Property Expo
×

အမ်ားစုအတြက္ ဆုိရွယ္မီဒီယာဟာ ဆုိရွယ္သက္သက္ပါပဲ။ သူငယ္ခ်င္းေတြ၊ မိသားစုနဲ႔ စီးပြားေရးလုပ္ေဖာ္ေတြနဲ႔ ခ်ိတ္ဆက္မိေစတဲ့ နည္းလမ္းတစ္ခု ျဖစ္ပါတယ္။ အထူးသျဖင့္ ေဖ့စ္ဘြတ္ခ္က သင့္စိတ္ကူး၊ အေတြးေတြ၊ ဓာတ္ပုံေတြနဲ႔ ၾကြားလုံးေတြ ထပ္ဆင့္ေဝမွ်ခြင့္ ရေစပါတယ္။ သင့္ကိုယ္သင္ ဘယ္ေလာက္ေပ်ာ္တတ္ေၾကာင္း၊ ဘယ္လုိ ပြဲမ်ဳိးေတြမွာ ေရာက္ရိွေနေၾကာင္းနဲ႔ မိမိျပဳလုပ္တဲ့ ေကာင္းတဲ့အရာေတြ သူက တစ္ဆင့္ေဖာ္ျပႏုိင္ပါတယ္။

ဒါေပမယ့္ လူမႈမီဒီယာနဲ႔ ေဖ့စ္ဘြတ္ခ္ကုိ ပိုက္ဆံရုိက္စားဖုိ႔၊ အဆက္ေဟာင္းကို ေခ်ာင္းေျမာင္းဖုိ႔နဲ႔ လက္တြဲေဖာ္ေတြ လိမ္ညာဖုိ႔ နည္းလမ္းသဖြယ္ အသုံးခ်သူေတြ ရိွပါတယ္။ မက္ေဆ့ခ်္ feature ေၾကာင့္ အေပ်ာ္ရည္းစားထားဖုိ႔ ပိုမုိလြယ္ကူးပါတယ္။ ဒါေပမယ့္ သင့္ friend list မွာ မရိွသူ တစ္စုံတစ္ေယာက္ကို မက္ေဆ့ခ်္ေပးပို႔ပါက အဲဒီမက္ေဆ့ခ်္ လက္ခံရရိွသူရဲ႕ ပုံမွန္ message box ဆီ ေရာက္မွာမဟုတ္ပါဘူး။ အဲဒီအစား အလြယ္တကူ မ်က္စိလွ်မ္းေက်ာ္သြားႏုိင္တဲ့ တျခားတစ္ေနရာဆီ ေရာက္သြားပါလိမ့္မယ္။

ဒါေပမယ့္ မသမာသူ လူလိမ္ေတြနဲ႔ အရွက္မဲ့ ဖြန္ေၾကာင္တတ္သူေတြအတြက္ သတင္းေကာင္းတစ္ခုရိွပါတယ္။ ေဖ့စ္ဘြတ္ခ္မွ ပုိ႔စ္ေအာက္မွာ အျခားသူမျမင္ရမယ့္ comment ေတြ ေရးသားႏုိင္မယ့္ feature သစ္တစ္ခုျပဳလုပ္မယ္လုိ႔ Elite Daily အရ သိရပါတယ္။

သင့္ခ်စ္သူ မသိဘဲ အီစီကလီေတြလုပ္ႏိုင္မယ့္ အခြင့္အေရး ျဖစ္ပါတယ္။  ဒါေပမယ့္ ဒီအရာဟာ အခ်စ္ေရးကိစၥ ဘယ္ေလာက္ထိ ထိခုိက္ေစႏုိင္လဲ မေမ့သင့္ပါဘူး။ ဒီ feature သစ္က သစၥာေဖာက္မႈ ပိုမုိလြယ္ကူေစမွာ အမွန္ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

အများစုအတွက် ဆိုရှယ်မီဒီယာဟာ ဆိုရှယ်သက်သက်ပါပဲ။ သူငယ်ချင်းတွေ၊ မိသားစုနဲ့ စီးပွားရေးလုပ်ဖော်တွေနဲ့ ချိတ်ဆက်မိစေတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်က သင့်စိတ်ကူး၊ အတွေးတွေ၊ ဓာတ်ပုံတွေနဲ့ ကြွားလုံးတွေ ထပ်ဆင့်ဝေမျှခွင့် ရစေပါတယ်။ သင့်ကိုယ်သင် ဘယ်လောက်ပျော်တတ်ကြောင်း၊ ဘယ်လို ပွဲမျိုးတွေမှာ ရောက်ရှိနေကြောင်းနဲ့ မိမိပြုလုပ်တဲ့ ကောင်းတဲ့အရာတွေ သူက တစ်ဆင့်ဖော်ပြနိုင်ပါတယ်။

ဒါပေမယ့် လူမှုမီဒီယာနဲ့ ဖေ့စ်ဘွတ်ခ်ကို ပိုက်ဆံရိုက်စားဖို့၊ အဆက်ဟောင်းကို ချောင်းမြောင်းဖို့နဲ့ လက်တွဲဖော်တွေ လိမ်ညာဖို့ နည်းလမ်းသဖွယ် အသုံးချသူတွေ ရှိပါတယ်။ မက်ဆေ့ချ် feature ကြောင့် အပျော်ရည်းစားထားဖို့ ပိုမိုလွယ်ကူးပါတယ်။ ဒါပေမယ့် သင့် friend list မှာ မရှိသူ တစ်စုံတစ်ယောက်ကို မက်ဆေ့ချ်ပေးပို့ပါက အဲဒီမက်ဆေ့ချ် လက်ခံရရှိသူရဲ့ ပုံမှန် message box ဆီ ရောက်မှာမဟုတ်ပါဘူး။ အဲဒီအစား အလွယ်တကူ မျက်စိလျှမ်းကျော်သွားနိုင်တဲ့ တခြားတစ်နေရာဆီ ရောက်သွားပါလိမ့်မယ်။

ဒါပေမယ့် မသမာသူ လူလိမ်တွေနဲ့ အရှက်မဲ့ ဖွန်ကြောင်တတ်သူတွေအတွက် သတင်းကောင်းတစ်ခုရှိပါတယ်။ ဖေ့စ်ဘွတ်ခ်မှ ပို့စ်အောက်မှာ အခြားသူမမြင်ရမယ့် comment တွေ ရေးသားနိုင်မယ့် feature သစ်တစ်ခုပြုလုပ်မယ်လို့ Elite Daily အရ သိရပါတယ်။

သင့်ချစ်သူ မသိဘဲ အီစီကလီတွေလုပ်နိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။  ဒါပေမယ့် ဒီအရာဟာ အချစ်ရေးကိစ္စ ဘယ်လောက်ထိ ထိခိုက်စေနိုင်လဲ မမေ့သင့်ပါဘူး။ ဒီ feature သစ်က သစ္စာဖောက်မှု ပိုမိုလွယ်ကူစေမှာ အမှန်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top