Property Expo
×

လက္ရွိမွာေဇရဲထက္နဲ႕အတူ မိုးရနံ႕သင္းတဲ့ေနမ၀င္ညေန ကားေလးမွာ ပါ၀င္သရုပ္ေဆာင္ေနတာကေတာ့ သဥၹာႏြယ္၀င္းပဲျဖစ္ပါတယ္။ သူမဟာ ဒီကားအၿပီးမွာ ဗီဒီယိုကားေလးေတြ လက္ခံထားတယ္လို႕သိရပါတယ္။ ဒါ့အျပင္ အႏုပညာရွင္တစ္ေယာက္လုပ္ေနတဲ့အတြက္ ေဖ့စ္ဘြတ္လူမႈကြန္ယက္ေပၚမွာအျမဲတစ္ေစတက္ေလ့ရွိတဲ့ သတင္းအမွားေတြတင္တဲ့ page ေတြအေပၚ သူမအျမင္နဲ႕မၾကာခင္မွာလဲ မိခင္ျဖစ္သူရဲ႕က်န္းမာေရးေၾကာင့္ဘန္ေကာက္ကုိသြားဖို႕ရွိတယ္လို႕သိရတာေၾကာင့္ သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

"အေမက်န္းမာေရးသြားစစ္ဖို႕အတြက္ဘန္ေကာက္သြားဖို႕ရွိတယ္။ ေနာက္အဲ့ဒီမွာ အေမ့ေျခေထာက္ကိုျပန္ၿပီးေဆးခန္းသြားျပရမယ္။ မားမားကေျခေထာက္ ထိထားတာေလ။ အခန္းထဲမွာ လမ္းေလွ်ာက္ရင္းနဲ႕က်ိဳးသြားတာေလ။ အဲ့ဒါ တုိက္ေတနီယမ္ ထည့္ထားတာ အဲ့ဒါအရိုးက ဘယ္ေလာက္ျပန္ဆက္ၿပီလဲဆိုတာကိုသိခ်င္လို႕သြားစစ္ေဆးမွာေပါ့။ ဒီတစ္လအတြင္းေတာ့ သြားျဖစ္မယ္။ မိသားစုအားလံုးသြားၾကမွာပါ"တဲ့။

ေဖ့စ္ဘြတ္လူမႈကြန္ယက္အေပၚမွာ ပ်ံ႕ႏွံ႕ေလ့ရွိတဲ့ ေကာလဟလအခ်ိဳ႕နဲ႕ပတ္သက္ၿပီး သူမအျမင္ကေတာ့ "ေဖ့စ္ဘြတ္က ပရိသတ္ေတြနဲ႕လဲပိုၿပီး ရင္းႏွီးေအာင္လဲလုပ္ေပးတယ္။ ဒါေပမဲ့တခ်ိဳ႕သတင္းအမွားေတြကိုလဲ ပရိသတ္ေတြကတကယ္ထင္ၿပီး ကုိယ့္ကိုမခ်စ္ေတာ့တာမ်ိဳးေတြလဲ ရွိတယ္ေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ပါ။ သဥၹာယံုထားတာက အရင္ကတည္းကေန အခုခ်ိန္ထိမေျပာင္းလဲပဲ ယံုထားတာက အျဖစ္မွန္ဆိုတာ ေရရွည္အခ်ိန္ၾကာလာတာနဲ႕အမွ်ပိုသိလာတယ္ေပါ့။ အကယ္၍ေကာလာဟလတစ္ခုထြက္တယ္ဆိုရင္ေတာင္ ယံုရင္ယံုလိမ့္မယ္။ ဒါေပမဲ့လူတစ္ေယာက္ရဲ႕ေရရွည္သြားတဲ့ စိတ္ဓာတ္ကိုၾကည့္ၿပီးေတာ့ဆံုးျဖတ္မယ္လို႕ထင္ပါတယ္။ အဲ့ဒီဖြတဲ့ Page ေတြဘာေတြကို သဥၹာတစ္အားၾကီး မစိုးရိမ္ဘူး။ ေကာင္းတဲ့ ဟာေလးေတြကုိလဲ သူတို႕တင္ေပးသလုိ တစ္ခါတစ္ရံမွာသူတုိ႕ထင္တာေလးေတြကုိလဲ တင္လိုက္တာမ်ိဳးရွိတယ္ေပါ့။ ဒါပါပဲ။"လို႕ သူမက ဖြင့္ဟသြားပါတယ္။

ခုေနာက္ပိုင္း ကားရိုက္ေတြအတြက္ သူမကိုယ္တုိင္ မိတ္ကပ္ကို လိမ္းျခယ္ျဖစ္လာတာ ေတြ႕ရပါတယ္။ ဒါကို ေမးၾကည့္လုိက္ေတာ့ သူမက "မိတ္ကပ္ျပင္ရတာကို သဥၹာၾကိဳက္တယ္။ ေနာက္ၿပီးသဥၹာကိုယ္တုိင္ကလဲ စင္ကာပူနဲ႕ဘန္ေကာက္မွာ သင္တန္းေတြသြားတက္ထားတယ္ဆုိေတာ့ ကိုယ္ကိုတိုင္ပဲျပင္ျဖစ္သြားတယ္။ ဆံပင္ကေတာ့ သဥၹာ့ကိုျပင္ေပးေနက် တစ္ေယာက္ရွိတယ္။ မိတ္ကပ္ျပင္တာနဲ႕ပတ္သက္ၿပီး လိုအပ္တာေလးေတြကိုေတာ့ သူတို႕ကပဲေျပာျပေပးပါတယ္"တဲ့။

