နောက်
အင်္ဂါနေ့မှာ
Credit : Trend Myanmar
#Unicode Version
Samsung အီလက်ထရောနစ် ကုမ္ပဏီဟာ ၎င်းရဲ့ အသစ်ထွက်ရှိထားတဲ့ ဖုန်း မတော်တဆ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းထွက်ပြီးလို့ တစ်ကမ္ဘာလုံးပြန်လည်သိမ်းယူမှုကြေငြာချက် ထုတ်ပြန်ခဲ့ပြီးနောက် ၁၇ရက် အကြာ ယမန်နေ့တနင်္လာနေ့ကပဲ တောင်ကိုးရီးနိုင်ငံ စတင်ကာ Galaxy Note 7 လဲလှယ်ပေးမှု ပြုလုပ်ခဲ့ပါတယ်။
SK Telecom နဲ့ KT ဆီ မှာယူသူတွေအနေနဲ့ Galaxy Note 7 ဝယ်တဲ့ ဆိုင်မှာ သွားလဲရမှာဖြစ်ပြီး LG Uplus နဲ့ မှာယူသူတွေဟာ နိုင်ငံအတွင်းရှိ ကြိုက်နှစ်သက်ရာဆိုင်မှာ အသစ်သွားရောက် လဲလှယ်နိုင်ပါတယ်။ ဝယ်ယူသုံးစွဲသူတွေအနေနဲ့ Note 7 အသစ်ကို နဂိုဝယ်ထားတဲ့ အရောင်နဲ့ပဲ ရရှိမှာဖြစ်ပါတယ်။ ငွေပြန်အမ်းခြင်း သို့မဟုတ် ပစ္စည်းသစ်ဖြင့်လဲလှယ်ခြင်းနောက်ဆုံးသတ်မှတ်အချိန်က တနင်္လာနေ့ပဲ ဖြစ်ပါတယ်။
နောက် ကနေဒါနိုင်ငံမှာ ပြန်လည်သိမ်းယူမှုအစီအစဉ်ဟာ စက်တင်ဘာ ၁၂ ရက်နေ့ စတင်ခဲ့ပြီး စင်ကာပူမှာ စက်တင်ဘာလ ၁၆ ရက်နေ့က စတင်ခဲ့ပါတယ်။ အမေရိကမှာ လဲလှယ်ပေးမှုအစီအစဉ်ကို စက်တင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့ စတင်မှာ ဖြစ်ပါတယ်။ Customer တွေလက်ထဲထည့်ပေးလိုက်တဲ့ လောလောလတ်လတ် ထုတ်လုပ်ထားတဲ့ Galaxy Note 7 မှာ ယခင်ဘက်ထရီအချက်ပြမီး အဖြူရောင်အစား အစိမ်းရောင်ဖြစ်သွားကာ ကနဦးချို့ယွင်းတဲ့ မော်ဒယ်လ်နဲ့ ကွဲပြားပါလိမ့်မယ်။
ပြန်လည်သိမ်းယူမှုမတိုင်မီ ရောင်းချမှုအရေအတွက်က တောင်ကိုးရီးယားနိုင်ငံမှာ ခန့်မှန်းခြေ အလုံး ၄၀၀၀၀၀ ရောင်းချခဲ့ပြီး အမေရိကမှာ အလုံးရေ ၁ မီလျှံဖြစ်ကာ တစ်ကမ္ဘာလုံးရောင်းချခဲ့တဲ့ အလုံးရေစုစုပေါင်း ၂.၅ မီလျှံ ရှိပါတယ်။
အင်္ဂါနေ့မှာ Samsung ကုမ္ပဏီအနေနဲ့ ယခင်ရောင်းချခဲ့တဲ့ Note 7 တွေအတွက် ဘက်ထရီအားသွင်းမှု ကန့်သတ်ပေးမယ့် software upgrade လေးတစ်ခု စတင်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေဖြင့် ဒီလို ဆင်ခြင်လုပ်ဆောင်ရခြင်းအတွက် အနူးအညွတ်တောင်းပန်ကြောင်း၊ သို့သော် ဘက်ထရီအားသွင်းမှု ကန့်သတ်လိုက်ခြင်းက အပူလွန်ကဲမှုဖြစ်ပွားနိုင်ခြေ လျှော့နည်းစေမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
လဲလှယ်နိုင်ပါတယ်။
Home
»
သတင်း
»
အထွေထွေ
»
နိုင်ငံတကာ
» တောင်ကိုးရီးနိုင်ငံမှာ Samsung Note 7 ဖုန်း လဲလှယ်ပေးမှု အစီအစဉ် စတင်ပြီ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။