Property Expo
×









လေယာဉ်သည် မုန်တိုင်းနှင့် ကြုံရခြင်း၊ အမြင့်ပေရုတ်တရက် နိမ့်ဆင်းသွားခြင်း၊ မူလလမ်း ကြောင်းမှ သွေဖည်သွားခြင်းမျိုး ကိုလည်း AirMap က အချက် ပေးနိုင်ပြီး လေကြောင်းလိုင်းများ က လေယာဉ်မှူးများကို အီလက် ထရွန်နစ် စာရေးသားဆက်သွယ် ခြင်း၊ အသံမက်ဆေ့ခ်ျပို့ ဆက် သွယ်ခြင်းများ ပြုလုပ်နိုင်သည်။

Credit:7Day Daily

#Unicode Version
  နောက်တစ်ကြိမ် လေ ယာဉ်ပျောက်ဆုံးခြင်း မရှိစေရန် သေချာစေမည်ဟု ကြွေးကြော် ထားသော လေယာဉ်ခြေရာခံ စနစ်သစ်တစ်ခုကို ဂျပန်အီလက် ထရွန်နစ်ကုမ္ပဏီ Panasonic ၏ အမေရိကန်အခြေစိုက် လေ ကြောင်းနှင့် အာကာသလုပ်ငန်း က ဖော်ထုတ်လိုက်သည်။


မလေးရှားလေကြောင်းခရီး စဉ်အမှတ် MH370 လေယာဉ် ထူးဆန်းစွာ ပျောက်ဆုံးသွားပြီး နောက် ၂ နှစ်အကြာတွင် အင်တာနက်အခြေခံသော ခြေရာခံကိရိယာ AirMap ထွက်ရှိလာခြင်းဖြစ်သည်။

ယင်းစနစ်ကြောင့် လေ ကြောင်းလိုင်းများက လေယာဉ် များကို စဉ်ဆက်မပြတ် ခြေရာခံ နိုင်သည်။

MH370 ပျောက်ဆုံးသွားပြီး နောက် Panasonic Avionics ကုမ္ပဏီနှင့် ဂြိုဟ်တုလုပ်ငန်းကုမ္ပ ဏီများဖြစ်သော Iridium Inmar-sat နှင့် Globalstar တို့က ၎င်းတို့၏ လေယာဉ်ခြေရာခံရေးစနစ်ကို တိုးတက်အောင် ဖော်ဆောင်ခဲ့ သည်။

လေကြောင်းလိုင်းနှစ်လိုင်း သည် AirMap ဝန်ဆောင်မှု ရယူ ထားပြီးဖြစ်သည်။

မလေးရှား AirAsia လေ ကြောင်းနှင့် အလက်စကာ Pe-ninsala ပြည်တွင်းလေကြောင်း တို့ဖြစ်ပြီး နှစ်ကုန်ပိုင်းတွင် နောက်ထပ် လေကြောင်းလိုင်းသုံးခုက ယင်းစနစ်ကို အသုံးပြုမည်ဟုဆို သည်။

အဆိုပါစနစ် အသုံးပြုသော လေကြောင်းလိုင်းများအနေဖြင့် လေယာဉ်မှ အချက်ပြမှုအချိန်ကို လိုသလို သတ်မှတ်နိုင်ပြီး မိနစ် တိုင်း အချက်ပေးရန်အထိ လုပ် ဆောင်နိုင်သည်။

လေယာဉ်သည် မုန်တိုင်းနှင့် ကြုံရခြင်း၊ အမြင့်ပေရုတ်တရက် နိမ့်ဆင်းသွားခြင်း၊ မူလလမ်း ကြောင်းမှ သွေဖည်သွားခြင်းမျိုး ကိုလည်း AirMap က အချက် ပေးနိုင်ပြီး လေကြောင်းလိုင်းများ က လေယာဉ်မှူးများကို အီလက် ထရွန်နစ် စာရေးသားဆက်သွယ် ခြင်း၊ အသံမက်ဆေ့ချ်ပို့ ဆက် သွယ်ခြင်းများ ပြုလုပ်နိုင်သည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top