Property Expo
×

ငလ်င္ဒဏ္ေၾကာင့္ ထိ ခုိက္ပ်က္စီးေသာ ပုဂံဘုရားမ်ား  ျပန္လည္ျပဳျပင္ရန္ SMS မွ တစ္ ဆင့္ လွဴဒါန္းႏုိင္မည့္ အစီအစဥ္ တစ္ခုကို စက္တင္ဘာ ၉ ရက္က စ၍ ျပဳလုပ္ေပးေနၿပီျဖစ္ေၾကာင္း  ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္း (MPT) က သတင္းထုတ္ျပန္သည္။

‘‘SMS မွတစ္ဆင့္ လွဴဒါန္း ေငြလက္ခံဌာနကို ဖြင့္လွစ္လုိက္ ပါၿပီ။ အကူအညီအေထာက္အပံ့ ေတြကို ႏုိင္ငံနဲ႔တစ္၀န္းလက္ခံရ ရွိလိမ့္မယ္ဆုိတာ ေသခ်ာပါတယ္။ MPT သံုးစဲြတဲ့ျပည္သူေတြရဲ႕ ေစ တနာသဒၶါတရားတို႔နဲ႔ ျမန္မာ့ယဥ္ ေက်းမႈအေမြအႏွစ္မ်ားကိုပါ ကာ ကြယ္ ေစာင့္ေရွာက္သြားႏုိင္လိမ့္ မယ္လို႔ ယံုၾကည္ပါတယ္’’ဟု MPT-KSGM  အမႈေဆာင္အရာရွိ ခ်ဳပ္ Mr.Takashi Nagashima က ေျပာသည္။

ပုဂံဘုရားမ်ားအတြက္ SMS မွတစ္ဆင့္ လွဴဒါန္းမႈမ်ားကို စက္ တင္ဘာ ၉ ရက္မွ ေအာက္တိုဘာ ၃၁ ရက္အထိ လက္ခံေပးမည္ျဖစ္ ၿပီး လွဴဒါန္းလိုသူမ်ားသည္ GSM/ WCDMA အသံုးျပဳသူမ်ားျဖစ္ပါ က SMS နံပါတ္ 2001 သို႔ 500 ဟု ပိ႔ုေပးႏုိင္ကာ၊ CDMA အသံုး ျပဳသူမ်ားျဖစ္ပါက SMS နံပါတ္ 3001 သို႔ 500 ဟု ပို႔ေပးလုိက္ပါ က ဖုန္းဘီလ္အတြင္းမွ ၅၀၀ က်ပ္ကို ျဖတ္ေတာက္မည္ျဖစ္ၿပီး အဆုိပါပမာဏထက္ပို၍ လွဴ ဒါန္းလိုပါကလည္း ဖုန္းဘီလ္ လက္က်န္ရွိသေလာက္ လွဴဒါန္း ႏုိင္ေၾကာင္း MPT က သတင္း ထုတ္ျပန္သည္။

SMS ျဖင့္ အလွဴေငြေကာက္ ခံသည့္စနစ္ကို ယခင္ႏွစ္က ေရ ေဘးတြင္ စမ္းသပ္ျပဳလုပ္ရာ၌ ျမန္မာက်ပ္ေငြ က်ပ္သိန္း ၃,၀၀၀ ခန္႔အထိ ေကာက္ခံရရွိခဲ့၍ ယခု ငလ်င္ဒဏ္ခံဘုရားမ်ား ျပန္လည္ ျပဳျပင္ရန္ အလွဴေငြေကာက္ခံျခင္း ကိုလည္း အဆိုပါစနစ္ကုိ ျပန္ လည္ အသံုးျပဳျခင္းျဖစ္ေၾကာင္း MPT က ဆုိသည္။

