Kantharyar Centre
×

O ေသြး ပိုင္ရွင္ေတြ အတြက္ကေတာ့ အခ်စ္ ဆိုတာ တမ္းတျခင္းပါပဲ ။ ဘယ္ေလာက္ပဲ တည္ျငိမ္ ရင့္က်က္ျပီး လူၾကီးဆန္တယ္ပဲေျပာေျပာ တကယ္ ခ်စ္တ့ဲ သူနဲ႔ ေတြ႔တ့ဲ အခါ ေယာက်ာ္းေလးပဲ ျဖစ္ျဖစ္ မိန္းကေလးပဲ ျဖစ္ျဖစ္ ကေလးဆန္တတ္ၾကပါတယ္ ။ ဒါဟာ ဘယ္ေတာ့ မွ မေျပာင္းလဲတ့ဲ အက်င့္ေတြေပါ့ ။
O ေသြးပိုင္ရွင္ အမ်ားစုဟာ ဆိုးခ်င္ၾကတယ္ ။ ဂရုစိုက္ ခံခ်င္ၾကတယ္ ။ အေလးထားတ့ဲသူက ဒါ မလုပ္နဲ႔လို႔ ေျပာရင္ တကယ့္ စိတ္မွာ မလုပ္ပဲေနဖို႔ ဆႏၵ ရွိေပမယ့္ လက္ေတြ႔မွာေတာ့ "ငါ သူမၾကိဳက္တာ လုပ္ရင္ သူ ဘာျဖစ္မလဲ" ဆိုတ့ဲ အေတြးေလးနဲ႔ ေသြးတိုးစမ္းခ်င္တ့ဲ စိတ္ေလးကေတာ့ အနည္းနဲ႔ အမ်ား ရွိတတ္ၾကတယ္ ။
ကိုယ္လုပ္ခ်င္တာ လုပ္ျပီးျပီ ဆိုရင္လည္း ကေလး တစ္ေယာက္ လို အေက်နပ္ၾကီး ေက်နပ္ ျပီး ခ်စ္သူကို အရင္ကထက္ပိုခ်စ္သြားတာ O ေတြပါပဲ ။
တစ္ခါတစ္ေလ စိတ္အခန္႔မသင့္ ခ်စ္သူနဲ႔ ရန္ျဖစ္ လို႔ စိတ္ဆိုး စိတ္ေကာက္ တ့ဲ အခါမ်ားဆို စိတ္ေျပေနျပီ ဆိုရင္ ေတာင္ သူ ျပန္ မေခ်ာ့မခ်င္း မာနၾကီး ျပီး စိတ္ေတြေကာက္တတ္ၾကတယ္ ။
သဝန္တိုတတ္ၾကတာကေတာ့ ေျပာမေနနဲ႔ ။ ကိုယ့္ ခ်စ္သူရဲ႕ ပခုံးေပၚ လိပ္ျပာနားတယ္ ဆိုရင္ေတာင္ မေက်မနပ္ နဲ႔ မ်က္ေစာင္းထိုးခ်င္ၾကတာ O ေတြေပါ့ ။ ခ်စ္တယ္ နားလည္ေပးမယ္ စိတ္နာ ေအာင္ေတာ့ လာမလုပ္နဲ႔ မုန္းလိုက္မယ္ ဆိုတာခ်ည္းပဲ ။
ဒါေပမ့ဲ ခ်စ္သူနဲ႔ အဆင္ေျပတ့ဲ အခ်ိန္ ၾကံဳရျပီဆိုရင္ ေတာ့ လိုတာထက္ ပိုျပီး ခ်စ္သူကို သူတကာထက္ သဲသဲလႈပ္ ဂရုစိုက္တတ္ၾကတာ သူတို႔ေတြေပါ့ ။ တစ္ခါတစ္ေလ O ေတြ အမ်ားစုဟာ နည္းနည္း ေလး ညစ္တတ္ ၾကပါတယ္ ။ ကိုယ့္အေပၚ ခ်စ္သူ က ခ်စ္မွန္း သိတ့ဲအခါ သူ႔ အေပၚမွာ နည္းနည္းေလာက္ ေတာ့ အနိူင္ယူခ်င္တတ္ၾက တယ္ ။ မေကာင္းဘူး ဆိုတာ သိေပမယ့္ တစ္ကိုယ္ေကာင္း ဆန္ခ်င္တယ္ ။
