဳႏုိင္မည္ ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ သည္။
အဆိုပါ 4G ဝန္ေဆာင္မႈ ကို အသံုးျပဳႏိုင္ရန္ ေဆြသဟာ အစီအစဥ္ရယူထားရန္ လိုအပ္ ၿပီး 4G စနစ္သံုးစြဲမရသည့္ ယခင္ ဆင္းမ္ကတ္မ်ားကို ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္တို႔ရွိ MPT Branded Store မ်ား၌ လက္ရွိ နံပါတ္အတိုင္း အခမဲ့လဲလွယ္ႏိုင္ ေၾကာင္း သိရသည္။
ျမန္မာ့ဆက္သြယ္ေရးလုပ္ ငန္းသည္ ယခုလ ၁၇ ရက္တြင္ ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီး ဌာနက ျပဳလုပ္မည့္ လိႈင္းႏႈန္းစဥ္ 2100MHz ေလလံပြဲသို႔ ဝင္ ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိဘဲ ၂၀၁၇ တြင္ ျပဳလုပ္မည့္ လိႈင္းႏႈန္းစဥ္ 1800MHz ေလလံပြဲသို႔ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ စီစဥ္ထားျခင္း ျဖစ္သည္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT)သည် မြန်နှုန်းမြင့် အင်တာနက်လိုင်း 4G ဝန်ဆောင် မှုမိတ်ဆက်ခြင်းအကြိုကာလအ ဖြစ် ရန်ကုန်နှင့်နေပြည်တော်တို့ရှိ သတ်မှတ်ထားသည့် နေရာခုနစ်ခု ၌ စတင်သုံးစွဲနိုင်ကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ကြေညာသည်။
MPT သည် 4G ဝန်ဆောင်မှု ပေးရန် ပိုမိုသင့်လျော်သည့် လှိုင်း နှုန်းစဉ် 1800MHz ကို အစိုးရက ရောင်းချမည့် ၂၀၁၇ နှစ်ဦးပိုင်း တွင် မြန်နှုန်းမြင့် အင်တာနက် လိုင်းကို တရားဝင်မိတ်ဆက်မည် ဖြစ်ကြောင်း MPT-KSGM Joint Operation ၏စီးပွားရေးဆိုင်ရာ အရာရှိချုပ် မစ္စတာ Koichi Kawase က ပြောကြားသည်။
‘‘အစိုးရက ၂၀၁၇ မှာ 1.8 MHz ရှိတဲ့ လှိုင်းနှုန်းစဉ်ကို ထုတ် ပြန်လိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် အဲဒီလှိုင်းနှုန်းစဉ်ကို အသုံးပြုပြီး တော့ ကြီးမားကျယ်ပြန့်တဲ့ 4G ကွန်ရက်ကို တည်ဆောက်သွားဖို့ အရင်ကတည်းက ကျွန်တော်တို့ စောင့်ကြိုနေခဲ့တာပါ’’ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် MPT သုံးစွဲသူ များအနေဖြင့် 4G ဝန်ဆောင်မှု ကို ရန်ကုန်မြို့တွင် ဆူးလေ Branded Store ၊ ဂျန်းရှင်းမော် တင်၊ ဂျန်းရှင်းစကွဲ၊ တော်ဝင်စင် တာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့၌လည်းကောင်း၊ နေ ပြည်တော်တွင် ဂျန်းရှင်းစင်တာ နှင့် Capital Hyper Market တို့၌ လည်းကောင်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန် သည်။
အဆိုပါ 4G ဝန်ဆောင်မှု ကို အသုံးပြုနိုင်ရန် ဆွေသဟာ အစီအစဉ်ရယူထားရန် လိုအပ် ပြီး 4G စနစ်သုံးစွဲမရသည့် ယခင် ဆင်းမ်ကတ်များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ MPT Branded Store များ၌ လက်ရှိ နံပါတ်အတိုင်း အခမဲ့လဲလှယ်နိုင် ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် ယခုလ ၁၇ ရက်တွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနက ပြုလုပ်မည့် လှိုင်းနှုန်းစဉ် 2100MHz လေလံပွဲသို့ ဝင် ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ ၂၀၁၇ တွင် ပြုလုပ်မည့် လှိုင်းနှုန်းစဉ် 1800MHz လေလံပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top