Property Expo
×

ဘဝမွာ ကိစၥအေတာ္မ်ားမ်ားကို ျပဳလုပ္ဖို႔ အသင့္ေတာ္ဆံုးအခ်ိန္ဟာ အသက္ ၃၀ အ႐ြယ္ဝန္းက်င္လို႔ ဆိုပါတယ္။ အသက္ ၃၀ အ႐ြယ္မွာ သင္မစြံေသးဘူးဆိုရင္လည္း စိတ္မပူပါနဲ႔။

အခ်ိဳ႕ကေတာ့ တမင္ကို တစ္ကိုယ္တည္းျဖစ္ေအာင္ ေနၾကတာပါ။  အသက္ ၃၀ အ႐ြယ္မွာ Single ျဖစ္ေနေသးတာ ေကာင္းတဲ့အခ်က္ (၇) ခ်က္ရွိပါတယ္။

၁။ ကိုယ့္ဆံုးျဖတ္ခ်က္နဲ႔ကိုယ္

လုပ္ခ်င္တာ တစ္ခုခုဆို သူမွ သေဘာတူပါ့မလား စိုးရိမ္ေနစရာ မလိုပါဘူး။ ကိုယ့္ဆံုးျဖတ္ခ်က္နဲ႔ကိုယ္လုပ္ႏိုင္ပါတယ္။

၂။ စိတ္ပူစရာမလို

ေသာကကင္းတဲ့ ခ်စ္ျခင္းက ရွိေပမယ့္ ရွားပါတယ္။ ဒီအခ်ိန္မွာ တကိုယ္တည္းဆိုရင္သင့္ရဲ႕ ေသာကေတြ တစ္ဝက္ေလာက္ေတာ့ ကင္းေနမွာပါ။

၃။ ကဲလို႔ရေသး

တစ္ကိုယ္တည္းသမားေတြကို အထင္ေတာ့မေသးလိုက္ပါနဲ႔။ ဟိုမေရာက္ ဒီမေရာက္ေလးေတြဟာ တစ္ခ်ိန္တည္းမွာ ႏွစ္ေယာက္ သံုးေယာက္ ရွိေနတတ္ပါတယ္။

၄။ သူငယ္ခ်င္းေတြနဲ႔ အဆက္မျပတ္

သင့္သူငယ္ခ်င္းေတြနဲ႔လည္း အလုပ္အားရင္ ႀကိဳက္တဲ့အခ်ိန္ေတြ႔လို႔ရပါတယ္။ အိမ္ေထာင္ရွင္ သူငယ္ခ်င္းေတြဟာ သင့္ကိုေတာင္ အားက်ခ်င္အားက်ေနမွာပါ။

၅။ ေငြပိုရွိလာ

အသက္ ၃၀ အ႐ြယ္ဆိုေတာ့ သင္လည္း ေငြကို အထိုက္အသင့္ ရွာႏုိင္တဲ့သူျဖစ္ေနပါၿပီ။ ဆယ္ေက်ာ္သက္တုန္းကလိုလည္း ေငြမရွားေတာ့ပါဘူး။ ကိုယ့္အတြက္ပဲ သံုးစရာရွိေတာ့ သင္ဟာ အမ်ားနဲ႔ယွဥ္ရင္ သူေဌးတစ္ေယာက္ပါ။

၆။ အားလပ္ရက္ေတြမ်ား

ႏွစ္သစ္ကူးလို ႐ံုးရက္ရွည္ပိတ္ရက္ေတြမွာ သင့္စိတ္ႀကိဳက္ အစီအစဥ္ဆြဲလို႔ရပါတယ္။ ဟိုမသြားနဲ႔ ဒီမသြားနဲ႔ တားမယ့္သူမရွိပါဘ။ မိဘအိမ္ျပန္ခ်င္လည္း ေအးေဆးပါပဲ။

