Kantharyar Centre
×

နည္းပညာတကၠသုိလ္ မ်ား၏ ငါးႏွစ္သင္တန္းေနာက္ဆံုး အသုတ္ျဖစ္သည့္ B.E သင္တန္း မ်ား၏ အတန္းတင္စာေမးပြဲမ်ား အတြက္ Re-Exam ျပဳလုပ္ေပး မည္မဟုတ္ေၾကာင္း ပညာေရး ၀န္ႀကီးဌာနက ေၾကညာသည္။

၂၀၁၅-၁၆ ပညာသင္ႏွစ္ တြင္ ဖြင့္လွစ္လ်က္ရိွသည့္ B.E သင္တန္းမ်ား၏ စာေမးပဲြမ်ားအ တြက္  Re-Exam မရိွေၾကာင္း ပညာေရး၀န္ႀကီးဌာန စက္မႈနည္းပညာျမႇင့္တင္ေရးႏွင့္ ပူးေပါင္း ေဆာင္ရြက္ေရးဦးစီးဌာနက နည္း ပညာတကၠသုိလ္အားလံုးသုိ႔ စက္ တင္ဘာ ၇ ရက္စြဲျဖင့္ အေၾကာင္း ၾကားစာမ်ား ေပးပို႔ခဲ့သည္။

အဆုိပါ B.E သင္တန္းသား မ်ားသည္ လာမည့္စက္တင္ဘာ ၁၂ ရက္တြင္ စတင္က်င္းပမည့္ အတန္းတင္စာေမးပြဲ၌ က်႐ႈံးခဲ့ ပါက လာမည့္ ၂၀၁၇-၁၈ ပညာ သင္ႏွစ္တြင္ စတင္မည့္ B.E၂ ႏွစ္သင္တန္းကို ဆက္လက္ တက္ေရာက္ရမည္ျဖစ္ေၾကာင္း ပညာေရး၀န္ႀကီးဌာန (သိပၸံႏွင့္ နည္းပညာ)အၿမဲတမ္းအတြင္း၀န္ ဦးေက်ာ္စြာစုိးက ေျပာသည္။

‘‘Re-Exam က်င္းပခြင့္ရဖို႔ ၀န္ႀကီးဆီကုိ တင္ထားခဲ့တယ္။ ငါးႏွစ္ B.E တန္းအတြက္ ေနာက္ ဆံုးက်န္ခဲ့တဲ့ အတန္းဆုိေတာ့ Re-Exam စဥ္းစားေပးမယ္ဆိုၿပီး တင္ခဲ့တယ္။ အခုမက်င္းပဖို႔ ဆံုးျဖတ္လုိက္ၿပီးတဲ့အတြက္ က်သြား တဲ့သူေတြက ေျခာက္ႏွစ္ B.E တန္းကုိ ေရာက္သြားၿပီးေတာ့ ၂ ႏွစ္ ဆက္တက္ရမယ္’’ဟု ဦးေက်ာ္စြာစုိးက ေျပာၾကားသည္။

နည္းပညာတကၠသုိလ္မ်ား တြင္ ယခင္က အင္ဂ်င္နီယာဘြဲ႕ (Bachelor of Engineering) ရရိွ ရန္ သင္တန္းကာလ ငါးႏွစ္တက္ ေရာက္ရၿပီး ၂၀၁၃-၁၄ ပညာ သင္ႏွစ္ကစ၍ အင္ဂ်င္နီယာ ဘြဲ႕(B.E)အတြက္ ေျခာက္ႏွစ္ ဆက္တုိက္တက္ေရာက္သည့္ စနစ္ကုိ ေျပာင္းလဲကာ အဆိုပါ သင္တန္းသားမ်ားသည္ လာမည့္ ၂၀၁၇-၁၈ ပညာသင္ႏွစ္၌ B.E တန္းသို႔ ေရာက္ရိွလာမည္ျဖစ္ သည္။ ယခုႏွစ္ B.E သင္တန္း ေက်ာင္းသူ၊ ေက်ာင္းသားမ်ား သည္ ယခင္စနစ္ေဟာင္း ငါးႏွစ္ သင္တန္း၏ ေနာက္ဆံုးအသုတ္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား ျဖစ္ၿပီး အတန္းတင္စာေမးပြဲ၌ က်႐ႈံးခဲ့ပါက B.E သင္တန္းကုိ ၂ ႏွစ္တက္ေရာက္သင္ၾကားရမည္ ျဖစ္သည္။

