Kantharyar Centre
×

သီးခ်ိန္တန္သီး ပြင့္ခ်ိန္တန္ပြင့္ဆိုတဲ့ ေရွးစကားအတိုင္း အရြယ္ေရာက္လာရင္ ၾကင္ယာရွာဖို႔အတြက္ စဥ္းစားေပးရေတာ့မွာေပါ့ေနာ္။ အိမ္ေထာင္မျပဳခင္စပ္ၾကား ဘ၀လက္တြဲေဖာ္အျဖစ္ ရည္ရြယ္ထားတဲ့သူနဲ႔ ဘ၀တစ္ခုထူေထာင္ဖို႔အတြက္ ခ်စ္သူဘ၀မွာ လက္တြဲမျဖဳတ္ပဲ သံေယာဇဥ္ ေတြတိုးၿပီး Relationship တည္တ့ံခိုင္ျမဲဖို႔ အေရးႀကီးပါတယ္။ ခ်စ္သူဘ၀ ခိုင္ျမဲေစဖို႔ ေဆာင္ရန္ေရွာင္ရန္ အၾကံေပးခ်က္ေတြကို အရင္ဖတ္ၾကည့္လိုက္ပါ။   

၁။    ဂ႐ုစိုက္ပါ
ကိုယ့္ခ်စ္သူကို ဂ႐ုစိုက္ဖို႔ဆိုတာ မေတာင္းဆိုပဲနဲ႔ သိေနရမယ့္အရာပါ။ အေသးအဖြဲေလးကအစ မွတ္မိေနရင္ေတာ့ အေကာင္းဆံုးေပါ့။ အဲ့ေလာက္ထိ မမွတ္ထားရင္ေတာင္ ခ်ိန္းေတြ႔တဲ့အခ်ိန္တိုင္းမွာ ဂ႐ုစိုက္ေပးဖို႔ေတာ့လိုပါတယ္။ ေယာက်္ားေလးဆိုရင္ ကားစီးတဲ့အခ်ိန္ေတြမွာ မိန္းကေလးထိုင္တဲ့ခံုဘက္တံခါးေလာ့ကို ခ်ေပးတာမ်ဳိး၊ လမ္းကူးရင္ ကားလာတဲ့ဘက္မွာ ေယာက်္ားေလးကေနျပီး ဦးေဆာင္လမ္းကူးေပးတာေတြက မိန္းကေလးေတြအတြက္ ခ်စ္သူအေပၚ အားကိုးစိတ္ျဖစ္လာတတ္ပါတယ္။

၂။    စြပ္စြဲ၊ ႏိႈင္းယွဥ္တာမ်ဳိး မလုပ္ပါနဲ႔
အရင္ရည္းစားနဲ႔ ႏိႈင္းယွဥ္တာ၊ သူမ်ား ရည္းစားနဲ႔ ႏိႈင္းယွဥ္တာ၊ မေသခ်ာပဲ အရင္ရည္းစားနဲ႔ စြတ္စြဲတာ မလုပ္ပါနဲ႔။ ကိုယ္မလုပ္တဲ့ အရာတစ္ခုကို စြပ္စြဲခံရရင္ ဘယ္သူက သည္းခံႏိုင္မလဲေနာ္။ အဲ့ဒီထဲကမွ ကိုယ္ခ်စ္တဲ့သူက ကိုယ့္ကို သ၀န္
တိုစိတ္နဲ႔ စြပ္စြဲရင္ ပိုခံစားရတာေပါ့။ ရံဖန္ရံခါ ခ်စ္တဲ့စိတ္နဲ႔ သ၀န္တိုျပတာေလးကေတာ့ ေယာက်္ားေလးပဲျဖစ္ျဖစ္ မိန္းကေလးပဲျဖစ္ျဖစ္ ခ်စ္ဖို႔ေကာင္းပါတယ္။

၃။    အတိတ္ကို အတိတ္မွာပဲထားခဲ့ပါ
အရင္တြဲခဲ့ဖူးတဲ့ ရည္းစားေတြအေၾကာင္း မေျပာရင္အေကာင္းဆံုးပါ။ တခ်ဳိ႕ေတြရွိပါတယ္ သူနဲ႔ကိုယ္ၾကား ဖံုးကြယ္ထားတာမရွိခ်င္လို႔ အတိတ္အေၾကာင္းအကုန္ေျပာျပတယ္ဆိုတာ ဒါဟာ အျမဲတမ္းအတြက္ ေကာင္းတဲ့အရာမဟုတ္ပါဘူး။ စိတ္မေကာင္းျဖစ္တတ္တဲ့သူ၊ စိတ္မေျဖာင့္တဲ့သူ၊ သံသယစိတ္မ်ားတဲ့သူဆိုရင္ မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။

