Property Expo
×

ၿမန္မာႏိုင္ငံမွာ ရံုတင္ျပသျပီး ေအာင္ျမင္တဲ့ ကိုရီးယားဇာတ္ကား Train To Busan ဟာဆုိရင္ အာရွတိုက္တစ္ခုလံုးမွာပါ စတင္ျပသျပီး တစ္ပတ္အတြင္း ၾကည့္ရႈသူအမ်ားအျပားနဲ႕ စံခ်ိန္ခ်ိဳးခဲ့တဲ့ ဇာတ္ကားတစ္ကားျဖစ္ပါတယ္။ ကိန္းရုပ္ရွင္ပြဲေတာ္မွာပါ ျပသခဲ့တဲ့  ဒီဇာတ္ကားဟာဆုိရင္ အျခား Zombie ဇာတ္ကားေတြနဲ႕ ကြဲထြက္ေနခဲ့ျပီး ရန္ခုန္စိတ္လႈပ္ရွားဖြယ္ရာေကာင္းသလို၊  အျခားေသာ ရသေပါင္းမ်ားစြာကို တစ္ကားထဲမွာ ခံစားႏိုင္တဲ့ ဇာတ္ကားလို႕ ဆုိရမွာပါ။ ဒီဇာတ္ကားနဲ႕ပတ္သက္ျပီး အမွတ္တရေပါင္းမ်ားစြာ ရွိၾကတဲ့ အနက္ မင္းသား Gong Yoo ကေတာ့ သူ ဒီဇာတ္ကားရိုက္ကူးေနတုန္းက Zombie ေတြ ေနရာက ၀င္သရုပ္ေဆာင္ခဲ့တဲ့ အျခား သရုပ္ေဆာင္ေတြကို တကယ္ပဲ ေၾကာက္ေနခဲ့ေၾကာင္း ဖြင့္ဟသြားပါတယ္။

"ဒီကား ရိုက္ကူးေနတုန္းက ေၾကာက္စိတ္ထည့္ျပီးေတာ့ သရုပ္ေဆာင္စရာကို မလိုပဲ က်ြန္ေတာ္တကယ္ကို ေၾကာက္ေနခဲ့တာပါ။ က်ြန္ေတာ္က ငယ္ငယ္ကတည္းက သရဲေျခာက္တဲ့အိမ္ေတြဘာေတြဆုိ ဘယ္ေတာ့မွ မသြားဘူး။ အဲ့လိုလူမ်ိဳးက Zombies ကားရုိက္ရမယ္ဆိုေတာ့ ဘယ္ေလာက္ေၾကာက္မလဲ စဥ္းစားသာၾကည့္ပါေတာ့"လုိ႕ သူက ေျပာပါတယ္။

ဒါ့အျပင္ သူက ဆက္ျပီး " က်ြန္ေတာ္တုိ႕ ဒီကားရိုက္ေနတုနး္ကဆို Zombie ေတြက က်ြန္ေတာ့္ကို ခဏခဏကို ဖမ္းမိသြားတာမ်ိဳးေတြ ရွိတယ္။ ဒါရိုက္တာက Cut ဆိုျပီး ေအာ္လိုက္တာ က်ြန္ေတာ္ကၾကားတယ္။ ဒါေပမယ့္ Zombie မင္းသားေတြက ဒါကိုမၾကားေတာ့ က်ြန္ေတာ့္ေနာက္က ဆက္ျပီးေတာ့ လိုက္ေနတာ။ အဲ့ဒါေၾကာင့္ Behind-the-scenes ေတြ ျပန္ၾကည့္ရင္ က်ြန္ေတာ္ပံုစံက တကယ့္ကို အူေၾကာင္ေၾကာင္ႏိုင္ပါတယ္"တဲ့။

