Property Expo
×

Modern Family ၾကယ္ပြင့္ ဆိုဖီယာဗာဂါရာသည္  ေၾကးအျမင့္ဆံုးရရွိသည့္ အေမရိကန္ရုပ္ျမင္သံၾကား မင္းသမီးဆုကို ဆက္လက္ထိန္းသိမ္းထားေၾကာင္း မၾကာေသးမီက ထြက္ရွိေသာ  Forbes မဂၢဇင္းခ်မ္းသာသူမ်ားစာရင္းတြင္ ေဖာ္ျပထားသည္။

ဗာဂါရာသည္  “ Morden Family” ဇာတ္ကားတြင္ ဂလိုရီအာအျဖစ္ သရုပ္ေဆာင္မႈ ႏွင့္ အက်ိဳးအျမတ္မ်ားေသာ ေၾကာ္ျငာမ်ားေၾကာင့္ ျပီးခဲ့သည့္ ၁၂ လအတြင္း အေမရိကန္ေဒၚလာ ၄၃ သန္း ( စတာလင္ေပါင္ ၃၂ဒသမ၆သန္း) ရရွိခဲ့သည္။

Big Bagn Theory ဇာတ္ကား မင္းသမီး ေခလီကြာကိုသည္ အေမရိကန္ေဒၚလာ ၂၄ဒသမ၅သန္း ( စတာလင္ေပါင္ ၁၈ဒသမ၆သန္း)  ၀င္ေငြရရွိကာ ဒုတိယေၾကးအျမင့္ဆံုးမင္းသမီးအျဖစ္ ရပ္တည္ေနသည္။ ကြာကို ႏွင့္ ဗာဂါရာတို႕သည္  ျပီးခဲ့သည့္ႏွစ္က ၀င္ေငြအေမရိကန္ ၂၈ဒသမ၅သန္းျဖင့္ Forbes မဂၢဇင္းစာရင္းတြင္  ထိပ္တန္းေနရာမွ ပူးတြဲရပ္တည္ခဲ့သည္။

“ The Mindy Project” ဇာတ္ကား မင္းသမီး မင္ဒီကာလင္းသည္  ၀င္ေငြ အေမရိကန္ေဒၚလာ ၁၅သန္းျဖင့္ နံပါတ္ ၃ေနရာရပ္တည္ေနသည္။မင္ဒီကာလင္းသည္ ျပီးခဲ့သည့္ႏွစ္က နံပါတ္၈ေနရာတြင္ ရပ္တည္ခဲ့ၿပီး ယခုအခါ နံပါတ္၃ေနရာသို႕ ေရာက္ရွိခဲ့သည္။

မာရစ္စကာဟာဂစ္ေတးသည္ အေမရိကန္ေဒၚလာ ၁၄ဒသမ၅သန္းျဖင့္ နံပါတ္ေလးေနရာတြင္ ရပ္တည္ေနျပီး အဲလန္ပြမ္ပီအိုသည္ အေမရိကန္ေဒၚလာ ၁၄ဒသမ၅သန္းျဖင့္ နံပါတ္ငါးေနရာတြင္ ရပ္တည္ေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

 Modern Family ကြယ်ပွင့် ဆိုဖီယာဗာဂါရာသည်  ကြေးအမြင့်ဆုံးရရှိသည့် အမေရိကန်ရုပ်မြင်သံကြား မင်းသမီးဆုကို ဆက်လက်ထိန်းသိမ်းထားကြောင်း မကြာသေးမီက ထွက်ရှိသော  Forbes မဂ္ဂဇင်းချမ်းသာသူများစာရင်းတွင် ဖော်ပြထားသည်။

ဗာဂါရာသည်  “ Morden Family” ဇာတ်ကားတွင် ဂလိုရီအာအဖြစ် သရုပ်ဆောင်မှု နှင့် အကျိုးအမြတ်များသော ကြော်ငြာများကြောင့် ပြီးခဲ့သည့် ၁၂ လအတွင်း အမေရိကန်ဒေါ်လာ ၄၃ သန်း ( စတာလင်ပေါင် ၃၂ဒသမ၆သန်း) ရရှိခဲ့သည်။

Big Bagn Theory ဇာတ်ကား မင်းသမီး ခေလီကွာကိုသည် အမေရိကန်ဒေါ်လာ ၂၄ဒသမ၅သန်း ( စတာလင်ပေါင် ၁၈ဒသမ၆သန်း)  ဝင်ငွေရရှိကာ ဒုတိယကြေးအမြင့်ဆုံးမင်းသမီးအဖြစ် ရပ်တည်နေသည်။ ကွာကို နှင့် ဗာဂါရာတို့သည်  ပြီးခဲ့သည့်နှစ်က ဝင်ငွေအမေရိကန် ၂၈ဒသမ၅သန်းဖြင့် Forbes မဂ္ဂဇင်းစာရင်းတွင်  ထိပ်တန်းနေရာမှ ပူးတွဲရပ်တည်ခဲ့သည်။

“ The Mindy Project” ဇာတ်ကား မင်းသမီး မင်ဒီကာလင်းသည်  ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅သန်းဖြင့် နံပါတ် ၃နေရာရပ်တည်နေသည်။မင်ဒီကာလင်းသည် ပြီးခဲ့သည့်နှစ်က နံပါတ်၈နေရာတွင် ရပ်တည်ခဲ့ပြီး ယခုအခါ နံပါတ်၃နေရာသို့ ရောက်ရှိခဲ့သည်။

မာရစ်စကာဟာဂစ်တေးသည် အမေရိကန်ဒေါ်လာ ၁၄ဒသမ၅သန်းဖြင့် နံပါတ်လေးနေရာတွင် ရပ်တည်နေပြီး အဲလန်ပွမ်ပီအိုသည် အမေရိကန်ဒေါ်လာ ၁၄ဒသမ၅သန်းဖြင့် နံပါတ်ငါးနေရာတွင် ရပ်တည်နေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top