၄။    ႏႈတ္ခမ္းဖ်ားေလးနဲ႔ မခ်စ္ပါနဲ႔
တစ္ဘ၀လံုးလက္တြဲဖို႔ ေရြးခ်ယ္ထားတဲ့ ခ်စ္သူပါ။ ႏႈတ္ခမ္းဖ်ားေလးနဲ႔ ေႂကြေအာင္ေျပာၿပီး ခ်စ္လိုက္တာကေတာ့ လံုး၀မလုပ္သင့္တဲ့အရာပါ။ ႏွလံုးသားထဲက လာတဲ့အတိုင္း လြမ္းတယ္၊ သတိရတယ္၊ ေတြ႔ခ်င္တယ္၊ ခ်စ္တယ္ဆိုတဲ့ စကားေလးေတြက အရမ္းကိုႏူးညံ့ၿပီး ၾကားရသူ ရင္ဖိုေစပါတယ္။ ဒါေပမယ့္ တစ္ဖက္သားနား၀င္ခ်ဳိရင္ ၿပီးေရာဆိုၿပီး ေျပာလိုက္တာမ်ဳိးလုပ္ၿပီး ကိုယ့္ကို မညာပါနဲ႔။ ရင္ထဲကမလာတဲ့ စကားေျပာတဲ့ အက်င့္မျဖစ္ေအာင္ေနပါ။ 

၅။    အခ်ိန္ေပးပါ 
အလုပ္ေၾကာင့္ မအားလပ္တာ၊ ကိုယ္ပိုင္ အခ်ိန္ေတာင္ သိပ္မရွိတာ သူမ်ားအတြက္ အခ်ိန္မေပးႏိုင္ဘူးဆိုတာမ်ဳိး အျဖစ္မခံပါနဲ႔။ အလုပ္က အလုပ္၊ ခ်စ္သူက ခ်စ္သူပါ။ ခ်စ္သူဘက္က ကိုယ္အရမ္းအလုပ္မ်ားတာ နားလည္ေပးထားရင္ေတာင္ ကိုယ့္ဘက္က အလိုက္တသိနဲ႔ အခ်ိန္ေပးပါ။ ပစ္မထားပါနဲ႔။ ဥပမာ - ႐ံုးဆင္းလို႔ အိမ္ျပန္ခ်ိန္ ႏွစ္ေယာက္တူတူလက္တြဲၿပီး လမ္းေလွ်ာက္တာမ်ိဳး၊ ကားပတ္ေမာင္းတာမ်ိဳး၊ ေလညႇင္းခံရင္း တစ္ေန႔တာျဖစ္ျပတ္ခဲ့သမွ် ေျပာျပတာေတြက ႏွစ္ဦးၾကားရင္းႏွီးမႈကို ပိုတိုးေစပါတယ္။

၆။    Anniversary ေန႔ေတြ အျမဲအမွတ္ရေနပါေစ
ဒါ ေမ့သြားခဲ့ရင္ စံုတြဲေတြ ေတာ္ေတာ္မ်ားမ်ား ျပႆနာတတ္ၾကတဲ့ ကိစၥပါ။ ခ်စ္သူအျဖစ္ လက္တြဲတဲ့ေန႔၊ ခ်စ္သူေမြးေန႔ဆိုတာ ေမ့တာနဲ႔ ျပႆနာအႀကီးႀကီးတက္မယ့္ကိန္းပါ။ ၉၀ ရာခိုင္ႏႈန္းေသာ မိန္းကေလးေတြ စိတ္ဆိုးၾကတဲ့ ျဖစ္ရပ္ပါ။ အရမ္းကိုနားလည္ေပးႏိုင္ပါတယ္၊ စိတ္မဆိုးဘူးဆိုတဲ့ အမ်ဳိးသမီးမ်ားေတာင္ စိတ္မေကာင္းျဖစ္ေစမွာ အမွန္ပါ။ အဲ့ဒီေတာ့ ကိုယ္ခ်စ္တဲ့သူကို စိတ္ထိခိုက္ေစမွာလား ?

