Property Expo
×

ၾသစေၾတးလ်ေလေၾကာင္းလုိင္း ၃ ခုက ခရီးသည္ေတြကို ေလယာဥ္ခရီးစဥ္အတြင္း ေပါက္ကြဲတတ္တဲ့  ဘက္ထရီေၾကာင့္ Samsung Galaxy Note 7 စမတ္ဖုန္းေတြ အသုံးျပဳျခင္း၊ အားသြင္းျခင္း တားျမစ္ထားပါတယ္။

Qantas, Jetstar နဲ႔ Virgin Australia ေလေၾကာင္းလုိင္းတို႔က သူတုိ႔ ေလေၾကာင္းလုိင္းအာဏာပုိင္ေတြကေန ဖုန္းအသုံးျပဳမႈ တားျမစ္ရန္ မညႊန္ၾကားခဲ့ေပမယ့္ ေစ်းကြက္ ၁၀ ခုမွာ Samsung ဖုန္းျပန္လည္ ရုတ္သိမ္းျပီးေနာက္ပုိင္း ၾကိဳတင္ကာကြယ္မႈတစ္ခုအေနနဲ႔ ျပဳလုပ္ခဲ့တာလုိ႔ ေျပာဆုိခဲ့ပါတယ္။

ခရီးသည္ေတြ ဖုန္းကို ေလယာဥ္ေပၚ ယူေဆာင္ႏုိင္ေပမယ့္ USB ေပါက္ရိွရာ ေလယာဥ္ေပၚေဖ်ာ္ေျဖေရးစနစ္ flight entertainment systems မွာ ပလတ္ေခါင္းမထုိးဖုိ႔ တားျမစ္ထားပါတယ္။

အဆိုပါ Samsung Galaxy Note 7 စမတ္ဖုန္းေတြ ျပန္အပ္ရန္ မွာၾကားမႈကို ဖုန္းအားသြင္းေနစဥ္ ေပါက္ကြဲမႈျဖစ္တဲ့ သတင္းထုတ္ျပန္ခ်က္အျပီး ဆက္တိုက္ျဖစ္လာခဲ့တာပါ။ ကမာၻ႔အၾကီးဆုံးစမတ္ဖုန္းေရာင္းခ်သည့္ ကုမၸဏီ Samsung အေနနဲ႔ ယခုအခ်ိန္ထိ ၂.၅ မီလွ်ံဖုိးေရာင္းခ်ခဲ့ျပီး ျဖစ္ေၾကာင္း သိရပါတယ္။ 

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

သြစတြေးလျလေကြောင်းလိုင်း ၃ ခုက ခရီးသည်တွေကို လေယာဉ်ခရီးစဉ်အတွင်း ပေါက်ကွဲတတ်တဲ့  ဘက်ထရီကြောင့် Samsung Galaxy Note 7 စမတ်ဖုန်းတွေ အသုံးပြုခြင်း၊ အားသွင်းခြင်း တားမြစ်ထားပါတယ်။

Qantas, Jetstar နဲ့ Virgin Australia လေကြောင်းလိုင်းတို့က သူတို့ လေကြောင်းလိုင်းအာဏာပိုင်တွေကနေ ဖုန်းအသုံးပြုမှု တားမြစ်ရန် မညွှန်ကြားခဲ့ပေမယ့် ဈေးကွက် ၁၀ ခုမှာ Samsung ဖုန်းပြန်လည် ရုတ်သိမ်းပြီးနောက်ပိုင်း ကြိုတင်ကာကွယ်မှုတစ်ခုအနေနဲ့ ပြုလုပ်ခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။

ခရီးသည်တွေ ဖုန်းကို လေယာဉ်ပေါ် ယူဆောင်နိုင်ပေမယ့် USB ပေါက်ရှိရာ လေယာဉ်ပေါ်ဖျော်ဖြေရေးစနစ် flight entertainment systems မှာ ပလတ်ခေါင်းမထိုးဖို့ တားမြစ်ထားပါတယ်။

အဆိုပါ Samsung Galaxy Note 7 စမတ်ဖုန်းတွေ ပြန်အပ်ရန် မှာကြားမှုကို ဖုန်းအားသွင်းနေစဉ် ပေါက်ကွဲမှုဖြစ်တဲ့ သတင်းထုတ်ပြန်ချက်အပြီး ဆက်တိုက်ဖြစ်လာခဲ့တာပါ။ ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းရောင်းချသည့် ကုမ္ပဏီ Samsung အနေနဲ့ ယခုအချိန်ထိ ၂.၅ မီလျှံဖိုးရောင်းချခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။ 

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top