သူ႔ေၾကာင့္ မ်က္ရည္ တစ္ခါ က်ဖူးရင္ကို မသိစိတ္ က မွတ္ထားတတ္ ျပီး အလွည့္က်ရင္ စိတ္မပါေတာင္ "ငါခံစားရသလို သူခံစားပစ္ေစ" ဆိုတ့ဲ အေတြးေလးေတြ နဲ႔ မထိတထိ ရြဲ႕တတ္ၾကတယ္ ။
ေျပာရရင္ O ေသြး အမ်ားစုဟာ အရြဲ႕တိုက္တ့ဲ ေနရာမွာ စံတင္ေလာက္ ပါေပတယ္ ။
O ေသြး ပိုင္ရွင္ေတြဟာ ထူးဆန္းတယ္ ။ ခန္႔မွန္းရ ခက္တယ္ ။ သူတို႔ စိတ္ထဲ ဘာေတြ ရွိေနလဲ ဆိုတာကို သိပ္မေျပာျပ တတ္ၾကဘူး ။ ျမိဳသိမ့္နိူင္လြန္း တယ္ ။
တကယ္လို႔ ဖြင့္ဟ ဝန္ခံ ေျပာျပျပီ ဆိုရင္လည္း ခံစားေနရတ့ဲ အတိုင္း ေျပာၾကေတာ့တာပါပဲ ။
စိတ္ထဲမွာ ရွိေနသူနဲ႔ ရင္ထဲ ခံစားေနရတာေတြ ကို ေျပာျပီးတ့ဲ အခါ သူတို႔ေတြ ဟာ ေပါ့ပါးသြားတတ္ ၾကတယ္ ။
O ေသြး ပိုင္ရွင္ အမ်ားစု ဟာ ဟန္မေဆာင္တတ္ ဘူး ။ တစ္ခ်ိန္တည္းမွာပဲ ဟန္ေဆာင္ေကာင္း ေနၾကျပန္တယ္ ။ သူတို႔ေတြဟာ ခင္စရာေကာင္း တယ္ ။ နစ္လိုဖြယ္ ရွိတယ္ ။ ေနာက္ျပီး အျငင္း လည္း သန္ၾကတယ္ ။
သူတို႔နဲ႔ မရင္းနီးခင္ကဆို အျမင္ကတ္ဖို႔ ေကာင္း တယ္လို႔ ခံစားရေပမယ့္ ထင္ ရေပမယ့္ တကယ့္ စိတ္ရင္းနဲ႔ ခင္တ့ဲ အခ်ိန္မွာေတာ့ သူတို႔ေတြဟာ "ကိုယ္ ထိခိုက္ခ်င္ ထိခိုက္ပါေစ ဒါေတာ့ ငါ ရေအာင္ ကူညီပါ့မယ္" ဆိုတာ ရင္းနီးသူတိုင္း သိလာၾကမွာပါ ။ သူငယ္ခ်င္း အေပါင္း အသင္းနဲ႔ ပတ္သက္လာျပီ ဆိုရင္ လည္း O ေသြး ပိုင္ရွင္ေတြဟာ မိတ္ေဆြ အေပါင္းအသင္း ေတြ အတြက္ဆို မျဖစ္ျဖစ္ေအာင္ တတ္နိူင္သမွ် အကူအညီ ေပးခ်င္ၾကပါတယ္ ။ ကိုယ္ ခင္သေလာက္ မခင္ဘူး ဆိုရင္လည္း ဝမ္းနည္းတတ္ၾက တာ O ေသြးေတြပါပဲ ။ ဒါေၾကာင့္လည္း သူငယ္ခ်င္းနဲ႔ ခ်စ္သူၾကား ဗ်ာမ်ားရတာေပါ့ ။
O ေတြရဲ႕ အခ်စ္က ေရာမ ကဗ်ာ ဘိုးေအၾကီး ဟိုးမားရဲ႕ စကားနဲ႔ ဥပမာ ေပးမယ္ ဆိုရင္ "အရာခပ္သိမ္းတို႔ထက္ ၾကီးက်ယ္ ျမင့္ျမတ္ေသာ အရာသည္ နစ္မ်ိဳးသာ ရွိသည္ ထိုက အခ်စ္နင့္ စစ္" အတိုင္း သူတို႔ေတြဟာ ခ်စ္ျပီဆို အစြမ္းကုန္ အရူးအမူး ခ်စ္ေတာ့တာပဲ ။ အခ်စ္နဲ႔ စစ္မွာ မတရားတာ မရွိဘူး ဒါ တတိယ ကမ႓ာစစ္ပဲ ဆိုတာ ကြ်န္ေတာ္တို႔ O ေသြးပိုင္ရွင္ေတြရဲ႕ လက္သုံးစကားေပါ့ ။
