Property Expo
×

ၿဗိတိန္ သရုပ္ေဆာင္ မင္းသား Tom Hiddleston နဲ႔ သံုးလၾကာ အခ်စ္ေရးကို အဆံုးသတ္ခဲ့တဲ့ နာမည္ေက်ာ္အဆိုေတာ္ Taylor Swift ဟာဆိုရင္ေတာ့ နယူးေယာက္ျမိဳ႕ရဲ႕ လမ္းမေတြေပၚမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ရွိေနခဲ့တာကို ေတြ႕ရပါတယ္။

Single ျပန္ျဖစ္သြားတာကို ေပ်ာ္ရႊင္ေနပံုေပၚၿပီး ဒီလုိပံုရိပ္ေတြဟာ သူထားရစ္ခဲ့တဲ့ ရည္းစားေဟာင္းေတြအတြက္ေတာ့ အသည္းနာစရာျဖစ္ေနပါလိမ့္မယ္။

 ပံုေတြကေတာ့ ေတလာဟာ GYM ကစားၿပီး ျပန္လာတာျဖစ္ၿပီး အနက္ေရာင္ စြပ္က်ယ္အက်ီ ၤ ၊ အညိဳေရာင္အသားကပ္ ေဘာင္းဘီ ၊ Nike shoe နဲ႔ အနီေရာင္းသမ္းတဲ့ အေႏြးထည္ကို ခါးမွာပတ္ထားခဲ့တာပါ။ ဒီပံုစံကေတာ့ သူမကိုယ္သူမ ယံုၾကည္မႈအျပည့္ရွိတဲ့ပံုကို အေတာ္ေလး ထင္ဟပ္ေစပါတယ္။

ေရွ႕နဲ႔ေနာက္ေတြမွာေတာ့ သူမရဲ႕ သက္ေတာ္ေစာင့္ေတြက ထပ္ၾကပ္မကြာလိုက္ေနပါတယ္။ Tom နဲ႔ Taylor တို႔ဟာဆိုရင္ေတာ့ ဂၽြန္လအတြင္းက စတင္ခ်စ္ႀကိဳက္ခဲ့ၾကၿပီး အံု႔ပုန္းတြဲေနရတာကို မလုိလားတဲ့ Tom Hiddleston က အခ်စ္ေရးကို ပိုၿပီး ပြင့္လင္းခ်င္တယ္လို႔ Taylor ကုိ ေျပာခဲ့တယ္လို႔ သိရပါတယ္။

Taylor ကေတာ့ လူသိရွင္ၾကားတြဲလုိက္တဲ့အခါမွာ သူမရဲ႕ ပံုရိပ္က်ဆင္းမႈေတြရွိလာႏုိင္တာေၾကာင့္ ျငင္းဆန္ခဲ့တယ္လို႔ သိရပါတယ္။ Tom Hiddleston ကေတာ့ သူတို႔ရဲ႕အခ်စ္ေရးဟာ ရွက္စရာေကာင္းစြာနဲ႔ တစ္ခန္းရပ္သြားၿပီျဖစ္တယ္လုိ႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin.com

#Unicode Version


ဗြိတိန် သရုပ်ဆောင် မင်းသား Tom Hiddleston နဲ့ သုံးလကြာ အချစ်ရေးကို အဆုံးသတ်ခဲ့တဲ့ နာမည်ကျော်အဆိုတော် Taylor Swift ဟာဆိုရင်တော့ နယူးယောက်မြို့ရဲ့ လမ်းမတွေပေါ်မှာ ပျော်ပျော်ရွှင်ရွှင်ရှိနေခဲ့တာကို တွေ့ရပါတယ်။

Single ပြန်ဖြစ်သွားတာကို ပျော်ရွှင်နေပုံပေါ်ပြီး ဒီလိုပုံရိပ်တွေဟာ သူထားရစ်ခဲ့တဲ့ ရည်းစားဟောင်းတွေအတွက်တော့ အသည်းနာစရာဖြစ်နေပါလိမ့်မယ်။

 ပုံတွေကတော့ တေလာဟာ GYM ကစားပြီး ပြန်လာတာဖြစ်ပြီး အနက်ရောင် စွပ်ကျယ်အကျီ ၤ ၊ အညိုရောင်အသားကပ် ဘောင်းဘီ ၊ Nike shoe နဲ့ အနီရောင်းသမ်းတဲ့ အနွေးထည်ကို ခါးမှာပတ်ထားခဲ့တာပါ။ ဒီပုံစံကတော့ သူမကိုယ်သူမ ယုံကြည်မှုအပြည့်ရှိတဲ့ပုံကို အတော်လေး ထင်ဟပ်စေပါတယ်။

ရှေ့နဲ့နောက်တွေမှာတော့ သူမရဲ့ သက်တော်စောင့်တွေက ထပ်ကြပ်မကွာလိုက်နေပါတယ်။ Tom နဲ့ Taylor တို့ဟာဆိုရင်တော့ ဂျွန်လအတွင်းက စတင်ချစ်ကြိုက်ခဲ့ကြပြီး အုံ့ပုန်းတွဲနေရတာကို မလိုလားတဲ့ Tom Hiddleston က အချစ်ရေးကို ပိုပြီး ပွင့်လင်းချင်တယ်လို့ Taylor ကို ပြောခဲ့တယ်လို့ သိရပါတယ်။

Taylor ကတော့ လူသိရှင်ကြားတွဲလိုက်တဲ့အခါမှာ သူမရဲ့ ပုံရိပ်ကျဆင်းမှုတွေရှိလာနိုင်တာကြောင့် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ Tom Hiddleston ကတော့ သူတို့ရဲ့အချစ်ရေးဟာ ရှက်စရာကောင်းစွာနဲ့ တစ်ခန်းရပ်သွားပြီဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin.com
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top