Gong Yoo ဟာ သူနဲ႕အတူ ဒီဇာတ္ကားထဲ ပါ၀င္သရုပ္ေဆာင္ထားၾကတဲ့ Zombie မင္းသားေတြအေၾကာင္းကိုလည္း " က်ြန္ေတာ္တုိ႕ေတြ အတူတကြ ဒီဇာတ္ကားအတြက္ သရုပ္ေဆာင္ခဲ့ၾကတယ္။ တကယ္ေတာ့ ဇာတ္ကားမွာ ပါ၀င္ရတဲ့ ေနရာ နည္းတာမ်ားတာ မဆုိင္ပါဘူး။ ႏိုင္ငံျခားမွာဆုိရင္ Zombie ဇာတ္၀င္ခန္းေတြအတြက္ စတူဒီယိုနဲ႕ေသခ်ာေလ့က်င့္ၾကရတာပါ။ တစ္ခ်ိဳ႕ဆို ေက်ာင္းေတြဘာေတြေတာင္ တက္ထားၾကတာမ်ိဳးရွိပါတယ္။ က်ြန္ေတာ္တုိ႕ Zombie ေတြကက်ေတာ့ ကိုယ့္ဘာသာကိုယ္ပဲ ေသခ်ာေလ့လာျပီး ေလ့က်င့္ခဲ့ၾကရတာ။ အဲ့ဒါနဲ႕ပတ္သက္ျပီး စတူဒီယိုလည္း မရွိသလို၊ ကိုရီးယားမွာ ေက်ာင္းလည္း မဖြင့္ထားပါဘူး။ ဒီဇာတ္ကားအတြက္ အေကာင္းဆုံး သရုပ္ေဆာင္ေပးခဲ့ၾကတဲ့ Zombie ညီအစ္ကိုေမာင္ႏွမေတြကို က်ြန္ေတာ္ ေက်းဇူးအထူးတင္ပါတယ္"လို႕ သူက ဖြင့္ဟသြားပါတယ္။

Train To Busan ဇာတ္ကားကေတာ့ Zombie ကားတစ္ကားျဖစ္ျပီး Busan ကိုသြားတဲ့ ရထားေပၚမွာ ၾကံဳေတြ႕ရတဲ့ အျဖစ္အပ်က္ေတြ၊ Zombie ေတြနဲ႕ လူသားေတြ ထိပ္တိုက္ေတြ႕ဆံုတဲ့အခါ ကိုယ့္အသက္ရွင္သန္ဖုိ႕၊ ကိုယ္ခ်စ္ရတဲ့သူေတြ အသက္ရွင္က်န္ရစ္ဖုိ႕ ဘယ္လိုေတြ ၾကိဳးစားအားထုတ္ရုန္းကန္ခဲ့ရသလဲဆုိတာကို ရိုက္ျပထားတဲ့ ဇာတ္ကားပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

မြန်မာနိုင်ငံမှာ ရုံတင်ပြသပြီး အောင်မြင်တဲ့ ကိုရီးယားဇာတ်ကား Train To Busan ဟာဆိုရင် အာရှတိုက်တစ်ခုလုံးမှာပါ စတင်ပြသပြီး တစ်ပတ်အတွင်း ကြည့်ရှုသူအများအပြားနဲ့ စံချိန်ချိုးခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကိန်းရုပ်ရှင်ပွဲတော်မှာပါ ပြသခဲ့တဲ့  ဒီဇာတ်ကားဟာဆိုရင် အခြား Zombie ဇာတ်ကားတွေနဲ့ ကွဲထွက်နေခဲ့ပြီး ရန်ခုန်စိတ်လှုပ်ရှားဖွယ်ရာကောင်းသလို၊  အခြားသော ရသပေါင်းများစွာကို တစ်ကားထဲမှာ ခံစားနိုင်တဲ့ ဇာတ်ကားလို့ ဆိုရမှာပါ။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး အမှတ်တရပေါင်းများစွာ ရှိကြတဲ့ အနက် မင်းသား Gong Yoo ကတော့ သူ ဒီဇာတ်ကားရိုက်ကူးနေတုန်းက Zombie တွေ နေရာက ဝင်သရုပ်ဆောင်ခဲ့တဲ့ အခြား သရုပ်ဆောင်တွေကို တကယ်ပဲ ကြောက်နေခဲ့ကြောင်း ဖွင့်ဟသွားပါတယ်။