ခ်စ္တယ္ ။ သူရွိေနရင္ကို အိပ္မက္ကေလးေတြ က အစ လွတယ္ လို႔ ကဗ်ာဆန္ေနၾကတာလည္း ကြ်န္ေတာ္တို႔ O ေတြပဲ မဟုတ္လား ။ မုန္းျပီ ဆိုရင္လည္း ေနာက္ျပန္ လွည့္မၾကည့္တတ္ ဘူး ။ အသည္းမာတယ္ ဒါေပမယ့္ နလုံးသားကေတာ့ မ်က္ရည္လြယ္တတ္ၾကတယ္ ။
O ေသြး ပိုင္ရွင္ေတြဟာ တစ္ခါတစ္ေလေတာ့ လည္း အေသးအဖဲြ႔ေလး က အစ အပ်င္းၾကီးေန တတ္ၾကျပန္ တယ္ ။ တစ္ခါ တစ္ေလက်ေတာ့ လည္း အရာရာကို သူတကာ ထက္ တတ္ၾကြစြာ လုပ္ကိုင္ေနတတ္ ၾကတယ္ ။ အဲဒါေၾကာင့္ ကြ်န္ေတာ္ ေျပာပါတယ္ ။ O ေတြဟာ ခန္႔မွန္းရ ခက္ပါတယ္ ဆိုတ့ဲအေၾကာင္း ။
ေနာက္ တဇြတ္ထိုးဆန္တယ္ ။ ေအာင္ျမင္ခ်င္ တယ္ ။တကယ္လည္း ေအာင္ျမင္ေအာင္ လုပ္တယ္ ၾကိဳးစားၾကတယ္ ။ တကယ္လို႔ စိတ္မပါ ဘူး ဆိုရင္ေတာ့ တျခား မေျပာနဲ႔ ခ်စ္သူ ကိုေတာင္ လြမ္းဖို႔ ေမ့ေနေတာ့တာပါပဲ ။ သူတို႔ေတြဟာ စိတ္မပါတ့ဲ အခါမ်ားဆို လြမ္းလည္းမလြမ္းခ်င္ဘူး ။ အရာရာကို ေမ့ထား တတ္ၾကတယ္ ။
တစ္ခုေတာ့ ရွိတယ္ ။ ခ်စ္သူကိုေတာ့ မလြမ္းရဖန္ မ်ားရင္ တကယ္ ေမ့သြားမွာစိုးရိမ္လို႔ အခ်ိန္ရတိုင္း ေအာက္ေမ့ေနတတ္ၾကတာ O ေသြးပိုင္ရွင္ေတြပါပဲ ။ စိတ္နာလိုက္ျပီ ဆိုရင္လည္း ကမ႓ာ ဆုံးတ့ဲ အထိ မုန္းသြားတာေတာ့ မယုံမရွိနဲ႔ ။
လူဘဝမွာ Direction ေတြ အမ်ားၾကီး ရွိစရာ မလိုဘူး ။ Sub ေတြ အမ်ားၾကီးပဲ
ဒါေၾကာင့္ ငါ အားငယ္စရာ မလိုဘူး ဆိုတ့ဲ အသိေလးေတြ O ေသြးတိုင္းမွာ ရွိတယ္ ။ လဲသြား ရင္ ျပန္ထမယ္ ။ သူတကာ သနားတာ မခံဘူး ။ ေနာက္ ဒီလို မျဖစ္ေစရဘူး ဆိုတ့ဲ မာနမ်ိဳးေတြ သူတို႔ ပိုင္ဆိုင္ထားၾကတယ္ ။