၇။    အနမ္းေႁခြဖို႔မေမ့ပါနဲ႔
ခ်စ္သူေတြ ျဖစ္ေနၿပီပဲ ကိုယ့္ခ်စ္သူရဲ႕ အနမ္းေပးတာကိုေတာ့ လက္ခံရမွာေပါ့။ ႏႈတ္ခမ္းခ်င္းထိတာ နည္းနည္းေတာ့ စိတ္မသက္သာစရာ ျဖစ္ေစေပမယ့္ ကိုယ္တကယ္အခ်စ္စစ္နဲ႔ ခ်စ္ရတဲ့ သူကိုဆိုရင္ေတာ့ ေၾကာက္စိတ္ရွက္စိတ္ေတြ ခဏေမ့သြားမွာပါ။ တကယ္ဆိုရင္ အခ်စ္ပဲလိုတယ္ဆိုတာမ်ဳိးေပါ့။ 

၈။    ခ်စ္သူဟာ ခ်စ္ဖို႔ပါ 
ကိုယ့္ လက္ေအာက္ငယ္သားကိုေတာင္ မႏွိမ္သင့္တာ သူဟာ ကိုယ့္ခ်စ္သူပါ မႏွိမ္သင့္သလို၊ လူေရွ႕ ေအာ္တာ၊ ဆဲဆိုတာ၊ နာက်င္ေစမယ့္ စကားေတြလဲ မေျပာသင့္ပါဘူး။ မလုပ္သင့္ဆံုး လုပ္ရပ္ ကေတာ့ အတင္းေျပာတာပါပဲ။ ကိုယ့္ခ်စ္သူနဲ႔ တူတူရွိေနခ်ိန္က အျဖစ္အပ်က္ေတြကို အေျပာင္အပ်က္သေဘာမ်ဳိးျဖစ္ေစ၊ ကိုယ့္ခ်စ္သူရဲ႕ မေကာင္းေၾကာင္းကို အတင္းျဖစ္ေစ၊ ကိုယ့္ခ်စ္သူ ဂုဏ္သိကၡာက်ေစမယ့္ စကားေတြ တျခားလူကို ျပန္ေျပာတာဟာ ေယာက်္ားေကာင္း၊ မိန္းမေကာင္း
တို႔ရဲ႕ အျပဳအမူ မဟုတ္ပါဘူး။ ကိုယ့္လိပ္ျပာကို လံုပါေစ။

၉။    Sex ကိစၥ ေသခ်ာစဥ္းစားပါ
ႏွစ္ဦးသား အခ်စ္စိတ္ေတြထံုလာရင္ ပိုင္ဆိုင္ခ်င္စိတ္နဲ႔ အခ်စ္နယ္ကၽြံတာေတြ ျဖစ္လာတတ္ပါတယ္။ ဒါဟာ အခ်စ္ေၾကာင့္ျဖစ္လာတဲ့ သဘာ၀မို႔ လြန္ဆန္လို႔ မရဘူးဆိုတာေတာ့ မျဖစ္ပါေစနဲ႔။ တြဲလာတဲ့နွစ္ေတြၾကာလာလို႔ လက္ထပ္မယ္၊ တာ၀န္ယူမယ့္စိတ္နဲ႔ ႏွစ္ဦးသေဘာတူ ေနမယ္ဆိုရင္ေတာင္ ေသခ်ာျပန္စဥ္းစားပါ။ ကိုယ့္လူဟာ ယံုၾကည္လို႔ရလား၊ ကတိေတြဟာ အခ်ိန္မေရြး ျပတ္ပ်ယ္သြားႏိုင္တယ္ဆိုတာ မေမ့ပါနဲ႔။ ေယာက်္ားေလးအေနနဲ႔ ကိုယ္တာ၀န္ယူဖို႔ မေသခ်ာတဲ့ မိန္းမေကာင္းတစ္ေယာက္ကို အညႊန္႔မခ်ဳိးမိဖို႔ သတိစိတ္ေလး အျမဲတမ္းထားေနပါ။ ခ်စ္သူရဲ႕ တန္ဖိုးကို ကိုယ္တိုင္ျမႇင့္ေပးႏိုင္ပါေစ။

၁၀။    ကတိမေပးပါနဲ႔
ကိုယ္တိုင္ မေသခ်ာမေရရာတဲ့ ကတိ လံုး၀မေပးပါနဲ႔။ မျဖစ္ႏိုင္တဲ့ ကတိမေပးပါနဲ႔။ တစ္ခုခုကို လိုခ်င္စိတ္နဲ႔ ကတိမေပးပါနဲ႔။ ကံၾကမၼာမွာ ဘာေတြ ျဖစ္လာမလဲ ဘယ္သူမွမသိပါဘူး။ ကတိမေပးပဲ လက္ေတြ႔မွာ ခ်စ္သူရဲ႕ ယံုၾကည္မႈရလာေအာင္ ႀကိဳးစားပါ။

