Kantharyar Centre
×

4G ကြန္ရက္အား အ ေထာက္အပံ့ေပးႏိုင္ၿပီး စြမ္း ေဆာင္ရည္ ေကာင္းမြန္ေသာ T500 4G တန္ဖိုးနည္းစမတ္ဖုန္း ကို က်ပ္ ၁၁၀,၀၀၀ ျဖင့္ ျပည္ တြင္း၌ စတင္ေရာင္းခ်မည္ျဖစ္ေၾကာင္း တယ္လီေနာျမန္မာက သတင္းထုတ္ျပန္သည္။


‘‘ျမန္မာျပည္က ကၽြန္ေတာ္ တို႔ရဲ႕ အသံုးျပဳသူေတြအၾကားမွာ စမတ္ဖုန္းအသံုးျပဳမႈႏႈန္း ျမင့္မား လာသလို မိုဘုိင္းေဒတာလိုအပ္ ခ်က္ ျမင့္မားလာတာကိုလည္း ကၽြန္ေတာ္တုိ႔က ေတြ႕ျမင္ေနရပါ တယ္။ တန္ဖိုးနည္းေပမယ့္ အ ရည္အေသြးျမင့္မားတဲ့ T500 4G က ကၽြန္ေတာ္တုိ႔ရဲ႕ အသံုးျပဳသူ ေတြကို အင္တာနက္ကေနတစ္ ဆင့္ အက်ိဳးေက်းဇူးေတြ သက္ ေသာင့္သက္သာနဲ႔ ရရွိခံစားႏုိင္ မယ့္ အေတြ႕အႀကံဳေတြကို ရရွိ ေစပါလိမ့္မယ္’’ဟု တယ္လီေနာ ျမန္မာ ေစ်းကြက္ျဖန္႔ခ်ိေရး အရာ ရွိခ်ဳပ္ Joslin E Myrthong က ေျပာသည္။

T500 4G ဟန္းဆက္သည္ ပါးလႊာေသာ ဒီဇိုင္းျဖင့္ တည္ ေဆာက္ထားၿပီး ႐ုပ္ထြက္ေကာင္း မြန္ေစရန္ 2.5D Arc Glass ငါး လက္မမ်က္ႏွာျပင္ တပ္ဆင္ထား ကာ ကင္မရာပိုင္းတြင္ hi-res 8MP ေက်ာဘက္ကင္မရာႏွင့္ 5MP ေရွ႕ကင္မရာတုိ႔ကုိ တပ္ ဆင္ထားသည့္အတြက္ တန္ဖိုး နည္း စမတ္ဖုန္းတစ္လံုးအျဖစ္ ေကာင္းမြန္ေသာ ႐ုပ္ပံုမ်ား ႐ိုက္ ကူးႏုိင္မည္ျဖစ္သည္။

 ဖုန္းတြင္းမွတ္ဉာဏ္အေန ျဖင့္ 8GB ပါ၀င္ၿပီး RAM 1GB ပါ၀င္ကာ တန္ဖိုးနည္း စမတ္ဖုန္း တစ္ခုအေနျဖင့္ လုပ္ေဆာင္ခ်က္ အမ်ားစုကို အဆင္ေျပေခ်ာေမြ႕ စြာ အသံုးျပဳႏုိင္ၿပီး ၾကာရွည္စြာ အသံုးျပဳႏုိင္ေစရန္ 2,700mAh ဘက္ထရီကို တပ္ဆင္ထား ေၾကာင္း သိရသည္။