O ေတြဟာ ေခါင္းမာတယ္ ။ ဆိုေပမယ့္ မ ရည္ရြယ္ဘဲ အမွား တစ္ခု လုပ္ခ့ဲ မိျပီ ဆိုရင္ ေတာ့ တစိမ့္စိမ့္ ျပန္ေတြးျပီး စိတ္ထိခိုက္ေနတတ္ၾကတာ အျမဲပါပဲ ။ သူတို႔ဟာ တစ္ခါတစ္ခါ လိုတာထက္ ပိုျပီး စိတ္ထား နူးည့ံတယ္ ထင္ရေပမယ့္ တစ္ခါတစ္ရံမွာေတာ့ စိတ္ဓာတ္ အခိုင္မာဆုံး ျဖစ္ေနတတ္ၾကတယ္ ။
ကြ်န္ေတာ္ ကေတာ့ O ေသြး ပိုင္ရွင္ေတြရဲ႕ ရင္ထဲ က အခ်စ္ကို အခုလို ျမင္တယ္ ။
သူတို႔ အတြက္ ေတာ့ အခ်စ္ ဆိုတာ အခ်စ္ သက္သက္ အခ်စ္ပဲ ။ တရားလြန္ ေမွ်ာ္လင့္ခ်က္ ေတာ့ မထားဘူး ။ ခ်စ္ေနတ့ဲ အခ်ိန္ေလး အတြင္းမွာ ခ်စ္နိူင္သမွ် အတိုင္းအတာ အထိ ခ်စ္ျပမယ္ ။ O ေတြဟာ အေပ်ာ္တမ္း ရည္းစား ထားဖို႔ စိတ္ကူး မရွိၾကဘူး ။
ခ်စ္သူကိုပဲ အလိုရွိတာပါ ။ သူတို႔ အတြက္ ခ်စ္သူ ဆိုတာ ေဝးျခင္း နီးျခင္းနဲ႔ မဆိုင္ဘူး ။ ရင္ထဲမွာ ခ်စ္ေနရရင္ကို ဘဝၾကီးက ျပီးျပည့္စုံေနသလို ခံစားတတ္ၾကတယ္ ။ သူ႔ကို ေရြးခ်ယ္လိုက္ျပီ ဆိုကတည္းက ရည္ရြယ္တာလည္း တစ္သက္လုံးပဲ ။ ဒါေပမယ့္ လည္း အေၾကာင္းေၾကာင့္ မဆုံျဖစ္ေတာ့ဘူး ဆိုရင္ ေတာ့ O ေသြး ပိုင္ရွင္ေတြဟာ သူတို႔ ေပးခ့ဲတ့ဲ အခ်စ္ အတြက္ ေက်နပ္တယ္ ။
ေနာင္တလည္း မရတတ္ၾကဘူး ။ ေနာင္တ လြယ္ လြယ္ မရတတ္ တာ O ေသြးရဲ႕ စရိုက္ ထင္တာပဲ ။ ဆက္ေျပာရ မယ္ဆို သူတို႔ေတြဟာ ခံစားေနရတ့ဲ အခ်ိန္အခါမ်ိဳးမွာ ရူးေအာင္ကို ေၾကကဲြမယ္ ။ စိတ္ေတြ တည္ျငိမ္လာတ့ဲ အခ်ိန္ ေရာက္ျပီ ဆိုရင္ေတာ့ ခ်စ္တ့ဲသူ ေဝးျပီ ဆိုတာ ေသခ်ာရင္ သူတို႔ဟာ အလိုလို ေနရင္ ရင့္က်က္သြားတတ္ၾကတယ္ ။ ဘယ္ေတာ့မွလည္း မတမ္းတတတ္ၾကေတာ့ဘူး ။ တိုင္ဆိုင္တ့ဲ ကိစၥ ဒါမွမဟုတ္ အျဖစ္အပ်က္ ၾကံဳမယ္ ရွိခ့ဲမယ္ ဆိုရင္ေတာင္ အမွတ္တရေတြကို သတိရမိလို႔ ျပံဳးခ်င္ ျပံဳးေနမယ္ ။
ဟိုအရင္လိုေတာ့တရားဝင္တမ္းတၾကမွာမဟုတ္ဘူး ။ ဘယ္ေတာ့မွလည္း လူသိရွင္ၾကား ထုတ္ေျပာေနၾက မယ္ မထင္ဘူး ။ သိပ္မာနၾကီးျပီး ခ်စ္တတ္ၾကတ့ဲ O ေသြးေတြေပါ့ဗ်ာ ။