SMS မွရရွိေသာ လွဴဒါန္းေငြ မ်ားကို သက္ဆိုင္ရာအစိုးရဌာန မ်ားႏွင့္ အစိုးရမဟုတ္ေသာ NGO အဖဲြ႕အစည္းမ်ားသို႔ လႊဲေျပာင္း လွဴဒါန္းေပးမႈႏွင့္ ပတ္သက္၍ အ ခ်က္အလက္မ်ား ထုတ္ျပန္ေပးမည္ျဖစ္ေၾကာင္း MPT မွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ငလျင်ဒဏ်ကြောင့် ထိ ခိုက်ပျက်စီးသော ပုဂံဘုရားများ  ပြန်လည်ပြုပြင်ရန် SMS မှ တစ် ဆင့် လှူဒါန်းနိုင်မည့် အစီအစဉ် တစ်ခုကို စက်တင်ဘာ ၉ ရက်က စ၍ ပြုလုပ်ပေးနေပြီဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) က သတင်းထုတ်ပြန်သည်။

‘‘SMS မှတစ်ဆင့် လှူဒါန်း ငွေလက်ခံဌာနကို ဖွင့်လှစ်လိုက် ပါပြီ။ အကူအညီအထောက်အပံ့ တွေကို နိုင်ငံနဲ့တစ်ဝန်းလက်ခံရ ရှိလိမ့်မယ်ဆိုတာ သေချာပါတယ်။ MPT သုံးစွဲတဲ့ပြည်သူတွေရဲ့ စေ တနာသဒ္ဓါတရားတို့နဲ့ မြန်မာ့ယဉ် ကျေးမှုအမွေအနှစ်များကိုပါ ကာ ကွယ် စောင့်ရှောက်သွားနိုင်လိမ့် မယ်လို့ ယုံကြည်ပါတယ်’’ဟု MPT-KSGM  အမှုဆောင်အရာရှိ ချုပ် Mr.Takashi Nagashima က ပြောသည်။

ပုဂံဘုရားများအတွက် SMS မှတစ်ဆင့် လှူဒါန်းမှုများကို စက် တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ လက်ခံပေးမည်ဖြစ် ပြီး လှူဒါန်းလိုသူများသည် GSM/ WCDMA အသုံးပြုသူများဖြစ်ပါ က SMS နံပါတ် 2001 သို့ 500 ဟု ပိ့ုပေးနိုင်ကာ၊ CDMA အသုံး ပြုသူများဖြစ်ပါက SMS နံပါတ် 3001 သို့ 500 ဟု ပို့ပေးလိုက်ပါ က ဖုန်းဘီလ်အတွင်းမှ ၅၀၀ ကျပ်ကို ဖြတ်တောက်မည်ဖြစ်ပြီး အဆိုပါပမာဏထက်ပို၍ လှူ ဒါန်းလိုပါကလည်း ဖုန်းဘီလ် လက်ကျန်ရှိသလောက် လှူဒါန်း နိုင်ကြောင်း MPT က သတင်း ထုတ်ပြန်သည်။

SMS ဖြင့် အလှူငွေကောက် ခံသည့်စနစ်ကို ယခင်နှစ်က ရေ ဘေးတွင် စမ်းသပ်ပြုလုပ်ရာ၌ မြန်မာကျပ်ငွေ ကျပ်သိန်း ၃,၀၀၀ ခန့်အထိ ကောက်ခံရရှိခဲ့၍ ယခု ငလျင်ဒဏ်ခံဘုရားများ ပြန်လည် ပြုပြင်ရန် အလှူငွေကောက်ခံခြင်း ကိုလည်း အဆိုပါစနစ်ကို ပြန် လည် အသုံးပြုခြင်းဖြစ်ကြောင်း MPT က ဆိုသည်။

SMS မှရရှိသော လှူဒါန်းငွေ များကို သက်ဆိုင်ရာအစိုးရဌာန များနှင့် အစိုးရမဟုတ်သော NGO အဖွဲ့အစည်းများသို့ လွှဲပြောင်း လှူဒါန်းပေးမှုနှင့် ပတ်သက်၍ အ ချက်အလက်များ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း MPT မှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top