Property Expo
×




Credit : Duwun


#Unicode Version

သိပ်မကြာတော့တဲ့ အနာဂတ်မှာ လူသားတွေဟာ လိင်မှုရေးရာစက်ရုပ်တွေနဲ့ အတူနေရတာကို စွဲလန်းနှစ်သက်လာမှာ သေချာတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းလိုက်ပါတယ်။ လူသားအချင်းချင်း ချစ်ကြိုက်ရတာထက် လိင်မှုရေးရာအရုပ်တွေ၊ စက်ရုပ်တွေနဲ့ နေရတာကို ပိုပြီး နှစ်သက်လာကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Sex Robot တွေကို ဖြစ်စေချင်တဲ့အတိုင်း ပရိုဂရမ်စွဲထားလို့ ရတဲ့အတွက် လူသားတွေ ဘာလိုအပ်သလဲဆိုတာကို သိရှိပြီး ဖြည့်စွမ်းပေးနိုင်ကြလိမ့်မယ်လို့ ဆိုပါတယ်။ နောက်ထပ်အားသာချက်က Sex Robot တွေဟာ လူသားတွေလို စိတ်သဘောထားပြောင်းလဲနေမှာ မဟုတ်တဲ့အတွက် လူသားတွေ အလိုရှိရာ မငြင်းဆန်ကြမှာ ဖြစ်သလို အမြဲတမ်းလည်း အဆင့်သင့် ဖြစ်နေကြတဲ့ အချက်က အားသာချက် ဖြစ်လာမယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု လိုဝါပြည်နယ်က ကာ့က်ဝုဒ်ကောလိပ်မှာရှိတဲ့ စက်ရုပ်နည်းပညာ ကျွမ်းကျင်သူ ဂျိုဝယ်လ်စနဲက အခုလို ခန့်မှန်းထားတာဖြစ်ပါတယ်။ ၂၀၅၀ ရောက်တဲ့အခါ လူသားတွေအကြား Sex Robot ထားရှိခြင်းဟာ အထူးအဆန်း မဟုတ်တော့ပဲ  ပြုလုပ်နေကြ အရာတစ်ခု ဖြစ်လာမယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top