ဒါေပမယ့္လည္း ဘယ္ေလာက္ပဲ မာန ၾကီးတယ္ ေျပာေျပာ သူတို႔ စိတ္ထဲမွာ အဆုံးသတ္ကိုေတာ့ စင္ဒရဲလား ပုံျပင္လိုပဲ ျပီးဆုံးခ်င္ၾကပါတယ္ ။ စင္ဒရဲလား ပုံျပင္ဆိုတာ ကမ႓ာေပၚမွာ ဘယ္ေတာ့မွ မရိုးတ့ဲ Love Story ေလး မဟုတ္လား ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ညီ လင္း ရိွန္

Unicode Version

O သွေး ပိုင်ရှင်တွေ အတွက်ကတော့ အချစ် ဆိုတာ တမ်းတခြင်းပါပဲ ။ ဘယ်လောက်ပဲ တည်ငြိမ် ရင့်ကျက်ပြီး လူကြီးဆန်တယ်ပဲပြောပြော တကယ် ချစ်တဲ့ သူနဲ့ တွေ့တဲ့ အခါ ယောကျာ်းလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် ကလေးဆန်တတ်ကြပါတယ် ။ ဒါဟာ ဘယ်တော့ မှ မပြောင်းလဲတဲ့ အကျင့်တွေပေါ့ ။
O သွေးပိုင်ရှင် အများစုဟာ ဆိုးချင်ကြတယ် ။ ဂရုစိုက် ခံချင်ကြတယ် ။ အလေးထားတဲ့သူက ဒါ မလုပ်နဲ့လို့ ပြောရင် တကယ့် စိတ်မှာ မလုပ်ပဲနေဖို့ ဆန္ဒ ရှိပေမယ့် လက်တွေ့မှာတော့ "ငါ သူမကြိုက်တာ လုပ်ရင် သူ ဘာဖြစ်မလဲ" ဆိုတဲ့ အတွေးလေးနဲ့ သွေးတိုးစမ်းချင်တဲ့ စိတ်လေးကတော့ အနည်းနဲ့ အများ ရှိတတ်ကြတယ် ။
ကိုယ်လုပ်ချင်တာ လုပ်ပြီးပြီ ဆိုရင်လည်း ကလေး တစ်ယောက် လို အကျေနပ်ကြီး ကျေနပ် ပြီး ချစ်သူကို အရင်ကထက်ပိုချစ်သွားတာ O တွေပါပဲ ။
တစ်ခါတစ်လေ စိတ်အခန့်မသင့် ချစ်သူနဲ့ ရန်ဖြစ် လို့ စိတ်ဆိုး စိတ်ကောက် တဲ့ အခါများဆို စိတ်ပြေနေပြီ ဆိုရင် တောင် သူ ပြန် မချော့မချင်း မာနကြီး ပြီး စိတ်တွေကောက်တတ်ကြတယ် ။
သဝန်တိုတတ်ကြတာကတော့ ပြောမနေနဲ့ ။ ကိုယ့် ချစ်သူရဲ့ ပခုံးပေါ် လိပ်ပြာနားတယ် ဆိုရင်တောင် မကျေမနပ် နဲ့ မျက်စောင်းထိုးချင်ကြတာ O တွေပေါ့ ။ ချစ်တယ် နားလည်ပေးမယ် စိတ်နာ အောင်တော့ လာမလုပ်နဲ့ မုန်းလိုက်မယ် ဆိုတာချည်းပဲ ။
ဒါပေမဲ့ ချစ်သူနဲ့ အဆင်ပြေတဲ့ အချိန် ကြုံရပြီဆိုရင် တော့ လိုတာထက် ပိုပြီး ချစ်သူကို သူတကာထက် သဲသဲလှုပ် ဂရုစိုက်တတ်ကြတာ သူတို့တွေပေါ့ ။ တစ်ခါတစ်လေ O တွေ အများစုဟာ နည်းနည်း လေး ညစ်တတ် ကြပါတယ် ။ ကိုယ့်အပေါ် ချစ်သူ က ချစ်မှန်း သိတဲ့အခါ သူ့ အပေါ်မှာ နည်းနည်းလောက် တော့ အနိူင်ယူချင်တတ်ကြ တယ် ။ မကောင်းဘူး ဆိုတာ သိပေမယ့် တစ်ကိုယ်ကောင်း ဆန်ချင်တယ် ။