လက္ရွိမွာသဥၹာႏြယ္၀င္းက မိုးရနံ႕သင္းတဲ့ေနမ၀င္ညေန ဆိုတဲ့ကားကုိ ေဇရဲထက္နဲ႕အတူပါ၀င္သရုပ္ေဆာင္ေနတယ္လို႕ေျပာျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

လက်ရှိမှာဇေရဲထက်နဲ့အတူ မိုးရနံ့သင်းတဲ့နေမဝင်ညနေ ကားလေးမှာ ပါဝင်သရုပ်ဆောင်နေတာကတော့ သဉ္ဖာနွယ်ဝင်းပဲဖြစ်ပါတယ်။ သူမဟာ ဒီကားအပြီးမှာ ဗီဒီယိုကားလေးတွေ လက်ခံထားတယ်လို့သိရပါတယ်။ ဒါ့အပြင် အနုပညာရှင်တစ်ယောက်လုပ်နေတဲ့အတွက် ဖေ့စ်ဘွတ်လူမှုကွန်ယက်ပေါ်မှာအမြဲတစ်စေတက်လေ့ရှိတဲ့ သတင်းအမှားတွေတင်တဲ့ page တွေအပေါ် သူမအမြင်နဲ့မကြာခင်မှာလဲ မိခင်ဖြစ်သူရဲ့ကျန်းမာရေးကြောင့်ဘန်ကောက်ကိုသွားဖို့ရှိတယ်လို့သိရတာကြောင့် သွားရောက်မေးမြန်းဖြစ်တဲ့အခါ

"အမေကျန်းမာရေးသွားစစ်ဖို့အတွက်ဘန်ကောက်သွားဖို့ရှိတယ်။ နောက်အဲ့ဒီမှာ အမေ့ခြေထောက်ကိုပြန်ပြီးဆေးခန်းသွားပြရမယ်။ မားမားကခြေထောက် ထိထားတာလေ။ အခန်းထဲမှာ လမ်းလျှောက်ရင်းနဲ့ကျိုးသွားတာလေ။ အဲ့ဒါ တိုက်တေနီယမ် ထည့်ထားတာ အဲ့ဒါအရိုးက ဘယ်လောက်ပြန်ဆက်ပြီလဲဆိုတာကိုသိချင်လို့သွားစစ်ဆေးမှာပေါ့။ ဒီတစ်လအတွင်းတော့ သွားဖြစ်မယ်။ မိသားစုအားလုံးသွားကြမှာပါ"တဲ့။

ဖေ့စ်ဘွတ်လူမှုကွန်ယက်အပေါ်မှာ ပျံ့နှံ့လေ့ရှိတဲ့ ကောလဟလအချို့နဲ့ပတ်သက်ပြီး သူမအမြင်ကတော့ "ဖေ့စ်ဘွတ်က ပရိသတ်တွေနဲ့လဲပိုပြီး ရင်းနှီးအောင်လဲလုပ်ပေးတယ်။ ဒါပေမဲ့တချို့သတင်းအမှားတွေကိုလဲ ပရိသတ်တွေကတကယ်ထင်ပြီး ကိုယ့်ကိုမချစ်တော့တာမျိုးတွေလဲ ရှိတယ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ သဉ္ဖာယုံထားတာက အရင်ကတည်းကနေ အခုချိန်ထိမပြောင်းလဲပဲ ယုံထားတာက အဖြစ်မှန်ဆိုတာ ရေရှည်အချိန်ကြာလာတာနဲ့အမျှပိုသိလာတယ်ပေါ့။ အကယ်၍ကောလာဟလတစ်ခုထွက်တယ်ဆိုရင်တောင် ယုံရင်ယုံလိမ့်မယ်။ ဒါပေမဲ့လူတစ်ယောက်ရဲ့ရေရှည်သွားတဲ့ စိတ်ဓာတ်ကိုကြည့်ပြီးတော့ဆုံးဖြတ်မယ်လို့ထင်ပါတယ်။ အဲ့ဒီဖွတဲ့ Page တွေဘာတွေကို သဉ္ဖာတစ်အားကြီး မစိုးရိမ်ဘူး။ ကောင်းတဲ့ ဟာလေးတွေကိုလဲ သူတို့တင်ပေးသလို တစ်ခါတစ်ရံမှာသူတို့ထင်တာလေးတွေကိုလဲ တင်လိုက်တာမျိုးရှိတယ်ပေါ့။ ဒါပါပဲ။"လို့ သူမက ဖွင့်ဟသွားပါတယ်။

ခုနောက်ပိုင်း ကားရိုက်တွေအတွက် သူမကိုယ်တိုင် မိတ်ကပ်ကို လိမ်းခြယ်ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကို မေးကြည့်လိုက်တော့ သူမက "မိတ်ကပ်ပြင်ရတာကို သဉ္ဖာကြိုက်တယ်။ နောက်ပြီးသဉ္ဖာကိုယ်တိုင်ကလဲ စင်ကာပူနဲ့ဘန်ကောက်မှာ သင်တန်းတွေသွားတက်ထားတယ်ဆိုတော့ ကိုယ်ကိုတိုင်ပဲပြင်ဖြစ်သွားတယ်။ ဆံပင်ကတော့ သဉ္ဖာ့ကိုပြင်ပေးနေကျ တစ်ယောက်ရှိတယ်။ မိတ်ကပ်ပြင်တာနဲ့ပတ်သက်ပြီး လိုအပ်တာလေးတွေကိုတော့ သူတို့ကပဲပြောပြပေးပါတယ်"တဲ့။

လက်ရှိမှာသဉ္ဖာနွယ်ဝင်းက မိုးရနံ့သင်းတဲ့နေမဝင်ညနေ ဆိုတဲ့ကားကို ဇေရဲထက်နဲ့အတူပါဝင်သရုပ်ဆောင်နေတယ်လို့ပြောပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top