Kantharyar Centre
×

အလုံၿမဳိ႕နယ္၊ အလုံလမ္းႏွင့္ ကမ္းနားလမ္းေထာင့္ရွိ Sky Way Entertainment Club တြင္ ဝန္ထမ္းအမ်ဳိးသားကို ဓားျဖင့္ခုတ္၍ ေငြက်ပ္ သိန္း ၂၀ လုယက္ခဲ့သည့္အဖြဲ႔မွ အဖြဲ႔ေခါင္းေဆာင္ဟုဆိုေသာ အမ်ဳိးသားမွာ လြတ္ေျမာက္ေနေၾကာင္း ယင္းၿမဳိ႕နယ္ရဲတပ္ဖြဲ႔ထံမွ သိရွိရသည္။

“လုယက္မႈျဖစ္တဲ့ ကလပ္ထဲက CCTV မွတ္တမ္းေတြအရ လုယက္သူေတြရဲ႕ ဓာတ္ပုံေတြ ရထားတယ္၊ မသကၤာသူ သုံးေယာက္ကို ဖမ္းမိထားေပမယ့္ လြတ္ေျမာက္ေနတဲ့ အမ်ဳိးသား သုံးေယာက္ထဲမွာ ေခါင္းေဆာင္ျဖစ္သူ ပါေနတယ္၊ အျမန္ဆုံး ဖမ္းမိေအာင္ နယ္ေျမစခန္းေတြ ခ်ိတ္ဆက္စုံစမ္းေနတယ္” ဟု အလုံၿမဳိ႕မ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။

အဆိုပါ လုယက္သည့္ အဖြဲ႔မွာ စက္တင္ဘာလ ၇ ရက္ နံနက္ ၂ နာရီက Sky Way ကလပ္ အတြင္းသို႔ တုတ္၊ ဓား၊ ေလးခြမ်ား ကိုင္ေဆာင္၍ ဝင္ေရာက္လာၿပီး ေငြသိမ္းေကာင္တာမွ က်ပ္သိန္း ၂၀ ကို လုယူ၍ ဆိုင္ရွိ အသက္ ၁၉ ႏွစ္အ႐ြယ္ ဝန္ထမ္းအမ်ဳိးသား၏ လက္ကို ဓားျဖင့္ ခုတ္ခဲ့ေၾကာင္း၊ ယင္းေနာက္ လုယက္သည့္အဖြဲ႔မွ ဆိုင္အတြင္းသို႔ ေလးခြမ်ားျဖင့္ ပစ္ခတ္ခဲ့ေသာေၾကာင့္ ဝန္ထမ္းအမ်ဳိးသားႏွစ္ဦး ေပါက္ၿပဲဒဏ္ရာ ရရွိခဲ့ေၾကာင္း အမႈဖြင့္တိုင္ၾကားခ်က္မ်ားအရ အလုံၿမဳိ႕မ ရဲစခန္းထံမွ သိရွိရသည္။

လုယက္မႈ က်ဴးလြန္ၿပီးေနာက္ ထြက္ေျပးတိမ္းေရွာင္သည့္ ၎တို႔အဖြဲ႔မွ အသက္ ၂၈ ႏွစ္ အ႐ြယ္ရွိ အမ်ဳိးသားတစ္ဦးကို Sky Way ကလပ္အနီး အငွားယာဥ္တစ္စီးေပၚတြင္ ဓားရွည္တစ္ေခ်ာင္းႏွင့္အတူ ရဲတပ္ဖြဲ႔က ဖမ္းမိခဲ့ၿပီး က်န္လြတ္ေျမာက္ေနသူမ်ားကို ဆက္လက္ရွာေဖြခဲ့ရာ ၾကည့္ျမင္တိုင္ တစ္ဖက္ကမ္းရွိ စက္ဆန္းရပ္ကြက္တြင္ အမ်ဳိးသားႏွစ္ဦးကို ထပ္မံဖမ္းမိခဲ့ေၾကာင္း အလုံၿမဳိ႕မ ရဲစခန္းမွဴး ဒုရဲမွဴးတင္လွက ေျပာၾကားသည္။

“အခင္းျဖစ္ခ်ိန္ ရဲတပ္ဖြဲ႔က အခ်ိန္မီ ေရာက္ခဲ့ေပမယ့္ အမ်ဳိးသားသုံးေယာက္က ဒိုင္နာကားတစ္စီးကို ဓားေထာက္ၿခိမ္းေျခာက္ၿပီး ေမာင္းေျပးသြားတယ္၊ တကၠစီကားေပၚ တက္ေျပးတဲ့ တစ္ေယာက္ပဲ ဖမ္းမိခဲ့တယ္” ဟု ၎က ဆက္လက္ေျပာၾကားသည္။

