Kantharyar Centre
×

One Direction အဖြဲ႕ဝင္ေဟာင္း Zayn Malik က သူ႔ရဲ႕စုိးရိမ္ေသာကလြန္ကဲမႈေၾကာင့္ ေအာက္တိုဘာ ၇ ရက္ေန႔ ဒူဘုိင္းမွာ က်င္းပျပဳလုပ္မယ့္ ဂီတေဖ်ာ္ေျဖပြဲကို ဖ်က္သိမ္းလုိက္ပါတယ္။

သူက…

ခ်စ္ရေသာ ပရိသတ္မ်ား…

ကြ်န္ေတာ့္အေနျဖင့္ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖတင္ဆက္မႈအေပၚ မိမိရဲ႕ စုိးရိမ္ေသာကလြန္ကဲမႈကို ေက်ာ္လႊားဖုိ႔ က်န္ခဲ့တဲ့ ၃ လုံးလုံးၾကိဳးပမ္းခဲ့ပါတယ္။ တိုးတက္မႈ ရိွေၾကာင္းလည္း ခံစားရပါတယ္။ သုိ႔ေသာ္ ေအာက္တိုဘာလမွာ ဒူဘုိင္းမွာ စီစဥ္ထားတဲ့ပြဲ ဆက္လက္ေဆာင္ရြက္ရန္ ယုံၾကည္မႈအျပည့္အဝ မရိွေသးေၾကာင္း ယေန႔ ဝန္ခံလုိက္ပါတယ္လုိ႔ 117 Live ကေနတဆင့္ ေၾကျငာခ်က္တစ္ခု ထုတ္ျပန္ခဲ့ပါတယ္။

လက္မွတ္ဖိုးေတြ ျပန္အမ္းပါမယ္။ စိတ္အေႏွာင့္အယွက္ေပးလိုက္လုိ႔ တကယ္စိတ္မေကာင္းပါဘူးလုိ႔ သူက ထပ္မံေျပာဆုိခဲ့ပါတယ္။

ျပီးခဲ့တဲ့ ဇြန္လလည္း Zayn Malik ဟာ London's Capital Summertime Ball မွာ ျပဳလုပ္မယ့္ သူ႔ရဲ႕ ေဖ်ာ္ေျဖတင္ဆက္မႈအစီအစဥ္ကို စိုးရိမ္မႈေၾကာင့္ ဖ်က္သိမ္းခဲ့ရပါတယ္။

ကံမေကာင္းစြာနဲ႔ တုိက္ရုိက္ေဖ်ာ္ေျဖတင္ဆက္မႈအေပၚ လြန္ခဲ့တဲ့လအနည္းငယ္တေလွ်ာက္ ေျခာက္လန္႔ေနတဲ့ စိတ္ပူပန္ေၾကာင့္ၾကမႈက ကြ်န္ေတာ့္ကို စိုးမိုးေနေၾကာင္း Zayn Malik က Twitter မွာ ေရးသားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
One Direction အဖွဲ့ဝင်ဟောင်း Zayn Malik က သူ့ရဲ့စိုးရိမ်သောကလွန်ကဲမှုကြောင့် အောက်တိုဘာ ၇ ရက်နေ့ ဒူဘိုင်းမှာ ကျင်းပပြုလုပ်မယ့် ဂီတဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်ပါတယ်။

သူက…

ချစ်ရသော ပရိသတ်များ…

ကျွန်တော့်အနေဖြင့် တစ်ကိုယ်တော်ဖျော်ဖြေတင်ဆက်မှုအပေါ် မိမိရဲ့ စိုးရိမ်သောကလွန်ကဲမှုကို ကျော်လွှားဖို့ ကျန်ခဲ့တဲ့ ၃ လုံးလုံးကြိုးပမ်းခဲ့ပါတယ်။ တိုးတက်မှု ရှိကြောင်းလည်း ခံစားရပါတယ်။ သို့သော် အောက်တိုဘာလမှာ ဒူဘိုင်းမှာ စီစဉ်ထားတဲ့ပွဲ ဆက်လက်ဆောင်ရွက်ရန် ယုံကြည်မှုအပြည့်အဝ မရှိသေးကြောင်း ယနေ့ ဝန်ခံလိုက်ပါတယ်လို့ 117 Live ကနေတဆင့် ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

လက်မှတ်ဖိုးတွေ ပြန်အမ်းပါမယ်။ စိတ်အနှောင့်အယှက်ပေးလိုက်လို့ တကယ်စိတ်မကောင်းပါဘူးလို့ သူက ထပ်မံပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လလည်း Zayn Malik ဟာ London's Capital Summertime Ball မှာ ပြုလုပ်မယ့် သူ့ရဲ့ ဖျော်ဖြေတင်ဆက်မှုအစီအစဉ်ကို စိုးရိမ်မှုကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။

ကံမကောင်းစွာနဲ့ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုအပေါ် လွန်ခဲ့တဲ့လအနည်းငယ်တလျှောက် ခြောက်လန့်နေတဲ့ စိတ်ပူပန်ကြောင့်ကြမှုက ကျွန်တော့်ကို စိုးမိုးနေကြောင်း Zayn Malik က Twitter မှာ ရေးသားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top