Property Expo
×

စက္တင္ဘာ ၅ ရက္က ဆမ္ေဆာင္းျမန္မာ႐ံုးခ်ဳပ္တြင္ Galaxy Note 7 အေၾကာင္း တရား၀င္သတင္းထုတ္ျပန္ခဲ့သည္။(ဓာတ္ပံု−ထက္အာကာေက်ာ္)

 ျပည္တြင္းရွိ Galaxy Note 7 ဝယ္ယူၿပီးေသာ သံုးစြဲသူ မ်ားအတြက္ ေငြျပန္အမ္းျခင္းႏွင့္ ပစၥည္းအသစ္လဲလွယ္ေပးျခင္း မ်ားကို ျပဳလုပ္ေပးမည္ဟု ဆမ္ ေဆာင္းျမန္မာက စက္တင္ဘာ ၅ ရက္တြင္ သတင္းထုတ္ျပန္သည္။

ဘက္ထရီခ်ိဳ႕ယြင္းခ်က္ျပ ႆနာေၾကာင့္ စက္တင္ဘာ ၂ ရက္ကစတင္ကာ ႏုိင္ငံတကာေစ်း ကြက္တြင္ Galaxy Note 7 ေရာင္းခ်မႈကို ရပ္ဆိုင္းခဲ့ၿပီး ျပည္တြင္း ေစ်းကြက္အတြင္း ဝယ္ယူထားသူ မ်ားႏွင့္ ႀကိဳတင္အမွာျဖင့္ ဝယ္ယူ ထားသူမ်ားသို႔ ေငြျပန္အမ္းျခင္း ႏွင့္ ပစၥည္းအသစ္လဲလွယ္ျခင္း ကို လုပ္ေဆာင္ေပးမည္ဟု ဆမ္ ေဆာင္းျမန္မာ၏ IT & Mobile ဌာနအႀကီးအကဲ ဦးဇာနည္ဝင္း ထက္က ေျပာသည္။

‘‘သံုးစြဲသူေတြ အခက္အခဲ ျဖစ္တာကို စိတ္မေကာင္းပါဘူး။ ကြၽန္ေတာ္တို႔ဆီမွာ ဘက္ထရီနဲ႔ ပတ္သက္ၿပီး ခ်ိဳ႕ယြင္းခ်က္မေတြ႕ ရွိေသးေပမယ့္ သံုးစြဲသူေတြရဲ႕လံု ၿခံဳေရး (Safety)ကို အဓိကထား တာေၾကာင့္ အခုလို စီစဥ္ရျခင္း ျဖစ္ပါတယ္။ အသစ္လဲလွယ္ေပး ၿပီးရင္လည္း စိတ္တိုင္းက်စစ္ ေဆးၿပီးမွ လဲလွယ္ေပးမွာျဖစ္တဲ့ အတြက္ စိတ္ပူစရာမလိုပါဘူး’’ ဟု ၎က ဆိုသည္။


ဆမ္ေဆာင္းအမွတ္တံဆိပ္ အေရာင္းျပခန္း(Showroom)မွ ဝယ္ယူသည္ျဖစ္ေစ၊ မဝယ္ယူ သည္ျဖစ္ေစ တရားဝင္ (official) ျဖစ္ပါက ပစၥည္းအသစ္ျဖင့္ လဲ လွယ္ႏုိင္ေၾကာင္းႏွင့္ ကေမၻာဇ ဘဏ္ျဖင့္ ခ်ိတ္ဆက္၍ ႀကိဳတင္ အမွာျဖင့္ ဝယ္ယူထားသူမ်ားအ ေနျဖင့္ ပစၥည္းေရာက္ရွိလာခ်ိန္ အထိ မေစာင့္ဆုိင္းလိုပါက စက္ တင္ဘာ ၇ ရက္မွ ၁၈ ရက္အတြင္း ဘဏ္အေကာင့္၊ လက္ေဆာင္ အိတ္အပါအဝင္ ဖုန္းဘူးအျပည့္ အစံု၊ ေဘာက္ခ်ာမူရင္းတို႔ျပသ ကာ  ေငြျပန္ထုတ္ယူႏိုင္မည္ျဖစ္ ေၾကာင္း သတင္းထုတ္ျပန္သည္။

‘‘အျခားက ဝယ္ထားတဲ့အ လံုးေတြဆိုရင္ ေငြျပန္အမ္းမေပး ပါဘူး။ ပစၥည္းအသစ္နဲ႔ လဲလွယ္ ခြင့္ေတာ့ ေပးထားပါတယ္။ ပစၥည္းအသစ္က ေအာက္တိုဘာ လဆန္းမွာ ေရာက္မယ္။ အဲဒီအ ခ်ိန္က်ရင္လည္း တရားဝင္သ တင္းထုတ္ျပန္ဦးမွာပါ’’ဟု ဦးဇာ နည္ဝင္းထက္က ရွင္းျပသည္။

