Kantharyar Centre
×




Credit : Duwun

#Unicode Version

 တောင်ကိုရီးယားသရုပ်ဆောင် မာဒေါင်ဆော့ကို ဟောလိဝုဒ်စတူဒီယိုတစ်ခုက စိတ်ဝင်စားနေကြောင်း Day Dream အေဂျင်စီက ပြောပါတယ်။

ဟောလိဝုဒ်ရဲ့ နာမည်ကျော်စတူဒီယိုကြီးတစ်ခုက မာဒေါင်ဆော့ကို စိတ်ဝင်စားနေပြီး တွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုထားတယ်လို့ သိရပါတယ်။ မာဒေါင်ဆော့ရဲ့ ပထမဆုံး ဟောလိဝုဒ်ပွဲထွက်ခွင့်အတွက် အတည်ပြုချက်တော့ မရသေးပါဘူး။ ဒေါင်ဆော့က အမေရိကကိုသွားရောက်တွေ့ဆုံပြီးမှ ညှိနှိုင်းတာတွေလုပ်ရမှာဖြစ်ကြောင်း အေဂျင်စီရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မာဒေါင်ဆော့ဟာ ကိုရီးယားရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေပေါင်းများစွာမှာ ပါဝင်ခဲ့ဖူးသူဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူလည်းဖြစ်ပါတယ်။ Train To Busan ရုပ်ရုပ်ထဲက ဒေါင်ဆော့ရဲ့သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေမှာ ပြုံးလည်းပြုံးရသလို ဝမ်းနည်းမှုကိုပါ ခံစားရစေတဲ့အထိ ပီပြင်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top