နည္းပညာတကၠသုိလ္မ်ား ေမဂ်ာေပါင္းစံုဘာသာရပ္ညိႇႏႈိင္း အစည္းအေ၀းကုိ စက္တင္ဘာ ၅ ရက္မွ ၆ ရက္အထိ သန္လ်င္နည္း ပညာတကၠသုိလ္တြင္ က်င္းပျပဳ လုပ္ခဲ့ၿပီး သက္ဆုိင္ရာနည္းပညာ တကၠသုိလ္မ်ားမွ တာ၀န္ရိွသူမ်ား တက္ေရာက္ေဆြးေႏြးခဲ့သည္။

‘‘အခု B.E တန္းကုိ  Re-Exam က်င္းပဖို႔ ၀န္ႀကီး႐ံုးက ခြင့္မျပဳဘူး။ က်သြားတဲ့ ကေလးက တစ္ႏွစ္ ပုိၾကာသြားမယ္’’ဟု သန္လ်င္ နည္းပညာတကၠသုိလ္ ပါေမာကၡ ခ်ဳပ္ ေဒါက္တာ  ေကသီလြင္က ေျပာၾကားသည္။

နည္းပညာတကၠသုိလ္မ်ား ၏ အတန္းတင္စာေမးပြဲကို စက္ တင္ဘာ ၁၂ ရက္မွ ၂၂ ရက္အထိ က်င္းပမည္ျဖစ္ၿပီး စက္တင္ ဘာ ၁၃ ရက္သည္ အမ်ားျပည္သူအလုပ္ပိတ္ရက္ေန႔ ျဖစ္ေသာ ေၾကာင့္ အဆုိပါရက္ေျဖဆုိရမည့္ ဘာသာမ်ားကုိ စက္တင္ဘာ ၂၃ ရက္သို႔ ေျပာင္းေရႊ႕ေျဖဆုိရမည္ ျဖစ္ေၾကာင္း နည္းပညာတကၠ သုိလ္မ်ားမွ သိရသည္။

အဆင့္ျမႇင့္တင္ထားသည့္ ရန္ကုန္ႏွင့္ မႏၲေလးနည္းပညာ တကၠသုိလ္အပါအ၀င္ နည္းပညာ တကၠသုိလ္ ၃၀ ေက်ာ္ရိွေၾကာင္း ပညာေရး၀န္ႀကီးဌာနမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

နည်းပညာတက္ကသိုလ် များ၏ ငါးနှစ်သင်တန်းနောက်ဆုံး အသုတ်ဖြစ်သည့် B.E သင်တန်း များ၏ အတန်းတင်စာမေးပွဲများ အတွက် Re-Exam ပြုလုပ်ပေး မည်မဟုတ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ကြေညာသည်။

၂၀၁၅-၁၆ ပညာသင်နှစ် တွင် ဖွင့်လှစ်လျက်ရှိသည့် B.E သင်တန်းများ၏ စာမေးပွဲများအ တွက်  Re-Exam မရှိကြောင်း ပညာရေးဝန်ကြီးဌာန စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနက နည်း ပညာတက္ကသိုလ်အားလုံးသို့ စက် တင်ဘာ ၇ ရက်စွဲဖြင့် အကြောင်း ကြားစာများ ပေးပို့ခဲ့သည်။

အဆိုပါ B.E သင်တန်းသား များသည် လာမည့်စက်တင်ဘာ ၁၂ ရက်တွင် စတင်ကျင်းပမည့် အတန်းတင်စာမေးပွဲ၌ ကျရှုံးခဲ့ ပါက လာမည့် ၂၀၁၇-၁၈ ပညာ သင်နှစ်တွင် စတင်မည့် B.E၂ နှစ်သင်တန်းကို ဆက်လက် တက်ရောက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)အမြဲတမ်းအတွင်းဝန် ဦးကျော်စွာစိုးက ပြောသည်။

