Kantharyar Centre
×

One Direction အဖြဲ႕၀င္ေဟာင္း ေဇယန္မားလစ္ခ္သည္ NBC ရုပ္သံ၏ ဇာတ္လမ္းတြဲသစ္ “ Boys” ဇာတ္ကားကို “ Law & Order” ဒရမ္မာဇာတ္လမ္းတြဲ ထုတ္လုပ္သူ ဒစ္ခ္ေ၀ါ့ဖ္ႏွင့္အတူ ပူးတြဲစီမံခန္႔ ခြဲထုတ္လုပ္သြားမည္ျဖစ္သည္။

“Boys” ဇာတ္လမ္းတြဲသည္ ေအာင္ျမင္ေသာ အမ်ိဳးသားအဆိုေတာ္အဖြဲ႕၏ ျမင့္ခ်ီနိမ့္ခ်ီ အေတြ႕အၾကံဳမ်ား အေၾကာင္းကို ပံုေဖာ္ရုိက္ကူးသြားမည္ျဖစ္သည္။ ဇာတ္လမ္းတြဲတြင္  One Direction အဖြဲ႕အတြင္း ေဇယန္မားလစ္ခ္၏ အေတြ႕အၾကံဳမ်ား ႏွင့္ ၂၀၁၅ ခုႏွစ္က အဖြဲ႕မွ ေဇယန္ထြက္ခြာခဲ့ပံုမ်ားကို ထည့္သြင္းပံုေဖာ္ သြားမည္ျဖစ္သည္။

“ ဒစ္ခ္ေ၀ါ့ဖ္ဟာ ေက်ာ္ၾကားတဲ့သူတစ္ေယာက္ျဖစ္တယ္။ ကၽြန္ေတ္ာ ဒစ္ခ္ေ၀ါ့ဖ္ နဲ႔ NBC တို႔အနဲ႔အတူ ဒရမ္မာဇာတ္လမ္းတြဲကို ဖန္တီးခြင့္ရတာ ထူးျခားတဲ့အခြင့္ေရးတစ္ရပ္ပါပဲ”ဟု ေဇယန္က အစီရင္ခံစာတြင္ ေျပာၾကားထားသည္။

“ One Direction” အဖြဲ႕ကို ၂၀၁၀ ခုႏွစ္က  X Factor ျပိဳင္ပြဲတြင္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။  X Factor ျပိဳင္ပြဲဖန္တီးသူ ၊ ေတးဂီတ ႏွင့္ ရုပ္ျမင္သံၾကား ထုတ္လုပ္သူ ဆိုင္မြန္ကို၀ဲလ္က မာလစ္ခ္အေနျဖင့္ ယင္း ရုပ္ျမင္သံၾကားဇာတ္လမ္းတြဲႏွင့္ စပ္လ်ဥ္း၍ ၎ထံခ်ည္းကပ္ေစလိုၾကာင္း Entertainment Tonight ကို ေျပာၾကားခဲ့သည္။

မားလစ္ခ္သည္ မတ္လက “ Mind of Mine” ပြဲဦးထြက္ တစ္ကိုယ္ေတာ္ေတးအယ္လ္ဘမ္ကို ျဖန္႕ခ်ိခဲ့ရာ  ေဘလ္ဘုတ္ ၂၀၀စာရင္းတြင္ နံပါတ္တစ္ေနရာမွ ပြဲဦးထြက္ ရပ္တည္ခဲ့သည္။ မားလစ္ခ္သည္ ယခုသီတင္းပတ္က စိုးရိမ္ေၾကာင့္ၾကမႈမ်ားေၾကာင့္ ဒူဘိုင္း၌ ေအာက္တိုဘာ ၇ရက္တြင္ ျပဳလုပ္မည့္ ေဖ်ာ္ေျဖပြဲကို ပယ္ဖ်က္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

One Direction အဖွဲ့ဝင်ဟောင်း ဇေယန်မားလစ်ခ်သည် NBC ရုပ်သံ၏ ဇာတ်လမ်းတွဲသစ် “ Boys” ဇာတ်ကားကို “ Law & Order” ဒရမ်မာဇာတ်လမ်းတွဲ ထုတ်လုပ်သူ ဒစ်ခ်ဝေါ့ဖ်နှင့်အတူ ပူးတွဲစီမံခန့် ခွဲထုတ်လုပ်သွားမည်ဖြစ်သည်။

“Boys” ဇာတ်လမ်းတွဲသည် အောင်မြင်သော အမျိုးသားအဆိုတော်အဖွဲ့၏ မြင့်ချီနိမ့်ချီ အတွေ့အကြုံများ အကြောင်းကို ပုံဖော်ရိုက်ကူးသွားမည်ဖြစ်သည်။ ဇာတ်လမ်းတွဲတွင်  One Direction အဖွဲ့အတွင်း ဇေယန်မားလစ်ခ်၏ အတွေ့အကြုံများ နှင့် ၂၀၁၅ ခုနှစ်က အဖွဲ့မှ ဇေယန်ထွက်ခွာခဲ့ပုံများကို ထည့်သွင်းပုံဖော် သွားမည်ဖြစ်သည်။

“ ဒစ်ခ်ဝေါ့ဖ်ဟာ ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်တယ်။ ကျွန်တေ်ာ ဒစ်ခ်ဝေါ့ဖ် နဲ့ NBC တို့အနဲ့အတူ ဒရမ်မာဇာတ်လမ်းတွဲကို ဖန်တီးခွင့်ရတာ ထူးခြားတဲ့အခွင့်ရေးတစ်ရပ်ပါပဲ”ဟု ဇေယန်က အစီရင်ခံစာတွင် ပြောကြားထားသည်။

“ One Direction” အဖွဲ့ကို ၂၀၁၀ ခုနှစ်က  X Factor ပြိုင်ပွဲတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။  X Factor ပြိုင်ပွဲဖန်တီးသူ ၊ တေးဂီတ နှင့် ရုပ်မြင်သံကြား ထုတ်လုပ်သူ ဆိုင်မွန်ကိုဝဲလ်က မာလစ်ခ်အနေဖြင့် ယင်း ရုပ်မြင်သံကြားဇာတ်လမ်းတွဲနှင့် စပ်လျဉ်း၍ ၎င်းထံချည်းကပ်စေလိုကြာင်း Entertainment Tonight ကို ပြောကြားခဲ့သည်။

မားလစ်ခ်သည် မတ်လက “ Mind of Mine” ပွဲဦးထွက် တစ်ကိုယ်တော်တေးအယ်လ်ဘမ်ကို ဖြန့်ချိခဲ့ရာ  ဘေလ်ဘုတ် ၂၀၀စာရင်းတွင် နံပါတ်တစ်နေရာမှ ပွဲဦးထွက် ရပ်တည်ခဲ့သည်။ မားလစ်ခ်သည် ယခုသီတင်းပတ်က စိုးရိမ်ကြောင့်ကြမှုများကြောင့် ဒူဘိုင်း၌ အောက်တိုဘာ ၇ရက်တွင် ပြုလုပ်မည့် ဖျော်ဖြေပွဲကို ပယ်ဖျက်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top