Property Expo
×





Credit: duwun

#Unicode Version

Niantic ကုမ္ပဏီရဲ့ ပိုကီမွန်ဂိုး (Pokémon Go) မိုဘိုင်းဂိမ်းဟာ ဝင်ငွေ ဒေါ်လာ သန်း ၅၀၀ ကို အလျှင်မြန်ဆုံးရရှိလာတဲ့ဂိမ်းအဖြစ် စံချိန်သစ်ထပ်ရသွားပြန်ပါပြီ။ ရှေ့ပိုင်းမှာလည်း စံချိန်တွေ တစ်ခုပြီးတစ်ခု ရထားခဲ့ပါသေးတယ်။

တစ်ပတ်အတွင်း ဒေါင်းလုတ်အများဆုံးဆွဲခံရတဲ့ဂိမ်းအဖြစ်လည်းကောင်း၊ Google Play ကနေ install ပြုလုပ်သူ သန်း ၅၀ ကို အလျှင်မြန်ဆုံးရောက်ရှိလာတဲ့ဂိမ်းအဖြစ်လည်းကောင်း မှတ်တမ်းတွေရထားခဲ့ပါတယ်။

ပိုကီမွန်ဂိုး ဂိမ်းဟာ ကမ္ဘာတစ်ဝန်းမှာ ဆော့ကစားသူ များပြားလာတာနဲ့အမျှ ဝင်ငွေ ဒေါ်လာ သန်း ၅၀၀ ကို ယခုလို အလျှင်အမြန်ရောက်ရှိလာတာပါ။ နှစ်ကုန်လောက်ဆိုရင်တော့ ဝင်ငွေက ဒေါ်လာ ၁ ဘီလီယံလောက် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top