‘‘Re-Exam ကျင်းပခွင့်ရဖို့ ဝန်ကြီးဆီကို တင်ထားခဲ့တယ်။ ငါးနှစ် B.E တန်းအတွက် နောက် ဆုံးကျန်ခဲ့တဲ့ အတန်းဆိုတော့ Re-Exam စဉ်းစားပေးမယ်ဆိုပြီး တင်ခဲ့တယ်။ အခုမကျင်းပဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့အတွက် ကျသွား တဲ့သူတွေက ခြောက်နှစ် B.E တန်းကို ရောက်သွားပြီးတော့ ၂ နှစ် ဆက်တက်ရမယ်’’ဟု ဦးကျော်စွာစိုးက ပြောကြားသည်။

နည်းပညာတက္ကသိုလ်များ တွင် ယခင်က အင်ဂျင်နီယာဘွဲ့ (Bachelor of Engineering) ရရှိ ရန် သင်တန်းကာလ ငါးနှစ်တက် ရောက်ရပြီး ၂၀၁၃-၁၄ ပညာ သင်နှစ်ကစ၍ အင်ဂျင်နီယာ ဘွဲ့(B.E)အတွက် ခြောက်နှစ် ဆက်တိုက်တက်ရောက်သည့် စနစ်ကို ပြောင်းလဲကာ အဆိုပါ သင်တန်းသားများသည် လာမည့် ၂၀၁၇-၁၈ ပညာသင်နှစ်၌ B.E တန်းသို့ ရောက်ရှိလာမည်ဖြစ် သည်။ ယခုနှစ် B.E သင်တန်း ကျောင်းသူ၊ ကျောင်းသားများ သည် ယခင်စနစ်ဟောင်း ငါးနှစ် သင်တန်း၏ နောက်ဆုံးအသုတ် ကျောင်းသူ၊ ကျောင်းသားများ ဖြစ်ပြီး အတန်းတင်စာမေးပွဲ၌ ကျရှုံးခဲ့ပါက B.E သင်တန်းကို ၂ နှစ်တက်ရောက်သင်ကြားရမည် ဖြစ်သည်။

နည်းပညာတက္ကသိုလ်များ မေဂျာပေါင်းစုံဘာသာရပ်ညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၅ ရက်မှ ၆ ရက်အထိ သန်လျင်နည်း ပညာတက္ကသိုလ်တွင် ကျင်းပပြု လုပ်ခဲ့ပြီး သက်ဆိုင်ရာနည်းပညာ တက္ကသိုလ်များမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့သည်။

‘‘အခု B.E တန်းကို  Re-Exam ကျင်းပဖို့ ဝန်ကြီးရုံးက ခွင့်မပြုဘူး။ ကျသွားတဲ့ ကလေးက တစ်နှစ် ပိုကြာသွားမယ်’’ဟု သန်လျင် နည်းပညာတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာ  ကေသီလွင်က ပြောကြားသည်။

နည်းပညာတက္ကသိုလ်များ ၏ အတန်းတင်စာမေးပွဲကို စက် တင်ဘာ ၁၂ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး စက်တင် ဘာ ၁၃ ရက်သည် အများပြည်သူအလုပ်ပိတ်ရက်နေ့ ဖြစ်သော ကြောင့် အဆိုပါရက်ဖြေဆိုရမည့် ဘာသာများကို စက်တင်ဘာ ၂၃ ရက်သို့ ပြောင်းရွှေ့ဖြေဆိုရမည် ဖြစ်ကြောင်း နည်းပညာတက္က သိုလ်များမှ သိရသည်။

အဆင့်မြှင့်တင်ထားသည့် ရန်ကုန်နှင့် မန္တလေးနည်းပညာ တက္ကသိုလ်အပါအဝင် နည်းပညာ တက္ကသိုလ် ၃၀ ကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top