၁၁။ အေပ်ာ္မထားပါနဲ႔
လူ႔စိတ္ဆိုတာ ျဖစ္ေလ့ရွိပါတယ္ ဒီတစ္ေယာက္နဲ႔ တြဲတာၾကာလာတဲ့အခါ ပ်င္းရိ ၿငီးေငြ႔သြားတတ္ၾကပါတယ္။ ရင္ခုန္စရာေကာင္းတဲ့ တျခားဇာတ္လမ္းေတြ ဖန္တီးတတ္ၾကပါတယ္။ ခ်စ္သူဘ၀မွာေတာင္ ဒီလိုေတြျဖစ္ေနရင္ အိမ္ေထာင္ဘ၀ခိုင္ျမဲဖို႔ဆိုတာ မေသခ်ာပါဘူး။ သူ႔ကိုလက္ထပ္မယ္လို႔ ဆံုးျဖတ္ထားရင္ သူနဲ႔ပဲ ဘ၀တစ္ေလွ်ာက္လံုးတြဲပါ။ ေနာက္တစ္ေယာက္ကို ခ်စ္တဲ့စိတ္ျဖစ္လာရင္ေတာ့ ကိုယ့္စိတ္ကို ေသခ်ာျပန္ေမးပါ။ ႏွလံုးသားဆိုတာ ကစားစရာ မဟုတ္ပါဘူး။ ယံုၾကည္မႈဆိုတာမရွိေတာ့ရင္ ျပန္ရယူဖို႔ အင္မတန္ခက္ခဲပါတယ္။

၁၂။    အခ်စ္ေတြပူေႏြးေနပါေစ 
ခ်စ္သူသက္တမ္း ၾကာလာတာနဲ႔အမွ် အခ်စ္ေတြ ေအးစက္လာတက္ၾကပါတယ္။ ေအးစက္စက္နဲ႔ သူစကားေျပာရင္ ျပန္ေျပာလိုက္၊ အခ်ိန္တန္ႏႈတ္ဆတ္ အိမ္ျပန္တာႀကီးကေတာ့ ႐ိုးရွင္းလြန္းပါတယ္။ ျမန္ျမန္လဲ ၿငီးေငြ႕လြယ္ပါတယ္။ တစ္ခါ တစ္ရံ ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးေတြလို တီတီတာတာနဲ႔ ဆိုးတတ္၊ ရစ္တတ္တာေလးေတြ ၾကည္ႏူးဖို႔ေကာင္းပါတယ္။ သူ စိတ္ဆိုးသြားရင္ေတာ့ ေခ်ာ့ဖို႔မေမ့နဲ႔ေပါ့ေနာ္။

၁၃။    နားေထာင္သူ၊ တိုင္ပင္သူျဖစ္ပါေစ
ခ်စ္သူရဲ႕ လူမႈေရး၊ စီးပြားေရး၊ မိသားစု ကိစၥအျဖာျဖာကို ေသခ်ာနားေထာင္ေပးသင့္ပါတယ္။ အဆင္မေျပတဲ့အခါ မကူညီႏိုင္ရင္ေတာင္ ကိုယ့္ကိုေျပာျပလိုက္ရလို႔ သူစိတ္နည္းနည္း ေပါ့သြားႏိုင္ပါတယ္။ အၾကံေပးႏိုင္ရင္ေတာ့ အေကာင္းဆံုးေပါ့။ ခုခ်ိန္ကတည္းက တိုင္တိုင္ပင္ပင္ ေနထိုင္တာ ေကာင္းတဲ့အျပဳအမူပါ။ ဥပမာ - ကိုယ္ ဒီအလုပ္မွာ လုပ္ခ်င္တယ္ လုပ္သင့္လားဆိုတာမ်ိဳး တိုင္ပင္တာေတြက ယံုၾကည္မႈတိုးေစပါတယ္။ ခ်စ္သူကို ရင္ဖြင့္ဖို႔လဲ မေမ့ပါနဲ႔။ ခ်စ္သူဆိုတာ
ေအးအတူပူအမွ် ခံစားေပးဖို႔ အနားေရာက္လာတဲ့ သူေတြပါ။

၁၄။    မထိန္းခ်ဳပ္ပါနဲ႔
တစ္ေယာက္နဲ႔ တစ္ေယာက္ အလြန္အကၽြံ ထိန္းခ်ဳပ္ဖို႔ မႀကိဳးစားပါနဲ႔။ ညဘက္အျပင္မထြက္ရ၊ သူငယ္ခ်င္းမ်ားနဲ႔ မေသာက္စားရ၊ ေယာက်္ားေလး၊ မိန္းကေလး သူငယ္ခ်င္းမ်ားနဲ႔ စကားမေျပာရ စတဲ့ ထိန္းခ်ဳပ္တာေတြ အရမ္းမလုပ္မိပါေစနဲ႔။ ၾကာလာရင္ သံသယစိတ္ေတြ လြန္ကဲလာႏိုင္ပါတယ္။ အခ်င္းခ်င္း စိုးရိမ္စိတ္နဲ႔ ေစတနာ သတိစကားေလးေတြကေတာ့ ေျပာေပးရမွာေပါ့။ 

