Kantharyar Centre
×
Credit:VOA
#Unicode Version
 အရှေ့တောင်အာရှ ဒေသတွင် ဇီကာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်လာသည့် အခြေအနေအပေါ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က စိုးရိမ်နေကြောင်း သိရသည်။
ဘရာဇီးနှင့် တောင်အမေရိက ဒေသတွင် စတင်ဖြစ်ပွားပြီး ခြင်မှတဆင့် ကူးစက်နိုင်သည့် ရောဂါသည် ယခုအခါ ခရီးကွာဝေးစွာ ဖြတ်သန်းပြီး အရှေ့တောင်အာရှ နိုင်ငံအချို့တွင် စတင်ဖြစ်ပွားနေသည်။ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း တစ်ခုဖြစ်သည့် WHOက ဇီကာကူးစက်မှုသည် အရှေ့တောင်အာရှ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ဝန်ခံခဲ့သည်။
WHO၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ အရေးပေါ် အခြေအနေ စီမံရေးဌာန တာဝန်ခံအရာရှိ ရိုဒရီကို အော့ဖရင်းက “ရောဂါ ပျံ့နှံ့မှုတွေကို စောင့်ကြည့်ဖို့အတွက် နိုင်ငံတိုင်းမှာ ထိရောက်တဲ့ ထောက်လှမ်းမှုနဲ့ အစီရင်ခံမှု စနစ်တွေ လိုအပ်ပါလိမ့်မယ်”ဟု ဆိုသည်။ ၎င်းက “WHOဟာ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး ဇီကာဗိုင်းရပ်စ် ကူးစက်မှုကို ထောက်လှမ်းဖို့၊ ကာကွယ်ဖို့လည်း လုပ်ဆောင်ေနေပါတယ်”ဟု VOA၏ အီးမေးလ်ဖြင့် ဆက်သွယ် မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ဇီကာဗိုင်းရပ်စ်သည် သာမန်အားဖြင့် အပျော့စား တုပ်ကွေးကိုသာ ဖြစ်ပေါ်စေလေ့ ရှိသော်လည်း ကိုယ်ဝန်ဆောင်များကို ကူးစက်ပါက မွေးဖွားလာသည့် ကလေးတွင် မွေးရာပါ ဦးခေါင်းသေးငယ်သည့် ချွတ်ယွင်းမှုမျိုး ဖြစ်ပေါ်နိုင်သည့် အလားအလာ ရှိသည်ဟု ယုံကြည်ရသောကြောင့် ကမ္ဘာ့ကျန်းမာရေး ပြဿနာ တစ်ရပ်သဖွယ် စောင့်ကြည့် ခံလာရသည်။
အဆိုပါ ဗိုင်းရပ်စ်ကို အေးဒီးစ်မျိုးနွယ် ခြင်ကျားများက အဓိက သယ်ယူလေ့ရှိပြီး လက်ရှိအချိန်ထိ ကာကွယ်ဆေး မဖော်စပ်နိုင်သေးချေ။ WHOက ဇီကာကို ထိရောက်စွာ တားဆီးနိုင်မှု မရှိပါက ကမ္ဘာ့လူဦးရေ ၂.၆ ဘီလီယံမျှကို ကူးစက်နိုင်ခြေ ရှိနေပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် အဓိက ခြိမ်းခြောက်မှု ဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။
အရှေ့တောင်အာရှ နိုင်ငံများအနက် လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့တွင် ရောဂါကူးစက်မှု ရှိခဲ့ကြောင်း အတည်ပြုထားပြီး စင်ကာပူတွင် အရေအတွက် အများဆုံးအဖြစ် ၃၃၀ မျှထိ ရှိလာကြောင်း ကြေညာထားသည်။
Ref: VOAအရှေ့တောင်အာရှ ဒေသတွင် ဇီကာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်လာသည့် အခြေအနေအပေါ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က စိုးရိမ်နေကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:VOA
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top