Property Expo
×







Credit:7Day Daily

#Unicode Version
 One Direction အဖွဲ့ဝင်ဟောင်း ပေါ့ပ်ဂီတကြယ် ပွင့် ဇေအင်မယ်လစ်သည် ၎င်း နာမည်ကြီးလာခဲ့သော ဘဝဖြတ် သန်းမှု ဓာတ်ပုံများ ပါဝင်သည့် ပထမဆုံးစာအုပ် တစ်အုပ် ထုတ်ဝေရန် စာချုပ် ချုပ်ဆိုလိုက် သည်။


Zayn ဟု ရိုးရိုးရှင်းရှင်း အမည်ပေးထားသော ယင်းစာအုပ်ကို ထုတ်ဝေသူ Penguin Rand-om House ထုတ်ဝေရေး လုပ်ငန်းက ၂၀၁၆ နိုဝင်ဘာ ၁ ရက်တွင်ထုတ်ဝေမည်ဖြစ်သည်။

ယင်းစာအုပ်တွင် မယ်လစ် ၏ အင်္ဂလန်၌ ဖြတ်သန်းခဲ့ရ သော ငယ်ဘဝကနေ၍ The X Factor UK ပြိုင်ပွဲဝင်တစ်ဦးအဖြစ် လူအများ သတိပြုခံလာရသော အခြေအနေ၊ One Direction အဖွဲ့ဝင်ဖြစ်လာခြင်းနှင့် တစ်ကိုယ်တော် အနုပညာရှင်ဖြစ်လာပုံတို့ကို ဖော်ပြမည်ဖြစ်သည်။

ဇေအင်မယ်လစ်သည် ၂၀၁၅ ခုနှစ်က One Direction အဖွဲ့မှ ထွက်ခဲ့ပြီးနောက် ၂၀၁၆ မတ်လက ပထမဆုံးတစ်ကိုယ် တော်အခွေ Mindof Mine တေး အယ်လ်ဘမ် ထွက်ရှိခဲ့သည်။

၎င်းသည် ပထမဆုံး စာအုပ်ထုတ်ရန် စီစဉ်ထားသည့်အပြင် ရုပ်သံဇာတ်လမ်းတွဲတစ်ခုတွင် ပါဝင်သရုပ်ဆောင်ရန်လည်း စီစဉ်ထားသည်။

ယင်းရုပ်သံဇာတ်လမ်းကို မယ်လစ်ကိုယ်တိုင် ထုတ်ဝေသူ အဖြစ် ရိုက်ကူးနေကြောင်း သိရ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top