Kantharyar Centre
×

မိုဘိုင္း SIM ကတ္ဝယ္ယူစဥ္ ပါဝင္သည့္ ဆင္းမ္ကတ္ PIN နံပါတ္ႏွင့္ PUK နံပါတ္မ်ားကို သိမ္းဆည္းထားၾကရန္ ဆက္သြယ္ေရးေအာ္ပေရတာမ်ားက ႏိႈးေဆာ္ထားသည္။
မိုဘိုင္းဖုန္းနံပါတ္ကို အတည္တက်အေနျဖင့္ အသံုးျပဳလိုသူမ်ားအတြက္ ကတ္ေပ်ာက္၊ ကတ္ပ်က္ ျဖစ္ပြားသည့္အခါ ဆင္းမ္ကတ္ PIN နံပါတ္ PUK နံပါတ္မ်ား မသိရွိၾကသည့္အတြက္ အခက္အခဲမ်ားလည္း ႀကံဳေတြ႕ေနရသည္ဟု သိရသည္။

လက္ရွိအခ်ိန္၌ ဆက္သြယ္ေရးေအာ္ပေရတာမ်ားသည္ မွတ္ပံုတင္ထားျခင္းမရွိေသာ ဆင္းမ္ကတ္ မ်ားကို မွတ္ပံုတင္ၾကရန္ တိုက္တြန္းႏိႈးေဆာ္ထားၿပီး ဆင္းမ္ကတ္မ်ား မွတ္ပံုတင္ျခင္းကိုလည္း ၎တုိ႔၏ အေရာင္းဆိုင္မ်ားတြင္ လာေရာက္ျပဳလုပ္ ေဆာင္ရြက္ၾကရန္ ေၾကညာထားသည္။

ဆက္သြယ္ေရးညႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ မွတ္ပံုတင္ထားျခင္းမရွိေသာ ဆင္းမ္ကတ္မ်ားကို လာမည့္ႏွစ္အတြင္း ယာယီ ပိတ္သိမ္းမႈမ်ားျပဳလုပ္သြားမည္ဟု ေၾကညာခဲ့သည့္ေနာက္ပိုင္း ဆက္သြယ္ေရးေအာ္ပေရတာမ်ားက ဆင္းမ္ကတ္မ်ား မွတ္ပံုတင္ၾကရန္ တိုက္တြန္းေနၾကျခင္းျဖစ္သည္။

လက္ရွိအခ်ိန္၌ ဆင္းမ္ကတ္မ်ားကို အေရာင္းကိုယ္စားလွယ္ႀကီးမ်ားက မွတ္ပံုတင္ေၾကးကို ေအာ္ပေရတာမ်ားထံမွရရွိသည့္ အတြက္ အခ်ိဳ႕ေသာဆင္းမ္ကတ္မ်ားကို အခ်က္အလက္မွားယြင္းစြာျဖင့္ ျဖည့္သြင္းေရာင္းခ်ေနၾကျခင္းျဖစ္သည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Internet Journal

#Unicode Version
မိုဘိုင်း SIM ကတ်ဝယ်ယူစဉ် ပါဝင်သည့် ဆင်းမ်ကတ် PIN နံပါတ်နှင့် PUK နံပါတ်များကို သိမ်းဆည်းထားကြရန် ဆက်သွယ်ရေးအော်ပရေတာများက နှိုးဆော်ထားသည်။
မိုဘိုင်းဖုန်းနံပါတ်ကို အတည်တကျအနေဖြင့် အသုံးပြုလိုသူများအတွက် ကတ်ပျောက်၊ ကတ်ပျက် ဖြစ်ပွားသည့်အခါ ဆင်းမ်ကတ် PIN နံပါတ် PUK နံပါတ်များ မသိရှိကြသည့်အတွက် အခက်အခဲများလည်း ကြုံတွေ့နေရသည်ဟု သိရသည်။

လက်ရှိအချိန်၌ ဆက်သွယ်ရေးအော်ပရေတာများသည် မှတ်ပုံတင်ထားခြင်းမရှိသော ဆင်းမ်ကတ် များကို မှတ်ပုံတင်ကြရန် တိုက်တွန်းနှိုးဆော်ထားပြီး ဆင်းမ်ကတ်များ မှတ်ပုံတင်ခြင်းကိုလည်း ၎င်းတို့၏ အရောင်းဆိုင်များတွင် လာရောက်ပြုလုပ် ဆောင်ရွက်ကြရန် ကြေညာထားသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မှတ်ပုံတင်ထားခြင်းမရှိသော ဆင်းမ်ကတ်များကို လာမည့်နှစ်အတွင်း ယာယီ ပိတ်သိမ်းမှုများပြုလုပ်သွားမည်ဟု ကြေညာခဲ့သည့်နောက်ပိုင်း ဆက်သွယ်ရေးအော်ပရေတာများက ဆင်းမ်ကတ်များ မှတ်ပုံတင်ကြရန် တိုက်တွန်းနေကြခြင်းဖြစ်သည်။

လက်ရှိအချိန်၌ ဆင်းမ်ကတ်များကို အရောင်းကိုယ်စားလှယ်ကြီးများက မှတ်ပုံတင်ကြေးကို အော်ပရေတာများထံမှရရှိသည့် အတွက် အချို့သောဆင်းမ်ကတ်များကို အချက်အလက်မှားယွင်းစွာဖြင့် ဖြည့်သွင်းရောင်းချနေကြခြင်းဖြစ်သည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:Internet Journal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top