"ဒီကား ရိုက်ကူးနေတုန်းက ကြောက်စိတ်ထည့်ပြီးတော့ သရုပ်ဆောင်စရာကို မလိုပဲ ကျွန်တော်တကယ်ကို ကြောက်နေခဲ့တာပါ။ ကျွန်တော်က ငယ်ငယ်ကတည်းက သရဲခြောက်တဲ့အိမ်တွေဘာတွေဆို ဘယ်တော့မှ မသွားဘူး။ အဲ့လိုလူမျိုးက Zombies ကားရိုက်ရမယ်ဆိုတော့ ဘယ်လောက်ကြောက်မလဲ စဉ်းစားသာကြည့်ပါတော့"လို့ သူက ပြောပါတယ်။

ဒါ့အပြင် သူက ဆက်ပြီး " ကျွန်တော်တို့ ဒီကားရိုက်နေတုန်းကဆို Zombie တွေက ကျွန်တော့်ကို ခဏခဏကို ဖမ်းမိသွားတာမျိုးတွေ ရှိတယ်။ ဒါရိုက်တာက Cut ဆိုပြီး အော်လိုက်တာ ကျွန်တော်ကကြားတယ်။ ဒါပေမယ့် Zombie မင်းသားတွေက ဒါကိုမကြားတော့ ကျွန်တော့်နောက်က ဆက်ပြီးတော့ လိုက်နေတာ။ အဲ့ဒါကြောင့် Behind-the-scenes တွေ ပြန်ကြည့်ရင် ကျွန်တော်ပုံစံက တကယ့်ကို အူကြောင်ကြောင်နိုင်ပါတယ်"တဲ့။

Gong Yoo ဟာ သူနဲ့အတူ ဒီဇာတ်ကားထဲ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Zombie မင်းသားတွေအကြောင်းကိုလည်း " ကျွန်တော်တို့တွေ အတူတကွ ဒီဇာတ်ကားအတွက် သရုပ်ဆောင်ခဲ့ကြတယ်။ တကယ်တော့ ဇာတ်ကားမှာ ပါဝင်ရတဲ့ နေရာ နည်းတာများတာ မဆိုင်ပါဘူး။ နိုင်ငံခြားမှာဆိုရင် Zombie ဇာတ်ဝင်ခန်းတွေအတွက် စတူဒီယိုနဲ့သေချာလေ့ကျင့်ကြရတာပါ။ တစ်ချို့ဆို ကျောင်းတွေဘာတွေတောင် တက်ထားကြတာမျိုးရှိပါတယ်။ ကျွန်တော်တို့ Zombie တွေကကျတော့ ကိုယ့်ဘာသာကိုယ်ပဲ သေချာလေ့လာပြီး လေ့ကျင့်ခဲ့ကြရတာ။ အဲ့ဒါနဲ့ပတ်သက်ပြီး စတူဒီယိုလည်း မရှိသလို၊ ကိုရီးယားမှာ ကျောင်းလည်း မဖွင့်ထားပါဘူး။ ဒီဇာတ်ကားအတွက် အကောင်းဆုံး သရုပ်ဆောင်ပေးခဲ့ကြတဲ့ Zombie ညီအစ်ကိုမောင်နှမတွေကို ကျွန်တော် ကျေးဇူးအထူးတင်ပါတယ်"လို့ သူက ဖွင့်ဟသွားပါတယ်။

Train To Busan ဇာတ်ကားကတော့ Zombie ကားတစ်ကားဖြစ်ပြီး Busan ကိုသွားတဲ့ ရထားပေါ်မှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေ၊ Zombie တွေနဲ့ လူသားတွေ ထိပ်တိုက်တွေ့ဆုံတဲ့အခါ ကိုယ့်အသက်ရှင်သန်ဖို့၊ ကိုယ်ချစ်ရတဲ့သူတွေ အသက်ရှင်ကျန်ရစ်ဖို့ ဘယ်လိုတွေ ကြိုးစားအားထုတ်ရုန်းကန်ခဲ့ရသလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top