Property Expo
×

 ေတာင္ကိုရီးယားအဆိုေတာ္ Se7en ႏွင့္ သရုပ္ေဆာင္ မင္းသမီး လီဒါေဟးတို႔ႏွစ္ဦး တြဲေနျပီျဖစ္ေၾကာင္း ၎တို႔၏ ေအဂ်င္စီမ်ားက အတည္ျပဳ ေျပာၾကားခဲ့ေၾကာင္း သတင္းတစ္ရပ္တြင္ ေဖာ္ျပထားသည္။

Se7en ႏွင့္ လီဒါေဟးတုိ႔သည္ သက္တူရြယ္တူမ်ားျဖစ္ျပီး  သူငယ္ခ်င္းအရင္းၾကီးမ်ားျဖစ္ေၾကာင္း ႏွင့္ ယခုအခါ ၎တို႔ႏွစ္ဦးတြဲေနသည္မွာ တစ္ႏွစ္ေက်ာ္ ရွိေနျပီျဖစ္ေၾကာင္း စက္တင္ဘာ ၇ရက္က ထုတ္ျပန္ေသာ အစီရင္ခံစာတြင္ ေျပာၾကားထားသည္။

“ လီဒါေဟး နဲ႔ Se7en တို႔ဟာ သက္တူရြယ္တူ သူငယ္ခ်င္းေတြျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ ခ်စ္သူေတြျဖစ္ေနပါျပီ။ ပရိတ္သတ္ေတြအေနနဲ႔ သူတို႔ႏွစ္ဦးရဲ႕ ဆက္ဆံေရးကို ေႏြးေႏြးေထြးေထြးၾကိဳဆိုေပးပါ။  သူတို႔ရဲ႕ အႏုပညာ လႈပ္ရွားမႈေတြကိုလည္း ဆက္လက္ျပီး အားေပးၾကပါ” ဟု လီဒါေဟး၏ ေအဂ်င္စီ JS Pictures က ေျပာၾကားသည္။

“  သူတို႔ႏွစ္ဦးဟာ တြဲေနတာ လေပါင္းမ်ာစြာၾကာေနပါျပီ။ ကၽြန္ေတာ္တို႔ရဲ႕ အႏုပညာရွင္ေတြကို ခ်စ္တဲ့ ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္။  ပရိသတ္ေတြအေနနဲ႔ Se7en ကို  ေႏြးေထြးစြာၾကိဳဆိုေပးပါ။ ဆက္လက္အားေပးၾကပါ”ဟု  Se7en ၏ ေအဂ်င္စီ ELEVEN9က ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

 တောင်ကိုရီးယားအဆိုတော် Se7en နှင့် သရုပ်ဆောင် မင်းသမီး လီဒါဟေးတို့နှစ်ဦး တွဲနေပြီဖြစ်ကြောင်း ၎င်းတို့၏ အေဂျင်စီများက အတည်ပြု ပြောကြားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Se7en နှင့် လီဒါဟေးတို့သည် သက်တူရွယ်တူများဖြစ်ပြီး  သူငယ်ချင်းအရင်းကြီးများဖြစ်ကြောင်း နှင့် ယခုအခါ ၎င်းတို့နှစ်ဦးတွဲနေသည်မှာ တစ်နှစ်ကျော် ရှိနေပြီဖြစ်ကြောင်း စက်တင်ဘာ ၇ရက်က ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောကြားထားသည်။

“ လီဒါဟေး နဲ့ Se7en တို့ဟာ သက်တူရွယ်တူ သူငယ်ချင်းတွေဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ချစ်သူတွေဖြစ်နေပါပြီ။ ပရိတ်သတ်တွေအနေနဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို နွေးနွေးထွေးထွေးကြိုဆိုပေးပါ။  သူတို့ရဲ့ အနုပညာ လှုပ်ရှားမှုတွေကိုလည်း ဆက်လက်ပြီး အားပေးကြပါ” ဟု လီဒါဟေး၏ အေဂျင်စီ JS Pictures က ပြောကြားသည်။

“  သူတို့နှစ်ဦးဟာ တွဲနေတာ လပေါင်းမျာစွာကြာနေပါပြီ။ ကျွန်တော်တို့ရဲ့ အနုပညာရှင်တွေကို ချစ်တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။  ပရိသတ်တွေအနေနဲ့ Se7en ကို  နွေးထွေးစွာကြိုဆိုပေးပါ။ ဆက်လက်အားပေးကြပါ”ဟု  Se7en ၏ အေဂျင်စီ ELEVEN9က ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top