ဆမ္ေဆာင္းျမန္မာသည္ ျပည္တြင္းေစ်းကြက္၌ ေရာင္းခ် ထားေသာ Galaxy Note 7အလံုး အေရအတြက္အတိအက်ကို စာရင္းမထုတ္ျပန္ေသာ္လည္း ရာ ဂဏန္းမွ် ေရာင္းခ်ထားၿပီးျဖစ္သည္ဟု တရားဝင္ေျပာၾကားထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
စက်တင်ဘာ ၅ ရက်က ဆမ်ဆောင်းမြန်မာရုံးချုပ်တွင် Galaxy Note 7 အကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။(ဓာတ်ပုံ−ထက်အာကာကျော်)

 ပြည်တွင်းရှိ Galaxy Note 7 ဝယ်ယူပြီးသော သုံးစွဲသူ များအတွက် ငွေပြန်အမ်းခြင်းနှင့် ပစ္စည်းအသစ်လဲလှယ်ပေးခြင်း များကို ပြုလုပ်ပေးမည်ဟု ဆမ် ဆောင်းမြန်မာက စက်တင်ဘာ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ဘက်ထရီချို့ယွင်းချက်ပြ ဿနာကြောင့် စက်တင်ဘာ ၂ ရက်ကစတင်ကာ နိုင်ငံတကာဈေး ကွက်တွင် Galaxy Note 7 ရောင်းချမှုကို ရပ်ဆိုင်းခဲ့ပြီး ပြည်တွင်း ဈေးကွက်အတွင်း ဝယ်ယူထားသူ များနှင့် ကြိုတင်အမှာဖြင့် ဝယ်ယူ ထားသူများသို့ ငွေပြန်အမ်းခြင်း နှင့် ပစ္စည်းအသစ်လဲလှယ်ခြင်း ကို လုပ်ဆောင်ပေးမည်ဟု ဆမ် ဆောင်းမြန်မာ၏ IT & Mobile ဌာနအကြီးအကဲ ဦးဇာနည်ဝင်း ထက်က ပြောသည်။

‘‘သုံးစွဲသူတွေ အခက်အခဲ ဖြစ်တာကို စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ဆီမှာ ဘက်ထရီနဲ့ ပတ်သက်ပြီး ချို့ယွင်းချက်မတွေ့ ရှိသေးပေမယ့် သုံးစွဲသူတွေရဲ့လုံ ခြုံရေး (Safety)ကို အဓိကထား တာကြောင့် အခုလို စီစဉ်ရခြင်း ဖြစ်ပါတယ်။ အသစ်လဲလှယ်ပေး ပြီးရင်လည်း စိတ်တိုင်းကျစစ် ဆေးပြီးမှ လဲလှယ်ပေးမှာဖြစ်တဲ့ အတွက် စိတ်ပူစရာမလိုပါဘူး’’ ဟု ၎င်းက ဆိုသည်။


ဆမ်ဆောင်းအမှတ်တံဆိပ် အရောင်းပြခန်း(Showroom)မှ ဝယ်ယူသည်ဖြစ်စေ၊ မဝယ်ယူ သည်ဖြစ်စေ တရားဝင် (official) ဖြစ်ပါက ပစ္စည်းအသစ်ဖြင့် လဲ လှယ်နိုင်ကြောင်းနှင့် ကမ္ဘောဇ ဘဏ်ဖြင့် ချိတ်ဆက်၍ ကြိုတင် အမှာဖြင့် ဝယ်ယူထားသူများအ နေဖြင့် ပစ္စည်းရောက်ရှိလာချိန် အထိ မစောင့်ဆိုင်းလိုပါက စက် တင်ဘာ ၇ ရက်မှ ၁၈ ရက်အတွင်း ဘဏ်အကောင့်၊ လက်ဆောင် အိတ်အပါအဝင် ဖုန်းဘူးအပြည့် အစုံ၊ ဘောက်ချာမူရင်းတို့ပြသ ကာ  ငွေပြန်ထုတ်ယူနိုင်မည်ဖြစ် ကြောင်း သတင်းထုတ်ပြန်သည်။

‘‘အခြားက ဝယ်ထားတဲ့အ လုံးတွေဆိုရင် ငွေပြန်အမ်းမပေး ပါဘူး။ ပစ္စည်းအသစ်နဲ့ လဲလှယ် ခွင့်တော့ ပေးထားပါတယ်။ ပစ္စည်းအသစ်က အောက်တိုဘာ လဆန်းမှာ ရောက်မယ်။ အဲဒီအ ချိန်ကျရင်လည်း တရားဝင်သ တင်းထုတ်ပြန်ဦးမှာပါ’’ဟု ဦးဇာ နည်ဝင်းထက်က ရှင်းပြသည်။

ဆမ်ဆောင်းမြန်မာသည် ပြည်တွင်းဈေးကွက်၌ ရောင်းချ ထားသော Galaxy Note 7အလုံး အရေအတွက်အတိအကျကို စာရင်းမထုတ်ပြန်သော်လည်း ရာ ဂဏန်းမျှ ရောင်းချထားပြီးဖြစ်သည်ဟု တရားဝင်ပြောကြားထားသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top