၁၅။    ေရွ႕ေရးအေၾကာင္း ေဆြးေႏြးပါ
ဘ၀တစ္ေလွ်ာက္လံုး အေကာင္းအဆိုး ေလာဂဓံမွန္သမွ် တူတူေက်ာ္ျဖတ္မယ္၊ ၾကင္ယာဖက္အျဖစ္ ခ်စ္သူကို ေရြးခ်ယ္လိုက္ၿပီဆိုရင္ ႏွစ္ေယာက္တူတူရွိေနခ်ိန္ ေရွ႕ေရးအေၾကာင္းေလးေတြ ေဆြးေႏြးေပးပါ။ ဒီလိုေဆြးေႏြးျခင္းဟာ အရမ္းကိုေႏြးေထြးနီးစပ္ေစပါတယ္။ အခ်စ္ေတြလဲ ပိုတိုးလာသလို ႏွစ္ေယာက္တူတူ ေနထိုင္ရေတာ့မယ္ဆိုတဲ့ အသိနဲ႔ အရာရာမွာ အားသြန္ခြန္စိုက္ ႀကိဳးစားေနမိမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: people magazine

#Unicode Verison

သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုတဲ့ ရှေးစကားအတိုင်း အရွယ်ရောက်လာရင် ကြင်ယာရှာဖို့အတွက် စဉ်းစားပေးရတော့မှာပေါ့နော်။ အိမ်ထောင်မပြုခင်စပ်ကြား ဘဝလက်တွဲဖော်အဖြစ် ရည်ရွယ်ထားတဲ့သူနဲ့ ဘဝတစ်ခုထူထောင်ဖို့အတွက် ချစ်သူဘဝမှာ လက်တွဲမဖြုတ်ပဲ သံယောဇဉ် တွေတိုးပြီး Relationship တည်တံ့ခိုင်မြဲဖို့ အရေးကြီးပါတယ်။ ချစ်သူဘ၀ ခိုင်မြဲစေဖို့ ဆောင်ရန်ရှောင်ရန် အကြံပေးချက်တွေကို အရင်ဖတ်ကြည့်လိုက်ပါ။  

၁။    ဂရုစိုက်ပါ
ကိုယ့်ချစ်သူကို ဂရုစိုက်ဖို့ဆိုတာ မတောင်းဆိုပဲနဲ့ သိနေရမယ့်အရာပါ။ အသေးအဖွဲလေးကအစ မှတ်မိနေရင်တော့ အကောင်းဆုံးပေါ့။ အဲ့လောက်ထိ မမှတ်ထားရင်တောင် ချိန်းတွေ့တဲ့အချိန်တိုင်းမှာ ဂရုစိုက်ပေးဖို့တော့လိုပါတယ်။ ယောကျ်ားလေးဆိုရင် ကားစီးတဲ့အချိန်တွေမှာ မိန်းကလေးထိုင်တဲ့ခုံဘက်တံခါးလော့ကို ချပေးတာမျိုး၊ လမ်းကူးရင် ကားလာတဲ့ဘက်မှာ ယောကျ်ားလေးကနေပြီး ဦးဆောင်လမ်းကူးပေးတာတွေက မိန်းကလေးတွေအတွက် ချစ်သူအပေါ် အားကိုးစိတ်ဖြစ်လာတတ်ပါတယ်။

၂။    စွပ်စွဲ၊ နှိုင်းယှဉ်တာမျိုး မလုပ်ပါနဲ့
အရင်ရည်းစားနဲ့ နှိုင်းယှဉ်တာ၊ သူများ ရည်းစားနဲ့ နှိုင်းယှဉ်တာ၊ မသေချာပဲ အရင်ရည်းစားနဲ့ စွတ်စွဲတာ မလုပ်ပါနဲ့။ ကိုယ်မလုပ်တဲ့ အရာတစ်ခုကို စွပ်စွဲခံရရင် ဘယ်သူက သည်းခံနိုင်မလဲနော်။ အဲ့ဒီထဲကမှ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို သဝန်
တိုစိတ်နဲ့ စွပ်စွဲရင် ပိုခံစားရတာပေါ့။ ရံဖန်ရံခါ ချစ်တဲ့စိတ်နဲ့ သဝန်တိုပြတာလေးကတော့ ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ချစ်ဖို့ကောင်းပါတယ်။

