Property Expo
×

ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ျမဳိ  ့နယ္ ၊ ေမာ္ေတာင္းေက်းရြာအုပ္စု၊ မန္းဟန္ပေလာင္ေက်းရြာမွာ ေတာင္ယာလုပ္ငန္း လုပ္ကုိင္သူ၏ ေနအိမ္ၿခံ၀င္းအတြင္းရွိ ထင္းတဲမွ ေပါက္ကဲြအား ျမင့္မားေသာ TNT ယမ္းတုံးမ်ားႏွင့္ ေျပာက္က်ားယူနီေဖာင္းမ်ား သိမ္းဆည္းရမိေၾကာင္း သိရိွရပါသည္။



၂၀၁၆ စက္တင္ဘာလ (၁၃)ရက္ေန ့ေန႔လည္က တပ္မ(၃၃)လက္ေအာက္ခံ အမွတ္(၁၁)ေျချမန္တပ္ရင္းမွ တပ္ရင္းမွဴး ဦးစီးေသာ စစ္ေၾကာင္းမွ သတင္းအရ မူဆယ္ၿမိဳ႕နယ္၊ ေမာ္ေတာင္းေက်းရြာအုပ္စု၊ မန္းဟန္ပေလာင္ေက်းရြာေန ဦးခင္ေမာင္ဦး၏ ေနအိမ္သုိ႔ ၀င္ေရာက္ရွာေဖြရာ အိမ္ရွင္ျဖစ္သူ ဦးခင္ေမာင္ဦးအား ေနအိမ္တြင္ မေတြ႕ရွိရပဲ ဇနီးျဖစ္သူ ေဒၚအမ္ဆာ(ဘ)ဦးေမာက္ခမ္းရီ၊ အသက္(၃၃)ႏွစ္၊ ေတာင္ယာလုပ္ငန္းလုပ္ကုိင္သူအား အသင့္ေတြ႕ရွိရပါသည္။


၎ေနအိမ္ၿခံ၀င္းအတြင္းရွိ ထင္းေခ်ာင္းမ်ား သုိေလွာင္ထားရာ တဲအတြင္းမွ တစ္တုံးလွ်င္ ၂၀၀ ဂရမ္အေလးခ်ိန္ရွိ TNT-200g စာတမ္းပါ ေပါက္ကဲြအားျမင့္မားေသာ ယမ္းတုံး(၂၂)တုံး၊ T.N.L.ARMY တံဆိပ္ပါ အစိမ္းေရာင္ေျပာက္က်ား ယူနီေဖာင္းအက်ႌ(၃)ထည္၊ အစိမ္းေရာင္ေျပာက္က်ား ေဘာင္းဘီ(၁)ထည္၊ အစိမ္းေရာင္ဦးထုပ္(၃)လုံး၊ အစိမ္းေရာင္ အီေကြးမင့္(၁)ခု၊ ေက်ာပိုးအိတ္(၁)လုံး တုိ႔အား ရွာေဖြသိမ္းဆည္း ရမိခဲ့ေၾကာင္း သတင္းရရွိပါသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Nay Myo (Lashio News)

#Unicode Version
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ၊ မော်တောင်းကျေးရွာအုပ်စု၊ မန်းဟန်ပလောင်ကျေးရွာမှာ တောင်ယာလုပ်ငန်း လုပ်ကိုင်သူ၏ နေအိမ်ခြံဝင်းအတွင်းရှိ ထင်းတဲမှ ပေါက်ကွဲအား မြင့်မားသော TNT ယမ်းတုံးများနှင့် ပြောက်ကျားယူနီဖောင်းများ သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။


၂၀၁၆ စက်တင်ဘာလ (၁၃)ရက်နေ့နေ့လည်က တပ်မ(၃၃)လက်အောက်ခံ အမှတ်(၁၁)ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဦးစီးသော စစ်ကြောင်းမှ သတင်းအရ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာအုပ်စု၊ မန်းဟန်ပလောင်ကျေးရွာနေ ဦးခင်မောင်ဦး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အိမ်ရှင်ဖြစ်သူ ဦးခင်မောင်ဦးအား နေအိမ်တွင် မတွေ့ရှိရပဲ ဇနီးဖြစ်သူ ဒေါ်အမ်ဆာ(ဘ)ဦးမောက်ခမ်းရီ၊ အသက်(၃၃)နှစ်၊ တောင်ယာလုပ်ငန်းလုပ်ကိုင်သူအား အသင့်တွေ့ရှိရပါသည်။


၎င်းနေအိမ်ခြံဝင်းအတွင်းရှိ ထင်းချောင်းများ သိုလှောင်ထားရာ တဲအတွင်းမှ တစ်တုံးလျှင် ၂၀၀ ဂရမ်အလေးချိန်ရှိ TNT-200g စာတမ်းပါ ပေါက်ကွဲအားမြင့်မားသော ယမ်းတုံး(၂၂)တုံး၊ T.N.L.ARMY တံဆိပ်ပါ အစိမ်းရောင်ပြောက်ကျား ယူနီဖောင်းအကျႌ(၃)ထည်၊ အစိမ်းရောင်ပြောက်ကျား ဘောင်းဘီ(၁)ထည်၊ အစိမ်းရောင်ဦးထုပ်(၃)လုံး၊ အစိမ်းရောင် အီကွေးမင့်(၁)ခု၊ ကျောပိုးအိတ်(၁)လုံး တို့အား ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Nay Myo (Lashio News) 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top