T500 4G စမတ္ဖုန္းမ်ား ကို ေရႊေရာင္ႏွင့္ မီးခုိးေရာင္ႏွစ္ မ်ိဳးျဖင့္ ေရာင္းခ်မည္ျဖစ္သည္။ သံုးစဲြသူမ်ားအတြက္ အာမခံ ၁၈ လ ေပးမည္ျဖစ္ၿပီး တစ္လလွ်င္ အင္တာနက္ 1GB အခမဲ့ႏွင့္ ေျခာက္လၾကာ အသံုးျပဳခြင့္ကို လည္း ေပးမည္ျဖစ္ေၾကာင္း တယ္လီေနာကဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
4G ကွန်ရက်အား အ ထောက်အပံ့ပေးနိုင်ပြီး စွမ်း ဆောင်ရည် ကောင်းမွန်သော T500 4G တန်ဖိုးနည်းစမတ်ဖုန်း ကို ကျပ် ၁၁၀,၀၀၀ ဖြင့် ပြည် တွင်း၌ စတင်ရောင်းချမည်ဖြစ်ကြောင်း တယ်လီနောမြန်မာက သတင်းထုတ်ပြန်သည်။


‘‘မြန်မာပြည်က ကျွန်တော် တို့ရဲ့ အသုံးပြုသူတွေအကြားမှာ စမတ်ဖုန်းအသုံးပြုမှုနှုန်း မြင့်မား လာသလို မိုဘိုင်းဒေတာလိုအပ် ချက် မြင့်မားလာတာကိုလည်း ကျွန်တော်တို့က တွေ့မြင်နေရပါ တယ်။ တန်ဖိုးနည်းပေမယ့် အ ရည်အသွေးမြင့်မားတဲ့ T500 4G က ကျွန်တော်တို့ရဲ့ အသုံးပြုသူ တွေကို အင်တာနက်ကနေတစ် ဆင့် အကျိုးကျေးဇူးတွေ သက် သောင့်သက်သာနဲ့ ရရှိခံစားနိုင် မယ့် အတွေ့အကြုံတွေကို ရရှိ စေပါလိမ့်မယ်’’ဟု တယ်လီနော မြန်မာ ဈေးကွက်ဖြန့်ချိရေး အရာ ရှိချုပ် Joslin E Myrthong က ပြောသည်။

T500 4G ဟန်းဆက်သည် ပါးလွှာသော ဒီဇိုင်းဖြင့် တည် ဆောက်ထားပြီး ရုပ်ထွက်ကောင်း မွန်စေရန် 2.5D Arc Glass ငါး လက်မမျက်နှာပြင် တပ်ဆင်ထား ကာ ကင်မရာပိုင်းတွင် hi-res 8MP ကျောဘက်ကင်မရာနှင့် 5MP ရှေ့ကင်မရာတို့ကို တပ် ဆင်ထားသည့်အတွက် တန်ဖိုး နည်း စမတ်ဖုန်းတစ်လုံးအဖြစ် ကောင်းမွန်သော ရုပ်ပုံများ ရိုက် ကူးနိုင်မည်ဖြစ်သည်။

 ဖုန်းတွင်းမှတ်ဉာဏ်အနေ ဖြင့် 8GB ပါဝင်ပြီး RAM 1GB ပါဝင်ကာ တန်ဖိုးနည်း စမတ်ဖုန်း တစ်ခုအနေဖြင့် လုပ်ဆောင်ချက် အများစုကို အဆင်ပြေချောမွေ့ စွာ အသုံးပြုနိုင်ပြီး ကြာရှည်စွာ အသုံးပြုနိုင်စေရန် 2,700mAh ဘက်ထရီကို တပ်ဆင်ထား ကြောင်း သိရသည်။

T500 4G စမတ်ဖုန်းများ ကို ရွှေရောင်နှင့် မီးခိုးရောင်နှစ် မျိုးဖြင့် ရောင်းချမည်ဖြစ်သည်။ သုံးစွဲသူများအတွက် အာမခံ ၁၈ လ ပေးမည်ဖြစ်ပြီး တစ်လလျှင် အင်တာနက် 1GB အခမဲ့နှင့် ခြောက်လကြာ အသုံးပြုခွင့်ကို လည်း ပေးမည်ဖြစ်ကြောင်း တယ်လီနောကဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top