Property Expo
×

  စြန္႔ပစ္ထားသည့္ ေမြးကင္းစကေလးအေလာင္းကုိ ေတြ႕ရစဥ္ (ဓာတ္ပံု − Zon Thi Tun Facebook)

သဃၤန္းကြၽန္းၿမိဳ႕နယ္ ေလးေထာင့္ကန္ရပ္ကြက္ ရန္ ကင္းလမ္းေဘးတြင္ ေမြးကင္းစ ကေလးငယ္တစ္ဦးကို လာေရာက္စြန္႔ပစ္ထားၿပီး ကားႀကိတ္မိခဲ့၍ ဦးေခါင္းမရွိေတာ့ေၾကာင္း ရပ္ကြက္အတြင္း ေနထိုင္သူတစ္ဦးက ေျပာသည္။


ေသဆံုးခဲ့သည့္ ကေလးငယ္ မွာ ေယာက္်ားေလးျဖစ္ၿပီး ႂကြပ္ ႂကြပ္အိတ္အျဖဴထဲ ထည့္ကာ လာေရာက္စြန္႔ပစ္ခဲ့ကာ အဆိုပါ လမ္းရွိ ေခြးတစ္ေကာင္က ကိုက္ခ်ီလာရာမွ ရပ္ကြက္အတြင္း ေနထုိင္သူမ်ား သိရွိခဲ့ျခင္းျဖစ္ ေၾကာင္း မ်က္ျမင္ေတြ႕သူက ေျပာသည္။

 ‘‘ကေလးက ေမြးကင္းစ ကေလးေလးပါ။ ေခြးက ကိုက္ လာမွသိတယ္။ လူေတြသိတဲ့အ ခ်ိန္ ဘယ္ကားက တက္ႀကိတ္ သြားလဲေတာ့မသိဘူး ေခါင္းမရွိ ေတာ့ဘူး။ ဘယ္လိုမိဘေတြက ေမြးၿပီး အခုလိုလုပ္ၾကသလဲဆို တာ မေတြးတတ္ေအာင္ ျဖစ္ရ တယ္’’ဟု ကေလးမိခင္တစ္ဦးက ေျပာသည္။

 အေလာင္းေတြ႕ရွိခဲ့သည့္ ကေလးငယ္သည္ ေမြးကင္းစအ ရြယ္သာရွိၿပီး ေမြးဖြားၿပီးေနာက္ လာေရာက္စြန္႔ပစ္ခဲ့ျခင္းျဖစ္ကာ လာေရာက္စြန္႔ပစ္သူကို လိုက္လံရွာေဖြေနေၾကာင္း သဃၤန္းကြၽန္း ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။

 ‘‘ကေလးအေလာင္းကို ေတာ့ စံျပေဆး႐ံုပို႔ထားပါတယ္။ ကေလးက ေမြးကတည္းက အ သက္ရွိလား၊ မရွိလားဆိုတာ ေတာ့ မသိရေသးပါဘူး။ ကြၽန္ ေတာ္တို႔ ေရာက္တဲ့အခ်ိန္မွာေတာ့ အေလာင္းကိုပဲ ေတြ႕ပါတယ္။  ျပစ္မႈက်ဴးလြန္သူကိုလည္း ရွာေဖြ ေနပါတယ္’’ဟု အဆုိပါရဲအရာရွိ က ေျပာသည္။

ကေလးငယ္ အေလာင္းကို ရန္ကင္းလမ္းေဘးတြင္ စက္တင္ဘာ ၃ ရက္ ေန႔လယ္ ၂ နာရီခန္႔တြင္ ရပ္ကြက္အတြင္း ေနထုိင္သူမ်ားက စတင္ေတြ႕ရွိျခင္းျဖစ္ၿပီး အေလာင္း လာေရာက္စြန္႔ပစ္သူကို ရာဇသတ္ႀကီးပုဒ္မ ၃၁၈ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
စွန့်ပစ်ထားသည့် မွေးကင်းစကလေးအလောင်းကို တွေ့ရစဉ် (ဓာတ်ပုံ − Zon Thi Tun Facebook)

သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက် ရန် ကင်းလမ်းဘေးတွင် မွေးကင်းစ ကလေးငယ်တစ်ဦးကို လာရောက်စွန့်ပစ်ထားပြီး ကားကြိတ်မိခဲ့၍ ဦးခေါင်းမရှိတော့ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။


သေဆုံးခဲ့သည့် ကလေးငယ် မှာ ယောက်ျားလေးဖြစ်ပြီး ကြွပ် ကြွပ်အိတ်အဖြူထဲ ထည့်ကာ လာရောက်စွန့်ပစ်ခဲ့ကာ အဆိုပါ လမ်းရှိ ခွေးတစ်ကောင်က ကိုက်ချီလာရာမှ ရပ်ကွက်အတွင်း နေထိုင်သူများ သိရှိခဲ့ခြင်းဖြစ် ကြောင်း မျက်မြင်တွေ့သူက ပြောသည်။

 ‘‘ကလေးက မွေးကင်းစ ကလေးလေးပါ။ ခွေးက ကိုက် လာမှသိတယ်။ လူတွေသိတဲ့အ ချိန် ဘယ်ကားက တက်ကြိတ် သွားလဲတော့မသိဘူး ခေါင်းမရှိ တော့ဘူး။ ဘယ်လိုမိဘတွေက မွေးပြီး အခုလိုလုပ်ကြသလဲဆို တာ မတွေးတတ်အောင် ဖြစ်ရ တယ်’’ဟု ကလေးမိခင်တစ်ဦးက ပြောသည်။

 အလောင်းတွေ့ရှိခဲ့သည့် ကလေးငယ်သည် မွေးကင်းစအ ရွယ်သာရှိပြီး မွေးဖွားပြီးနောက် လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကာ လာရောက်စွန့်ပစ်သူကို လိုက်လံရှာဖွေနေကြောင်း သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

 ‘‘ကလေးအလောင်းကို တော့ စံပြဆေးရုံပို့ထားပါတယ်။ ကလေးက မွေးကတည်းက အ သက်ရှိလား၊ မရှိလားဆိုတာ တော့ မသိရသေးပါဘူး။ ကျွန် တော်တို့ ရောက်တဲ့အချိန်မှာတော့ အလောင်းကိုပဲ တွေ့ပါတယ်။  ပြစ်မှုကျူးလွန်သူကိုလည်း ရှာဖွေ နေပါတယ်’’ဟု အဆိုပါရဲအရာရှိ က ပြောသည်။

ကလေးငယ် အလောင်းကို ရန်ကင်းလမ်းဘေးတွင် စက်တင်ဘာ ၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ရပ်ကွက်အတွင်း နေထိုင်သူများက စတင်တွေ့ရှိခြင်းဖြစ်ပြီး အလောင်း လာရောက်စွန့်ပစ်သူကို ရာဇသတ်ကြီးပုဒ်မ ၃၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top