သူ့ကြောင့် မျက်ရည် တစ်ခါ ကျဖူးရင်ကို မသိစိတ် က မှတ်ထားတတ် ပြီး အလှည့်ကျရင် စိတ်မပါတောင် "ငါခံစားရသလို သူခံစားပစ်စေ" ဆိုတဲ့ အတွေးလေးတွေ နဲ့ မထိတထိ ရွဲ့တတ်ကြတယ် ။
ပြောရရင် O သွေး အများစုဟာ အရွဲ့တိုက်တဲ့ နေရာမှာ စံတင်လောက် ပါပေတယ် ။
O သွေး ပိုင်ရှင်တွေဟာ ထူးဆန်းတယ် ။ ခန့်မှန်းရ ခက်တယ် ။ သူတို့ စိတ်ထဲ ဘာတွေ ရှိနေလဲ ဆိုတာကို သိပ်မပြောပြ တတ်ကြဘူး ။ မြိုသိမ့်နိူင်လွန်း တယ် ။
တကယ်လို့ ဖွင့်ဟ ဝန်ခံ ပြောပြပြီ ဆိုရင်လည်း ခံစားနေရတဲ့ အတိုင်း ပြောကြတော့တာပါပဲ ။
စိတ်ထဲမှာ ရှိနေသူနဲ့ ရင်ထဲ ခံစားနေရတာတွေ ကို ပြောပြီးတဲ့ အခါ သူတို့တွေ ဟာ ပေါ့ပါးသွားတတ် ကြတယ် ။
O သွေး ပိုင်ရှင် အများစု ဟာ ဟန်မဆောင်တတ် ဘူး ။ တစ်ချိန်တည်းမှာပဲ ဟန်ဆောင်ကောင်း နေကြပြန်တယ် ။ သူတို့တွေဟာ ခင်စရာကောင်း တယ် ။ နစ်လိုဖွယ် ရှိတယ် ။ နောက်ပြီး အငြင်း လည်း သန်ကြတယ် ။
သူတို့နဲ့ မရင်းနီးခင်ကဆို အမြင်ကတ်ဖို့ ကောင်း တယ်လို့ ခံစားရပေမယ့် ထင် ရပေမယ့် တကယ့် စိတ်ရင်းနဲ့ ခင်တဲ့ အချိန်မှာတော့ သူတို့တွေဟာ "ကိုယ် ထိခိုက်ချင် ထိခိုက်ပါစေ ဒါတော့ ငါ ရအောင် ကူညီပါ့မယ်" ဆိုတာ ရင်းနီးသူတိုင်း သိလာကြမှာပါ ။ သူငယ်ချင်း အပေါင်း အသင်းနဲ့ ပတ်သက်လာပြီ ဆိုရင် လည်း O သွေး ပိုင်ရှင်တွေဟာ မိတ်ဆွေ အပေါင်းအသင်း တွေ အတွက်ဆို မဖြစ်ဖြစ်အောင် တတ်နိူင်သမျှ အကူအညီ ပေးချင်ကြပါတယ် ။ ကိုယ် ခင်သလောက် မခင်ဘူး ဆိုရင်လည်း ဝမ်းနည်းတတ်ကြ တာ O သွေးတွေပါပဲ ။ ဒါကြောင့်လည်း သူငယ်ချင်းနဲ့ ချစ်သူကြား ဗျာများရတာပေါ့ ။