၃။    အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ
အရင်တွဲခဲ့ဖူးတဲ့ ရည်းစားတွေအကြောင်း မပြောရင်အကောင်းဆုံးပါ။ တချို့တွေရှိပါတယ် သူနဲ့ကိုယ်ကြား ဖုံးကွယ်ထားတာမရှိချင်လို့ အတိတ်အကြောင်းအကုန်ပြောပြတယ်ဆိုတာ ဒါဟာ အမြဲတမ်းအတွက် ကောင်းတဲ့အရာမဟုတ်ပါဘူး။ စိတ်မကောင်းဖြစ်တတ်တဲ့သူ၊ စိတ်မဖြောင့်တဲ့သူ၊ သံသယစိတ်များတဲ့သူဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

၄။    နှုတ်ခမ်းဖျားလေးနဲ့ မချစ်ပါနဲ့
တစ်ဘဝလုံးလက်တွဲဖို့ ရွေးချယ်ထားတဲ့ ချစ်သူပါ။ နှုတ်ခမ်းဖျားလေးနဲ့ ကြွေအောင်ပြောပြီး ချစ်လိုက်တာကတော့ လုံးဝမလုပ်သင့်တဲ့အရာပါ။ နှလုံးသားထဲက လာတဲ့အတိုင်း လွမ်းတယ်၊ သတိရတယ်၊ တွေ့ချင်တယ်၊ ချစ်တယ်ဆိုတဲ့ စကားလေးတွေက အရမ်းကိုနူးညံ့ပြီး ကြားရသူ ရင်ဖိုစေပါတယ်။ ဒါပေမယ့် တစ်ဖက်သားနားဝင်ချိုရင် ပြီးရောဆိုပြီး ပြောလိုက်တာမျိုးလုပ်ပြီး ကိုယ့်ကို မညာပါနဲ့။ ရင်ထဲကမလာတဲ့ စကားပြောတဲ့ အကျင့်မဖြစ်အောင်နေပါ။

၅။    အချိန်ပေးပါ
အလုပ်ကြောင့် မအားလပ်တာ၊ ကိုယ်ပိုင် အချိန်တောင် သိပ်မရှိတာ သူများအတွက် အချိန်မပေးနိုင်ဘူးဆိုတာမျိုး အဖြစ်မခံပါနဲ့။ အလုပ်က အလုပ်၊ ချစ်သူက ချစ်သူပါ။ ချစ်သူဘက်က ကိုယ်အရမ်းအလုပ်များတာ နားလည်ပေးထားရင်တောင် ကိုယ့်ဘက်က အလိုက်တသိနဲ့ အချိန်ပေးပါ။ ပစ်မထားပါနဲ့။ ဥပမာ - ရုံးဆင်းလို့ အိမ်ပြန်ချိန် နှစ်ယောက်တူတူလက်တွဲပြီး လမ်းလျှောက်တာမျိုး၊ ကားပတ်မောင်းတာမျိုး၊ လေညှင်းခံရင်း တစ်နေ့တာဖြစ်ပြတ်ခဲ့သမျှ ပြောပြတာတွေက နှစ်ဦးကြားရင်းနှီးမှုကို ပိုတိုးစေပါတယ်။

၆။    Anniversary နေ့တွေ အမြဲအမှတ်ရနေပါစေ
ဒါ မေ့သွားခဲ့ရင် စုံတွဲတွေ တော်တော်များများ ပြဿနာတတ်ကြတဲ့ ကိစ္စပါ။ ချစ်သူအဖြစ် လက်တွဲတဲ့နေ့၊ ချစ်သူမွေးနေ့ဆိုတာ မေ့တာနဲ့ ပြဿနာအကြီးကြီးတက်မယ့်ကိန်းပါ။ ၉၀ ရာခိုင်နှုန်းသော မိန်းကလေးတွေ စိတ်ဆိုးကြတဲ့ ဖြစ်ရပ်ပါ။ အရမ်းကိုနားလည်ပေးနိုင်ပါတယ်၊ စိတ်မဆိုးဘူးဆိုတဲ့ အမျိုးသမီးများတောင် စိတ်မကောင်းဖြစ်စေမှာ အမှန်ပါ။ အဲ့ဒီတော့ ကိုယ်ချစ်တဲ့သူကို စိတ်ထိခိုက်စေမှာလား ?

