Property Expo
×

သ႐ုပ္ေဆာင္ ဆုပန္ ထြာသည္ ပထမဆံုးရင္ေသြးေလးကို ၀ိတိုရိယေဆး႐ုံ၌ စက္တင္ဘာ ၁၅ ရက္က ေမြးဖြားခဲ့ေၾကာင္း သတင္းရရွိသည္။

‘‘Due Date က စက္တင္ဘာ ၁၉ ရက္ေပမယ့္ ဆရာႀကီးက ေစာ ေမြးခိုင္းလို႔၊ သားသားကို စက္တင္ဘာ ၁၅ ရက္ နံနက္ ၅ နာရီ ၄၅ မိနစ္မွာ ေမြးတယ္။ ကိုယ္အေလး ခ်ိန္က ၉ ေပါင္ ၂ ေအာင္စ၊ အရပ္က ၅၂ စင္တီမီတာ’’ဟု ဆုပန္ထြာက ေျပာသည္။

သားအမိႏွစ္ဦးစလံုး က်န္းက်န္းမာမာရွိၿပီး သားျဖစ္သူ Roar Roar ကို ခင္ပြန္းျဖစ္သူ ဥကၠာေက်ာ္ႏွင့္တူသည္ဟု လာေရာက္ၾကည့္႐ႈသူမ်ားက မွတ္ခ်က္ေပးၾကေၾကာင္း ၎က ဆိုသည္။

‘‘သားသားက အသားျဖဴ ဆြတ္ေနတာ။ ကိုဥကၠာကလည္း အသားျဖဴတယ္။ ေနာက္ၿပီး ေသြး အုပ္စုကလည္း ေအဆိုေတာ့ ကိုဥကၠာနဲ႔အတူတူပဲ’’ဟု ဆုပန္ ထြာက ေျပာသည္။

ဆုပန္ထြာတို႔ ဇနီးေမာင္ႏွံက သားျဖစ္သူကို Roar Roar ဟု အမည္ေပးရန္ ႀကိဳတင္စီစဥ္ထား ခဲ့ျခင္း ျဖစ္ၿပီး ရင္ေသြးႀကိဳဆိုပြဲ (Baby Shower) ပြဲကို ဇူလိုင္ အတြင္းက ျပဳလုပ္ခဲ့သည္။

‘‘Roar ဆိုတာက ျခေသၤ့ဟိန္းေဟာက္တဲ့အသံေပါ့။ ကေလး ေလးရရင္ အဲဒီနာမည္ေပးမယ္ဆို ၿပီး နဂိုကတည္းက စဥ္းစားထား တာ။ သားသားေလးက်ေတာ့ Roar Roar လို႔ေပးလိုက္တာ’’ဟု ဆုပန္ထြာက သားျဖစ္သူကို Roar Roar ဟု အမည္ေပးျဖစ္သည့္အ ေၾကာင္းကို Baby Shower ပြဲတြင္ ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
သရုပ်ဆောင် ဆုပန် ထွာသည် ပထမဆုံးရင်သွေးလေးကို ဝိတိုရိယဆေးရုံ၌ စက်တင်ဘာ ၁၅ ရက်က မွေးဖွားခဲ့ကြောင်း သတင်းရရှိသည်။

‘‘Due Date က စက်တင်ဘာ ၁၉ ရက်ပေမယ့် ဆရာကြီးက စော မွေးခိုင်းလို့၊ သားသားကို စက်တင်ဘာ ၁၅ ရက် နံနက် ၅ နာရီ ၄၅ မိနစ်မှာ မွေးတယ်။ ကိုယ်အလေး ချိန်က ၉ ပေါင် ၂ အောင်စ၊ အရပ်က ၅၂ စင်တီမီတာ’’ဟု ဆုပန်ထွာက ပြောသည်။

သားအမိနှစ်ဦးစလုံး ကျန်းကျန်းမာမာရှိပြီး သားဖြစ်သူ Roar Roar ကို ခင်ပွန်းဖြစ်သူ ဥက္ကာကျော်နှင့်တူသည်ဟု လာရောက်ကြည့်ရှုသူများက မှတ်ချက်ပေးကြကြောင်း ၎င်းက ဆိုသည်။

‘‘သားသားက အသားဖြူ ဆွတ်နေတာ။ ကိုဥက္ကာကလည်း အသားဖြူတယ်။ နောက်ပြီး သွေး အုပ်စုကလည်း အေဆိုတော့ ကိုဥက္ကာနဲ့အတူတူပဲ’’ဟု ဆုပန် ထွာက ပြောသည်။

ဆုပန်ထွာတို့ ဇနီးမောင်နှံက သားဖြစ်သူကို Roar Roar ဟု အမည်ပေးရန် ကြိုတင်စီစဉ်ထား ခဲ့ခြင်း ဖြစ်ပြီး ရင်သွေးကြိုဆိုပွဲ (Baby Shower) ပွဲကို ဇူလိုင် အတွင်းက ပြုလုပ်ခဲ့သည်။

‘‘Roar ဆိုတာက ခြငေ်္သ့ဟိန်းဟောက်တဲ့အသံပေါ့။ ကလေး လေးရရင် အဲဒီနာမည်ပေးမယ်ဆို ပြီး နဂိုကတည်းက စဉ်းစားထား တာ။ သားသားလေးကျတော့ Roar Roar လို့ပေးလိုက်တာ’’ဟု ဆုပန်ထွာက သားဖြစ်သူကို Roar Roar ဟု အမည်ပေးဖြစ်သည့်အ ကြောင်းကို Baby Shower ပွဲတွင် ပြောကြားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top