လက္နက္မ်ား ကိုင္ေဆာင္၍ ကလပ္အတြင္း ဝင္ေရာက္လုယက္ခဲ့သည့္  အမ်ဳိးသားေလးဦးမွာ ယင္းညက အဆိုပါဆိုင္သို႔ လာေရာက္စဥ္ ဆိုင္ဝန္ထမ္းမ်ားႏွင့္ ႏွစ္ဖက္စကားမ်ား ရန္ျဖစ္ခဲ့ၿပီးေနာက္  ျပန္ထြက္သြားရာမွ တုတ္၊ ဓား၊ ေလးခြ မ်ား ကိုင္ေဆာင္ၿပီး ဆိုင္သို႔ ထပ္မံလာေရာက္ကာ ေငြသိမ္းေကာင္တာရွိ အံဆြဲထဲမွ က်ပ္ သိန္း ၂၀ ကို လုယက္ခဲ့ေၾကာင္း အလုံၿမဳိ႕နယ္ ရဲတပ္ဖြဲ႔ထံမွ သိရွိရသည္။       

ဖိုးသူေတာ္ (www.phothutaw.com)
Credit: the voice

#Unicode Version

အလုံမြို့နယ်၊ အလုံလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ Sky Way Entertainment Club တွင် ဝန်ထမ်းအမျိုးသားကို ဓားဖြင့်ခုတ်၍ ငွေကျပ် သိန်း ၂၀ လုယက်ခဲ့သည့်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်ဟုဆိုသော အမျိုးသားမှာ လွတ်မြောက်နေကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“လုယက်မှုဖြစ်တဲ့ ကလပ်ထဲက CCTV မှတ်တမ်းတွေအရ လုယက်သူတွေရဲ့ ဓာတ်ပုံတွေ ရထားတယ်၊ မသင်္ကာသူ သုံးယောက်ကို ဖမ်းမိထားပေမယ့် လွတ်မြောက်နေတဲ့ အမျိုးသား သုံးယောက်ထဲမှာ ခေါင်းဆောင်ဖြစ်သူ ပါနေတယ်၊ အမြန်ဆုံး ဖမ်းမိအောင် နယ်မြေစခန်းတွေ ချိတ်ဆက်စုံစမ်းနေတယ်” ဟု အလုံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ လုယက်သည့် အဖွဲ့မှာ စက်တင်ဘာလ ၇ ရက် နံနက် ၂ နာရီက Sky Way ကလပ် အတွင်းသို့ တုတ်၊ ဓား၊ လေးခွများ ကိုင်ဆောင်၍ ဝင်ရောက်လာပြီး ငွေသိမ်းကောင်တာမှ ကျပ်သိန်း ၂၀ ကို လုယူ၍ ဆိုင်ရှိ အသက် ၁၉ နှစ်အရွယ် ဝန်ထမ်းအမျိုးသား၏ လက်ကို ဓားဖြင့် ခုတ်ခဲ့ကြောင်း၊ ယင်းနောက် လုယက်သည့်အဖွဲ့မှ ဆိုင်အတွင်းသို့ လေးခွများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဝန်ထမ်းအမျိုးသားနှစ်ဦး ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်များအရ အလုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။

လုယက်မှု ကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်သည့် ၎င်းတို့အဖွဲ့မှ အသက် ၂၈ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးကို Sky Way ကလပ်အနီး အငှားယာဉ်တစ်စီးပေါ်တွင် ဓားရှည်တစ်ချောင်းနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီး ကျန်လွတ်မြောက်နေသူများကို ဆက်လက်ရှာဖွေခဲ့ရာ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ စက်ဆန်းရပ်ကွက်တွင် အမျိုးသားနှစ်ဦးကို ထပ်မံဖမ်းမိခဲ့ကြောင်း အလုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးတင်လှက ပြောကြားသည်။

“အခင်းဖြစ်ချိန် ရဲတပ်ဖွဲ့က အချိန်မီ ရောက်ခဲ့ပေမယ့် အမျိုးသားသုံးယောက်က ဒိုင်နာကားတစ်စီးကို ဓားထောက်ခြိမ်းခြောက်ပြီး မောင်းပြေးသွားတယ်၊ တက္ကစီကားပေါ် တက်ပြေးတဲ့ တစ်ယောက်ပဲ ဖမ်းမိခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်နက်များ ကိုင်ဆောင်၍ ကလပ်အတွင်း ဝင်ရောက်လုယက်ခဲ့သည့်  အမျိုးသားလေးဦးမှာ ယင်းညက အဆိုပါဆိုင်သို့ လာရောက်စဉ် ဆိုင်ဝန်ထမ်းများနှင့် နှစ်ဖက်စကားများ ရန်ဖြစ်ခဲ့ပြီးနောက်  ပြန်ထွက်သွားရာမှ တုတ်၊ ဓား၊ လေးခွ များ ကိုင်ဆောင်ပြီး ဆိုင်သို့ ထပ်မံလာရောက်ကာ ငွေသိမ်းကောင်တာရှိ အံဆွဲထဲမှ ကျပ် သိန်း ၂၀ ကို လုယက်ခဲ့ကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။       

ဖိုးသူတော် (www.phothutaw.com)
Credit: the voice
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top