၇။    အနမ်းခြွေဖို့မမေ့ပါနဲ့
ချစ်သူတွေ ဖြစ်နေပြီပဲ ကိုယ့်ချစ်သူရဲ့ အနမ်းပေးတာကိုတော့ လက်ခံရမှာပေါ့။ နှုတ်ခမ်းချင်းထိတာ နည်းနည်းတော့ စိတ်မသက်သာစရာ ဖြစ်စေပေမယ့် ကိုယ်တကယ်အချစ်စစ်နဲ့ ချစ်ရတဲ့ သူကိုဆိုရင်တော့ ကြောက်စိတ်ရှက်စိတ်တွေ ခဏမေ့သွားမှာပါ။ တကယ်ဆိုရင် အချစ်ပဲလိုတယ်ဆိုတာမျိုးပေါ့။

၈။    ချစ်သူဟာ ချစ်ဖို့ပါ
ကိုယ့် လက်အောက်ငယ်သားကိုတောင် မနှိမ်သင့်တာ သူဟာ ကိုယ့်ချစ်သူပါ မနှိမ်သင့်သလို၊ လူရှေ့ အော်တာ၊ ဆဲဆိုတာ၊ နာကျင်စေမယ့် စကားတွေလဲ မပြောသင့်ပါဘူး။ မလုပ်သင့်ဆုံး လုပ်ရပ် ကတော့ အတင်းပြောတာပါပဲ။ ကိုယ့်ချစ်သူနဲ့ တူတူရှိနေချိန်က အဖြစ်အပျက်တွေကို အပြောင်အပျက်သဘောမျိုးဖြစ်စေ၊ ကိုယ့်ချစ်သူရဲ့ မကောင်းကြောင်းကို အတင်းဖြစ်စေ၊ ကိုယ့်ချစ်သူ ဂုဏ်သိက္ခာကျစေမယ့် စကားတွေ တခြားလူကို ပြန်ပြောတာဟာ ယောကျ်ားကောင်း၊ မိန်းမကောင်း
တို့ရဲ့ အပြုအမူ မဟုတ်ပါဘူး။ ကိုယ့်လိပ်ပြာကို လုံပါစေ။

၉။    Sex ကိစ္စ သေချာစဉ်းစားပါ
နှစ်ဦးသား အချစ်စိတ်တွေထုံလာရင် ပိုင်ဆိုင်ချင်စိတ်နဲ့ အချစ်နယ်ကျွံတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါဟာ အချစ်ကြောင့်ဖြစ်လာတဲ့ သဘာဝမို့ လွန်ဆန်လို့ မရဘူးဆိုတာတော့ မဖြစ်ပါစေနဲ့။ တွဲလာတဲ့နှစ်တွေကြာလာလို့ လက်ထပ်မယ်၊ တာဝန်ယူမယ့်စိတ်နဲ့ နှစ်ဦးသဘောတူ နေမယ်ဆိုရင်တောင် သေချာပြန်စဉ်းစားပါ။ ကိုယ့်လူဟာ ယုံကြည်လို့ရလား၊ ကတိတွေဟာ အချိန်မရွေး ပြတ်ပျယ်သွားနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ယောကျ်ားလေးအနေနဲ့ ကိုယ်တာဝန်ယူဖို့ မသေချာတဲ့ မိန်းမကောင်းတစ်ယောက်ကို အညွှန့်မချိုးမိဖို့ သတိစိတ်လေး အမြဲတမ်းထားနေပါ။ ချစ်သူရဲ့ တန်ဖိုးကို ကိုယ်တိုင်မြှင့်ပေးနိုင်ပါစေ။

၁၀။    ကတိမပေးပါနဲ့
ကိုယ်တိုင် မသေချာမရေရာတဲ့ ကတိ လုံးဝမပေးပါနဲ့။ မဖြစ်နိုင်တဲ့ ကတိမပေးပါနဲ့။ တစ်ခုခုကို လိုချင်စိတ်နဲ့ ကတိမပေးပါနဲ့။ ကံကြမ္မာမှာ ဘာတွေ ဖြစ်လာမလဲ ဘယ်သူမှမသိပါဘူး။ ကတိမပေးပဲ လက်တွေ့မှာ ချစ်သူရဲ့ ယုံကြည်မှုရလာအောင် ကြိုးစားပါ။

၁၁။ အပျော်မထားပါနဲ့
လူ့စိတ်ဆိုတာ ဖြစ်လေ့ရှိပါတယ် ဒီတစ်ယောက်နဲ့ တွဲတာကြာလာတဲ့အခါ ပျင်းရိ ငြီးငွေ့သွားတတ်ကြပါတယ်။ ရင်ခုန်စရာကောင်းတဲ့ တခြားဇာတ်လမ်းတွေ ဖန်တီးတတ်ကြပါတယ်။ ချစ်သူဘဝမှာတောင် ဒီလိုတွေဖြစ်နေရင် အိမ်ထောင်ဘဝခိုင်မြဲဖို့ဆိုတာ မသေချာပါဘူး။ သူ့ကိုလက်ထပ်မယ်လို့ ဆုံးဖြတ်ထားရင် သူနဲ့ပဲ ဘဝတစ်လျှောက်လုံးတွဲပါ။ နောက်တစ်ယောက်ကို ချစ်တဲ့စိတ်ဖြစ်လာရင်တော့ ကိုယ့်စိတ်ကို သေချာပြန်မေးပါ။ နှလုံးသားဆိုတာ ကစားစရာ မဟုတ်ပါဘူး။ ယုံကြည်မှုဆိုတာမရှိတော့ရင် ပြန်ရယူဖို့ အင်မတန်ခက်ခဲပါတယ်။