၇။ ေခါင္းေခါက္ေ႐ြးလို႔ရ

အသက္ ၃၀ အ႐ြယ္ဆိုတာ ေရွ႕မီေနာက္မီအ႐ြယ္ပါ။ ငယ္တာလည္း ေ႐ြးလို႔ သင့္ေတာ္သလို ႀကီးတာလည္း ေ႐ြးလို႔ သင့္ေတာ္ပါတယ္။ ဒီအ႐ြယ္ထက္ ပိုေကာင္းတဲ့အ႐ြယ္ မရွိႏုိင္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဘဝမှာ ကိစ္စအတော်များများကို ပြုလုပ်ဖို့ အသင့်တော်ဆုံးအချိန်ဟာ အသက် ၃၀ အရွယ်ဝန်းကျင်လို့ ဆိုပါတယ်။ အသက် ၃၀ အရွယ်မှာ သင်မစွံသေးဘူးဆိုရင်လည်း စိတ်မပူပါနဲ့။

အချို့ကတော့ တမင်ကို တစ်ကိုယ်တည်းဖြစ်အောင် နေကြတာပါ။  အသက် ၃၀ အရွယ်မှာ Single ဖြစ်နေသေးတာ ကောင်းတဲ့အချက် (၇) ချက်ရှိပါတယ်။

၁။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်

လုပ်ချင်တာ တစ်ခုခုဆို သူမှ သဘောတူပါ့မလား စိုးရိမ်နေစရာ မလိုပါဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်လုပ်နိုင်ပါတယ်။

၂။ စိတ်ပူစရာမလို

သောကကင်းတဲ့ ချစ်ခြင်းက ရှိပေမယ့် ရှားပါတယ်။ ဒီအချိန်မှာ တကိုယ်တည်းဆိုရင်သင့်ရဲ့ သောကတွေ တစ်ဝက်လောက်တော့ ကင်းနေမှာပါ။

၃။ ကဲလို့ရသေး

တစ်ကိုယ်တည်းသမားတွေကို အထင်တော့မသေးလိုက်ပါနဲ့။ ဟိုမရောက် ဒီမရောက်လေးတွေဟာ တစ်ချိန်တည်းမှာ နှစ်ယောက် သုံးယောက် ရှိနေတတ်ပါတယ်။

၄။ သူငယ်ချင်းတွေနဲ့ အဆက်မပြတ်

သင့်သူငယ်ချင်းတွေနဲ့လည်း အလုပ်အားရင် ကြိုက်တဲ့အချိန်တွေ့လို့ရပါတယ်။ အိမ်ထောင်ရှင် သူငယ်ချင်းတွေဟာ သင့်ကိုတောင် အားကျချင်အားကျနေမှာပါ။

၅။ ငွေပိုရှိလာ

အသက် ၃၀ အရွယ်ဆိုတော့ သင်လည်း ငွေကို အထိုက်အသင့် ရှာနိုင်တဲ့သူဖြစ်နေပါပြီ။ ဆယ်ကျော်သက်တုန်းကလိုလည်း ငွေမရှားတော့ပါဘူး။ ကိုယ့်အတွက်ပဲ သုံးစရာရှိတော့ သင်ဟာ အများနဲ့ယှဉ်ရင် သူဌေးတစ်ယောက်ပါ။

၆။ အားလပ်ရက်တွေများ

နှစ်သစ်ကူးလို ရုံးရက်ရှည်ပိတ်ရက်တွေမှာ သင့်စိတ်ကြိုက် အစီအစဉ်ဆွဲလို့ရပါတယ်။ ဟိုမသွားနဲ့ ဒီမသွားနဲ့ တားမယ့်သူမရှိပါဘ။ မိဘအိမ်ပြန်ချင်လည်း အေးဆေးပါပဲ။

၇။ ခေါင်းခေါက်ရွေးလို့ရ

အသက် ၃၀ အရွယ်ဆိုတာ ရှေ့မီနောက်မီအရွယ်ပါ။ ငယ်တာလည်း ရွေးလို့ သင့်တော်သလို ကြီးတာလည်း ရွေးလို့ သင့်တော်ပါတယ်။ ဒီအရွယ်ထက် ပိုကောင်းတဲ့အရွယ် မရှိနိုင်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top