Property Expo
×

Syphilis ကာလသားေရာဂါဆိုတာ ေရာဂါရွိသူတစ္ဦးနဲ႔ လိင္ဆက္ဆံမႈကေန ကူးစက္ေလ႔ရွိတဲ႔ ဘက္တီးရီးယား ကူးစက္ေရာဂါပါ။

Syphilis ေရာဂါကို ျဖစ္ေစတဲ႔ ဘက္တီးရီးယားကို Treponema pallidum လို႔ေခၚပါတယ္။ ေရာဂါရွိသူရဲ႕ ဒဏ္ရာနဲ႔ နီးနီးကပ္ကပ္ ထိေတြ႔မိတာမ်ိဳး၊ ေယာနိ၊ စအို ဒါမွမဟုတ္ ပါးစပ္နဲ႔ လိင္ဆက္ဆံစဥ္အတြင္း ဒါမွမဟုတ္ ေရာဂါရွိသူနဲ႔ လိင္ပစၥည္းအတု ကို ေဝငွသံုးစြဲတဲ႔ အခါမ်ိဳးမွာ ကူးစက္ေလ႔ရွိပါတယ္။

ေရာဂါရွိသူနဲ႔ အပ္တစ္ေခ်ာင္းတည္းကို မွ်ၿပီး သံုးတာကတဆင္႔လည္း Syphilis ကာလသားေရာဂါ ရႏုိင္ပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္ကတဆင္႔ ေမြးဖြားလာမယ္႔ကေလးကို ကူးဆက္ႏုိင္ပါေသးတယ္။

မကုသဘဲထားမယ္ဆိုရင္၊ မိခင္ေရာ၊ ကေလးအတြက္ပါ ဆိုးဆိုးရြားရြား က်န္းမာေရး ျပႆနာေတြ ျဖစ္ႏုိင္ပါတယ္။ ဒါမွမဟုတ္ ကိုယ္ဝန္ပ်က္က်တာ၊ အေသေမြးတာမ်ိဳး ထိျဖစ္ႏုိင္ပါတယ္။

ဒါ႔ေၾကာင္႔လဲ ကိုယ္ဝန္စစ္မႈရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ Syphilis ကာလသားေရာဂါ ရွိမရွိကို ကိုယ္ဝန္ေဆာင္မိခင္တိုင္း ေသြးစစ္ေဆးရတာပါ။

ၿဗိတိန္မွာဆိုရင္ Syphilis ကာလသားေရာဂါရွိမရွိ ေသြးလဲလွယ္မႈ အားလံုးကို စစ္ေဆးတဲ႔အတြက္၊ ေသြးလဲလွယ္မႈကေနတဆင္႔ ကူးစက္တယ္ဆိုတာ ေတာ္ေတာ္ေလးကို ရွားပါတယ္။

Syphilisကာလသားေရာဂါဟာ အိမ္သာတစ္ခုတည္း၊ အဝတ္တစ္ထည္တည္း၊ ေရခ်ိဳးခန္းတစ္ခုတည္းကို ေရာဂါရွိသူနဲ႔ မွ်သံုးတာမ်ိဳးမွာ ကူးမစက္ႏုိင္ပါဘူး။ ဒီ ဘက္တီးရီးယားက လူ႔ခႏၶာကိုယ္ အျပင္ဘက္မွာ အခ်ိန္ၾကာၾကာ မေနႏုိင္တာေၾကာင္႔ပါ။

ခပ္ေစာေစာ ကုသမယ္ဆိုရင္ ဆိုးဆိုးရြားရြား ေနာက္ဆက္တြဲေရာဂါ ျဖစ္ႏုိင္ဖို႔ အခြင္႔အေရး နည္းသြားပါတယ္။ Syphilis ကာလသားေရာဂါကို ပဋိဇီဝေဆးေတြနဲ႔ ကုသေလ႔ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
Syphilis ကာလသားရောဂါဆိုတာ ရောဂါရှိသူတစ်ဦးနဲ့ လိင်ဆက်ဆံမှုကနေ ကူးစက်လေ့ရှိတဲ့ ဘက်တီးရီးယား ကူးစက်ရောဂါပါ။

Syphilis ရောဂါကို ဖြစ်စေတဲ့ ဘက်တီးရီးယားကို Treponema pallidum လို့ခေါ်ပါတယ်။ ရောဂါရှိသူရဲ့ ဒဏ်ရာနဲ့ နီးနီးကပ်ကပ် ထိတွေ့မိတာမျိုး၊ ယောနိ၊ စအို ဒါမှမဟုတ် ပါးစပ်နဲ့ လိင်ဆက်ဆံစဉ်အတွင်း ဒါမှမဟုတ် ရောဂါရှိသူနဲ့ လိင်ပစ္စည်းအတု ကို ဝေငှသုံးစွဲတဲ့ အခါမျိုးမှာ ကူးစက်လေ့ရှိပါတယ်။

ရောဂါရှိသူနဲ့ အပ်တစ်ချောင်းတည်းကို မျှပြီး သုံးတာကတဆင့်လည်း Syphilis ကာလသားရောဂါ ရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ကတဆင့် မွေးဖွားလာမယ့်ကလေးကို ကူးဆက်နိုင်ပါသေးတယ်။

မကုသဘဲထားမယ်ဆိုရင်၊ မိခင်ရော၊ ကလေးအတွက်ပါ ဆိုးဆိုးရွားရွား ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်ဝန်ပျက်ကျတာ၊ အသေမွေးတာမျိုး ထိဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့်လဲ ကိုယ်ဝန်စစ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် Syphilis ကာလသားရောဂါ ရှိမရှိကို ကိုယ်ဝန်ဆောင်မိခင်တိုင်း သွေးစစ်ဆေးရတာပါ။

ဗြိတိန်မှာဆိုရင် Syphilis ကာလသားရောဂါရှိမရှိ သွေးလဲလှယ်မှု အားလုံးကို စစ်ဆေးတဲ့အတွက်၊ သွေးလဲလှယ်မှုကနေတဆင့် ကူးစက်တယ်ဆိုတာ တော်တော်လေးကို ရှားပါတယ်။

Syphilisကာလသားရောဂါဟာ အိမ်သာတစ်ခုတည်း၊ အဝတ်တစ်ထည်တည်း၊ ရေချိုးခန်းတစ်ခုတည်းကို ရောဂါရှိသူနဲ့ မျှသုံးတာမျိုးမှာ ကူးမစက်နိုင်ပါဘူး။ ဒီ ဘက်တီးရီးယားက လူ့ခန္ဓာကိုယ် အပြင်ဘက်မှာ အချိန်ကြာကြာ မနေနိုင်တာကြောင့်ပါ။

ခပ်စောစော ကုသမယ်ဆိုရင် ဆိုးဆိုးရွားရွား နောက်ဆက်တွဲရောဂါ ဖြစ်နိုင်ဖို့ အခွင့်အရေး နည်းသွားပါတယ်။ Syphilis ကာလသားရောဂါကို ပဋိဇီဝဆေးတွေနဲ့ ကုသလေ့ရှိပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top