၁၂။    အချစ်တွေပူနွေးနေပါစေ
ချစ်သူသက်တမ်း ကြာလာတာနဲ့အမျှ အချစ်တွေ အေးစက်လာတက်ကြပါတယ်။ အေးစက်စက်နဲ့ သူစကားပြောရင် ပြန်ပြောလိုက်၊ အချိန်တန်နှုတ်ဆတ် အိမ်ပြန်တာကြီးကတော့ ရိုးရှင်းလွန်းပါတယ်။ မြန်မြန်လဲ ငြီးငွေ့လွယ်ပါတယ်။ တစ်ခါ တစ်ရံ ချစ်စရာကောင်းတဲ့ ကောင်မလေးတွေလို တီတီတာတာနဲ့ ဆိုးတတ်၊ ရစ်တတ်တာလေးတွေ ကြည်နူးဖို့ကောင်းပါတယ်။ သူ စိတ်ဆိုးသွားရင်တော့ ချော့ဖို့မမေ့နဲ့ပေါ့နော်။

၁၃။    နားထောင်သူ၊ တိုင်ပင်သူဖြစ်ပါစေ
ချစ်သူရဲ့ လူမှုရေး၊ စီးပွားရေး၊ မိသားစု ကိစ္စအဖြာဖြာကို သေချာနားထောင်ပေးသင့်ပါတယ်။ အဆင်မပြေတဲ့အခါ မကူညီနိုင်ရင်တောင် ကိုယ့်ကိုပြောပြလိုက်ရလို့ သူစိတ်နည်းနည်း ပေါ့သွားနိုင်ပါတယ်။ အကြံပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ခုချိန်ကတည်းက တိုင်တိုင်ပင်ပင် နေထိုင်တာ ကောင်းတဲ့အပြုအမူပါ။ ဥပမာ - ကိုယ် ဒီအလုပ်မှာ လုပ်ချင်တယ် လုပ်သင့်လားဆိုတာမျိုး တိုင်ပင်တာတွေက ယုံကြည်မှုတိုးစေပါတယ်။ ချစ်သူကို ရင်ဖွင့်ဖို့လဲ မမေ့ပါနဲ့။ ချစ်သူဆိုတာ
အေးအတူပူအမျှ ခံစားပေးဖို့ အနားရောက်လာတဲ့ သူတွေပါ။

၁၄။    မထိန်းချုပ်ပါနဲ့
တစ်ယောက်နဲ့ တစ်ယောက် အလွန်အကျွံ ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။ ညဘက်အပြင်မထွက်ရ၊ သူငယ်ချင်းများနဲ့ မသောက်စားရ၊ ယောကျ်ားလေး၊ မိန်းကလေး သူငယ်ချင်းများနဲ့ စကားမပြောရ စတဲ့ ထိန်းချုပ်တာတွေ အရမ်းမလုပ်မိပါစေနဲ့။ ကြာလာရင် သံသယစိတ်တွေ လွန်ကဲလာနိုင်ပါတယ်။ အချင်းချင်း စိုးရိမ်စိတ်နဲ့ စေတနာ သတိစကားလေးတွေကတော့ ပြောပေးရမှာပေါ့။

၁၅။    ရှေ့ရေးအကြောင်း ဆွေးနွေးပါ
ဘဝတစ်လျှောက်လုံး အကောင်းအဆိုး လောဂဓံမှန်သမျှ တူတူကျော်ဖြတ်မယ်၊ ကြင်ယာဖက်အဖြစ် ချစ်သူကို ရွေးချယ်လိုက်ပြီဆိုရင် နှစ်ယောက်တူတူရှိနေချိန် ရှေ့ရေးအကြောင်းလေးတွေ ဆွေးနွေးပေးပါ။ ဒီလိုဆွေးနွေးခြင်းဟာ အရမ်းကိုနွေးထွေးနီးစပ်စေပါတယ်။ အချစ်တွေလဲ ပိုတိုးလာသလို နှစ်ယောက်တူတူ နေထိုင်ရတော့မယ်ဆိုတဲ့ အသိနဲ့ အရာရာမှာ အားသွန်ခွန်စိုက် ကြိုးစားနေမိမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: people magazine
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top