Kantharyar Centre
×
Credit:7Day Daily
#Unicode Version
 ဂျာမနီနိုင်ငံဘာလင်မြို့တွင် စက်တင်ဘာ ၂ ရက်မှ ၇ ရက်အထိ ကျင်းပသော နည်းပညာပစ္စည်း ပြပွဲ IFA ၂၀၁၆ ၌ ဆိုနီကုမ္ပဏီက ၎င်းတို့၏ စမတ်ဖုန်းအသစ်များဖြစ် သော Xperia XZ နှင့် Xperia X Compact တို့ကို မိတ်ဆက်လိုက် သည်။
Sony Xperia XZ သည် Xp-eria X ကို အဆင့်တိုးမြှင့်ထားသော ပုံစံဖြစ်ပြီး အဓိကအနေဖြင့် ဒီဇိုင်း၊ စွမ်းဆောင်ရည်၊ ကင်မရာနှင့်ဘက်ထရီသက်တမ်းတို့ကို အဆင့်တိုးမြှင့်ထားသော စမတ်ဖုန်းဖြစ်သည်။
Xperia XZ ၏ မျက်နှာပြင် အကျယ်သည် ၅ ဒသမ ၂ လက်မ ရှိပြီး RAM မှတ်ဉာဏ် 3GB ပါရှိ ကာ Snapdragon 820 ပရိုဆက် ဆာကို သုံးထားသည်။
အတွင်းပိုင်းသိုလှောင်သိမ်း ဆည်းနိုင်မှုပမာဏ 32 GB ရှိပြီး အသေးစားမှတ်ဉာဏ်ကတ် 200 GB အထိထည့်သွင်းအသုံးပြုနိုင် သည်။ Xperia စမတ်ဖုန်းတို့၏ ထုံးစံအတိုင်း ယခု စမတ်ဖုန်းအသစ်တွင်လည်း ရေစိုခံစနစ်ပါဝင်သည်။
Xperia XZ ၏ နောက်ဘက် ကင်မရာသည် 23 MP ရှိပြီး IMX 300 အာရုံံခံကိရိယာကို အသုံးပြုထားသည်။ ထို့ပြင် အရောင်စူးစမ်းသိရှိမှုစနစ်၊ လေဆာဖြင့်အကွာအ ဝေးတိုင်းတာသောစနစ်၊ ရွေ့လျားနေသော ဝတ္ထုပစ္စည်းများကို အခြေခံနိုင်သော စနစ်တို့ပါဝင်သည်။ XZ စမတ်ဖုန်း၏ ဘက်ထရီမှာ 2900 mAh အမျိုးအစားဘက် ထရီဖြစ်ပြီး အမြန်အားသွင်းစနစ် ပါရှိသည်။
Xperia XZ စမတ်ဖုန်းများကို အနက်ရောင်၊ အပြာရောင်၊ ပ လက်တီနမ်ရောင်တို့ဖြင့် အောက် တိုဘာလဆန်းတွင် စတင် ရောင်းချမည်ဖြစ်သည်။ ဈေးနှုန်း မှာ ယူရို ၇၀၀ ခန့် ကျသင့်သည် ဟု GSM Arena သတင်းဝက်ဘ် ဆိုက်က ခန့်မှန်းထားသည်။
X Compact စမတ်ဖုန်းသည် Xperia XZ ၏ အသေးစားပုံစံစမတ် ဖုန်းဖြစ်သည်။ မျက်နှာပြင်အ ကျယ် ၄ ဒသမ ၆ လက်မရှိသော X Compact စမတ်ဖုန်းတွင် RAM မှတ်ဉာဏ် 3 GB ပါဝင်သည်။ နောက်ကင်မရာမှာ X2 ကဲ့သို့ပင် 23 MP ရှိပြီး ကင်မရာအက်ပလီ ကေးရှင်းအသစ်တစ်ခုက အလင်း တံခါးပေါက်ကို ထိန်းချုပ်ပေးမည် ဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top