Property Expo
×





Credit:Thit Htoo Lwin

#Unicode Version
ဖန်တီးမှုအားကောင်းတဲ့ အနုပညာရှင်နှစ်ဦးဖြစ်တဲ့ Sia နဲ့ Kendrick Lamar တို့ ပူးပေါင်းဖန်တီးထားတဲ့ The Greatest သီချင်းကတော့ ထွက်ရှိလို့လာခဲ့ပါပြီ။

“I’m free to be the greatest here tonight,”  “Don’t give up, I won’t give up.” စတဲ့ စာသားတွေကို Sia က အစချီသီဆိုထားပြီး Kendrick ကတော့ “Hey, I am the truth,” he rhymes. “Hey, I am the wisdom of the fallen, I’m the youth / Hey, I am the greatest / Hey, this is the proof / Hey, I work hard, pray hard, pay dues / Hey, I transform with pressure / I’m hands-on with effort / I fell twice before / My bounce back was special.” စတဲ့ Verse ကို သီဆိုပေးထားတာပါ။

Apple Music မှာ ဒီသီချင်းကို ဝယ်ယူနားဆင်နိုင်ပြီဖြစ်ပြီး Youtube မှာလည်း ဒီသီချင်းရဲ့ ဗီဒီယိုကို လွှင့်တင်ပေးထားပြီဖြစ်ပါတယ်။ သီချင်းဗီဒီယိုကိုတော့ Sia နဲ့ Daniel Askill တို့က ဒါရိုက်တာလုပ် ရိုက်ကူးထားတာဖြစ်ပြီး Sia ရဲ့ “Chandelier,” “Elastic Heart,” နဲ့ “Cheap Thrills” စတဲ့ သီချင်းဗီဒီယိုတွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဆယ်ကျော်သက် dancer မလေး Maddie Ziegler က ပါဝင်သရုပ်ဆောင်ပေးထားတာပဲဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ အော်လန်ဒိုပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ ဓားစာခံတွေအတွက် ဂုဏ်ပြုသီဆိုထားဖြစ်ပြီး သေဆုံးခဲ့ရသူတွေဟာ အမြဲတမ်း The Greatest တွေပဲဖြစ်တယ်လို့ သီဆိုထားတာပါ။ သီချင်းဗီဒီယိုမှာတော့ Kendrick Lamar သီဆိုထားတဲ့ Rap Verse ကို ချန်လှပ်ထားတာကိုလည်း တွေ့ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top