Property Expo
×
Credit : thithtoolwin
#Unicode Version
အရက် အမျိုးအစား အမျိုးမျိုးကို ကြော်ငြာတာတွေက အသက်မပြည့်သေးတဲ့ ကလေးတွေကို အရက်သောက်ဖို့ တွန်းအားပေးသလို ဖြစ်နေတာကို လေ့လာတွေ့ရှိရပါတယ်။
လေ့လာချက်အရ အရက်ကြော်ငြာတွေနဲ့ အသက်မပြည့်ပဲ အရက်သောက်သုံးမှုဟာ ဆက်စပ်နေပြီး ဘယ်လောက်တောင် လွှမ်းမိုးနိုင်တယ်ဆိုတာကို သိပ္ပံကျန်းမာအဖွဲ့အစည်းရဲ့ ပရော်ဖက်ဆာ တစ်ဦး ဖြစ်တဲ့ ဒေါက်တာ Timothy Naimi က ပြောခဲ့ပါတယ်။
‘ဝေဖန်တာတွေအရ အရက်ကြော်ငြာတွေက အသက်မပြည့်တဲ့ ကလေးတွေအပေါ်မှာ သေချာပေါက် လွှမ်းမိုးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့သောက်မသောက်နဲ့ ဘယ်လောက်အများဆုံးသောက်လဲ ဆိုတာအပေါ်မှာတော့ မဟုတ်ပါဘူး။ ’
လေ့လာမှုတွေအရဆိုရင်တော့ ဝေဖန်ချက်တွေက မှားတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုအတွင်း လွန်ခဲ့တဲ့လက အရက်သောက်ခဲ့ပါတယ်ဆိုတဲ့  အသက် ၁၃ နှစ် နဲ့ ၂၀ ကြား ဆယ်ကျော်သက်ပေါင်း ၁ ထောင်ထက်မနည်း လေ့လာခဲ့တဲ့အခါမှာ ကျန်ခဲ့တဲ့လအတွင်း အရက်ကြော်ငြာ တွေပါဝင်တဲ့ လူကြိုက်များတဲ့ TV လိုင်းတွေကို ကြည့်ခဲ့ကြတာကို တွေ့ရပါတယ်။
ဒီလိုမျိုး လေ့လာတွေ့ရှိချက်ဟာ မိဘတွေအနေနဲ့ ဆယ်ကျော်သက် သားသမီးတွေအတွက် TV ကြည့်ချိန် သတ်မှတ်ပေးရမှာ အသုံးတည့်မယ့် အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top