O တွေရဲ့ အချစ်က ရောမ ကဗျာ ဘိုးအေကြီး ဟိုးမားရဲ့ စကားနဲ့ ဥပမာ ပေးမယ် ဆိုရင် "အရာခပ်သိမ်းတို့ထက် ကြီးကျယ် မြင့်မြတ်သော အရာသည် နစ်မျိုးသာ ရှိသည် ထိုက အချစ်နင့် စစ်" အတိုင်း သူတို့တွေဟာ ချစ်ပြီဆို အစွမ်းကုန် အရူးအမူး ချစ်တော့တာပဲ ။ အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူး ဒါ တတိယ ကမ္ဘာစစ်ပဲ ဆိုတာ ကျွန်တော်တို့ O သွေးပိုင်ရှင်တွေရဲ့ လက်သုံးစကားပေါ့ ။
ချစ်တယ် ။ သူရှိနေရင်ကို အိပ်မက်ကလေးတွေ က အစ လှတယ် လို့ ကဗျာဆန်နေကြတာလည်း ကျွန်တော်တို့ O တွေပဲ မဟုတ်လား ။ မုန်းပြီ ဆိုရင်လည်း နောက်ပြန် လှည့်မကြည့်တတ် ဘူး ။ အသည်းမာတယ် ဒါပေမယ့် နလုံးသားကတော့ မျက်ရည်လွယ်တတ်ကြတယ် ။
O သွေး ပိုင်ရှင်တွေဟာ တစ်ခါတစ်လေတော့ လည်း အသေးအဖွဲ့လေး က အစ အပျင်းကြီးနေ တတ်ကြပြန် တယ် ။ တစ်ခါ တစ်လေကျတော့ လည်း အရာရာကို သူတကာ ထက် တတ်ကြွစွာ လုပ်ကိုင်နေတတ် ကြတယ် ။ အဲဒါကြောင့် ကျွန်တော် ပြောပါတယ် ။ O တွေဟာ ခန့်မှန်းရ ခက်ပါတယ် ဆိုတဲ့အကြောင်း ။
နောက် တဇွတ်ထိုးဆန်တယ် ။ အောင်မြင်ချင် တယ် ။တကယ်လည်း အောင်မြင်အောင် လုပ်တယ် ကြိုးစားကြတယ် ။ တကယ်လို့ စိတ်မပါ ဘူး ဆိုရင်တော့ တခြား မပြောနဲ့ ချစ်သူ ကိုတောင် လွမ်းဖို့ မေ့နေတော့တာပါပဲ ။ သူတို့တွေဟာ စိတ်မပါတဲ့ အခါများဆို လွမ်းလည်းမလွမ်းချင်ဘူး ။ အရာရာကို မေ့ထား တတ်ကြတယ် ။
တစ်ခုတော့ ရှိတယ် ။ ချစ်သူကိုတော့ မလွမ်းရဖန် များရင် တကယ် မေ့သွားမှာစိုးရိမ်လို့ အချိန်ရတိုင်း အောက်မေ့နေတတ်ကြတာ O သွေးပိုင်ရှင်တွေပါပဲ ။ စိတ်နာလိုက်ပြီ ဆိုရင်လည်း ကမ္ဘာ ဆုံးတဲ့ အထိ မုန်းသွားတာတော့ မယုံမရှိနဲ့ ။
လူဘဝမှာ Direction တွေ အများကြီး ရှိစရာ မလိုဘူး ။ Sub တွေ အများကြီးပဲ
