Property Expo
×












#Unicode Version

တကယ်လည်း ကြံကြံဖန်ဖန်လုပ်ပြီး စီးပွားရေးဈေးကွက်ထွင်နေတဲ့ လူသားတွေပါပဲ။ ဆန်းဆန်းပြားပြားလုပ်ပြီးတော့လည်း ဈေးကွက် အောင်မြင်အောင်လို့ လုပ်ဆောင်နိုင်မယ့် စိတ်ကူးတွေလည်း သူတို့ အတွေးထဲမှာ တွေးနေတတ်ကြတာပါပဲ။

အခုလည်း ရေထဲ၊ ရွှံ့နွံထဲမှာပဲ အမြဲနေတတ်တဲ့ မိကျောင်းသတ္တဝါ တွေကို သန့်ရှင်းဆေးကြောပြီး အလှပြင်ဆင်ခြင်းတွေ ပြုလုပ်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတစ်ခု သြစတြေးလျနိုင်ငံမှာ ရှိပါတယ်။

Parap Day Spa လို့ခေါ်တဲ့ အလှပြင်ခန်းမတစ်ခုက နှစ်စဉ်တိုင်းလို လို မိကျောင်းတွေ မိတ်လိုက်တတ်တဲ့ ရာသီတိုင်းမှာ မိကျောင်း သတ္တဝါတွေအတွက် အထူးသန့်ရှင်းစင်ကြယ်၊ အလှပြင်ဆင်ပေးခြင်း တွေ ပြုလုပ်ပေးကြတယ်လို့ သိရပါတယ်။

ခန်းမက ဝန်ထမ်းအမျိုးသမီးတွေက မိကျောင်းတွေရဲ့ ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ပေးခြင်း၊ နှိပ်နယ်ပေးခြင်း၊ အလှဆီအမွှေးဆီများ လိမ်းကြံပေးခြင်း၊ ချေးနဲ့ အညစ်အကြေးများ ဖယ်ရှားပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေကိုပြုလုပ်ပေးကြပါတယ်။

အသက်ရှိတဲ့ မိကျောင်း တွေဖြစ်တာကြောင့် တစ်ခါတစ်လေမှာ တိုက်ခိုက်တာမျိုးတွေခံရ တတ်လို့ ဂရုတစိုက်နဲ့ ထိန်းသိမ်းကြရတယ်လို့ ဆိုပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top