Property Expo
×





Credit: Mizzima

#Unicode Version

မြောက်ကိုရီးယားက ယခင် နျူကလီးယား ပစ္စည်းတွေ ဖောက်ခွဲခဲ့တဲ့ နေရားအနီးမှာ "ဖြစ်နိုင်ဖွယ် ပေါက်ကွဲမှုတစ်ခု" ဖြစ်ပွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ (USGS) က သောကြာနေ့နံနက်မှာ ဖော်ပြခဲ့ပါတယ်။ ပေါက်ကွဲမှု အင်အားက ငလျင် (၅.၃) ပြင်းအားနှင့်ညီမျှပြီး ဝ.၀ ကီလိုမီတာအနက်မှာ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

မြောက်ကိုရီးယား အနောက်မြောက်ဘက် Ryanggang ဒေသမှာ ဂရင်းနစ်စံတော်ချိန် ၀၀.၃၀ မှာ "ပေါက်ကွဲမှု" ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယား ရာသီဥတုဌာနကလည်း တုန်ခါမှု (၅) ပြင်အား ငလျင်လှုပ်ရှားမှု တစ်ခုတွေ့ရှိပြီး ဆိုးလ် ကာကွယ်ရေးဝန်ကြီးဌာန ပြေရေးဆိုခွင့်ရှိသူတစ်ဦးအရ ဒါက မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသမ်းမှုအသစ်တစ်ခုကို ညွှန်ပြနိုင်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားက နောက်ဆုံး ဟိုက်ဒရိုဂျင်ဗုံးဖောက်ခွဲမှုကို ဇန်နဝါရီလက ပြုလုပ်ခဲ့ပြီး ၎င်းမှ  ၄ ကြိမ်မြောက် ဟိုက်ဒရိုဂျင်ဗုံးတစ်ခု ဖောက်ခွဲခဲ့တယ်လို့ပြောပေမယ့် နိုင်ငံတကာမှ ကျွမ်းကျင်သူအများစုကတော့ အဆိုပါ ပြောဆိုချက်ကို သံသယဖြစ်ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top