Property Expo
×
ဖုန်းပျောက်နေလား
TrackR ဆိုတာ ဘာလဲ
Crowd GPS
Credit : Trend Myanmar
#Unicode Version
မိမိရဲ့ သော့တွဲ၊ ပိုက်ဆံအိတ် သို့မဟုတ် ဖုန်းတွေ ပျောက်သွားတဲ့အခါ တော်တော်လေး စိတ်ပျက်လက်ပျက် ဖြစ်ကြရပါတယ်။ ဒီလိုဒုက္ခတွေ ကင်းဝေးစေဖို့အတွက် အကြွေစေ့အရွယ်သာရှိတဲ့ TrackR ကို ဘယ်ကိရိယာနဲ့မဆို တွဲဖက်ပြီး TrackR app အသုံးပြုကာ စက္ကန့်ပိုင်းအတွင်း ခြေရာခံနိုင်တော့မှာ ဖြစ်ပါတယ်။။ မိမိအိမ်နီးနားပတ်ဝန်းကျင်မှာ မေ့ကျန်ရစ်ခဲ့တဲ့ ပစ္စည်း သို့မဟုတ် ပစ္စည်းတွေ မေ့မကျန်အောင်လည်း သူက သတိပေးပါလိမ့်မယ်။
ဖုန်းပျောက်နေလား
ဖုန်းမှာ silent mode ဖွင့်ထားရင်တောင် TrackR ပေါ်က ခလုတ်လေးနိုပ်ပြီး ပျောက်နေတဲ့ ဖုန်းကို ခေါ်နိုင်ပါတယ်။   TrackR ရဲ့ Crowd GPS network က မြေပုံမှာ မိမိစက်ရဲ့ တည်နေရာကို အချိန်နဲ့တစ်ပြေးညီ ရှာဖွေပေးပါတယ်။
TrackR ဆိုတာ ဘာလဲ
TrackR က ပျောက်သွားတဲ့၊ နေရာမှားထားတဲ့ ပစ္စည်းတွေကို ရှာဖွေပေးမယ့် အရိုးစင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။
Distance Indicator (အကွာအဝေးညွှန်ပြကိရိယာ)
TrackR app က မိမိနဲ့ မိမိပစ္စည်းကြား အကွာအဝေးကို ဖော်ပြပေးကာ မိမိသော့တွဲတွေ ဘယ်နားရောက်နေလဲ သိစေပါလိမ့်မယ်။
Item Ringer (အချက်ပေးကိရိယာ)
တစ်ချက်နှိပ်ရုံဖြင့် နေရာမှားထားတဲ့ သော့တွဲကို TrackR ကနေ ခေါ်ဆိုနိုင်ပါတယ်။
Crowd GPS
နောက်ထပ် TrackR အသုံးပြုသူတစ်ယောက် ပျောက်သွားတဲ့ ပစ္စည်းစက်ကွင်းအတွင်း ရောက်တဲ့အချိန်မှာ GPS update တစ်ခု လက်ခံရရှိပါမယ်။
Separation Alert (ကွဲကွာမှုအချက်ပြ)
ဖုန်းမေ့ ပြန်ပြီလား။ 2-way separation alert က ပစ္စည်းတွေ မေ့မကျန်မီ သတိပေးပါလိမ့်မယ်။
TrackR bravo မှာ အပါးလွှာဆုံးနဲ့ တာရှည်ခံ ခြေရာခံကိရိယာအတွက် လှပတဲ့ အလီမီနီယမ်ကို   အသုံးပြုထားပါတယ်။
ပစ္စည်းတွေခြေရာခံဖို့ လွယ်ကူစေ
TrackR မှာ iPhone နဲ့ Android စမတ်ဖုန်းနှစ်ခုစလုံးအတွက် app ရှိပါတယ်။ မိမိတန်ဖိုးထားအမြတ်နိုးဆုံးပစ္စည်းတွေနဲ့ အမြဲဆက်သွယ်ပေးနိုင်အောင် ဒီလှပတဲ့ application က ပျောက်သွားတဲ့ ပစ္စည်းတွေကို အလွယ်တကူ အခြေရာခံပေးမှာ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top