ဒါကြောင့် ငါ အားငယ်စရာ မလိုဘူး ဆိုတဲ့ အသိလေးတွေ O သွေးတိုင်းမှာ ရှိတယ် ။ လဲသွား ရင် ပြန်ထမယ် ။ သူတကာ သနားတာ မခံဘူး ။ နောက် ဒီလို မဖြစ်စေရဘူး ဆိုတဲ့ မာနမျိုးတွေ သူတို့ ပိုင်ဆိုင်ထားကြတယ် ။
O တွေဟာ ခေါင်းမာတယ် ။ ဆိုပေမယ့် မ ရည်ရွယ်ဘဲ အမှား တစ်ခု လုပ်ခဲ့ မိပြီ ဆိုရင် တော့ တစိမ့်စိမ့် ပြန်တွေးပြီး စိတ်ထိခိုက်နေတတ်ကြတာ အမြဲပါပဲ ။ သူတို့ဟာ တစ်ခါတစ်ခါ လိုတာထက် ပိုပြီး စိတ်ထား နူးညံ့တယ် ထင်ရပေမယ့် တစ်ခါတစ်ရံမှာတော့ စိတ်ဓာတ် အခိုင်မာဆုံး ဖြစ်နေတတ်ကြတယ် ။
ကျွန်တော် ကတော့ O သွေး ပိုင်ရှင်တွေရဲ့ ရင်ထဲ က အချစ်ကို အခုလို မြင်တယ် ။
သူတို့ အတွက် တော့ အချစ် ဆိုတာ အချစ် သက်သက် အချစ်ပဲ ။ တရားလွန် မျှော်လင့်ချက် တော့ မထားဘူး ။ ချစ်နေတဲ့ အချိန်လေး အတွင်းမှာ ချစ်နိူင်သမျှ အတိုင်းအတာ အထိ ချစ်ပြမယ် ။ O တွေဟာ အပျော်တမ်း ရည်းစား ထားဖို့ စိတ်ကူး မရှိကြဘူး ။
ချစ်သူကိုပဲ အလိုရှိတာပါ ။ သူတို့ အတွက် ချစ်သူ ဆိုတာ ဝေးခြင်း နီးခြင်းနဲ့ မဆိုင်ဘူး ။ ရင်ထဲမှာ ချစ်နေရရင်ကို ဘဝကြီးက ပြီးပြည့်စုံနေသလို ခံစားတတ်ကြတယ် ။ သူ့ကို ရွေးချယ်လိုက်ပြီ ဆိုကတည်းက ရည်ရွယ်တာလည်း တစ်သက်လုံးပဲ ။ ဒါပေမယ့် လည်း အကြောင်းကြောင့် မဆုံဖြစ်တော့ဘူး ဆိုရင် တော့ O သွေး ပိုင်ရှင်တွေဟာ သူတို့ ပေးခဲ့တဲ့ အချစ် အတွက် ကျေနပ်တယ် ။
နောင်တလည်း မရတတ်ကြဘူး ။ နောင်တ လွယ် လွယ် မရတတ် တာ O သွေးရဲ့ စရိုက် ထင်တာပဲ ။ ဆက်ပြောရ မယ်ဆို သူတို့တွေဟာ ခံစားနေရတဲ့ အချိန်အခါမျိုးမှာ ရူးအောင်ကို ကြေကွဲမယ် ။ စိတ်တွေ တည်ငြိမ်လာတဲ့ အချိန် ရောက်ပြီ ဆိုရင်တော့ ချစ်တဲ့သူ ဝေးပြီ ဆိုတာ သေချာရင် သူတို့ဟာ အလိုလို နေရင် ရင့်ကျက်သွားတတ်ကြတယ် ။ ဘယ်တော့မှလည်း မတမ်းတတတ်ကြတော့ဘူး ။ တိုင်ဆိုင်တဲ့ ကိစ္စ ဒါမှမဟုတ် အဖြစ်အပျက် ကြုံမယ် ရှိခဲ့မယ် ဆိုရင်တောင် အမှတ်တရတွေကို သတိရမိလို့ ပြုံးချင် ပြုံးနေမယ် ။
ဟိုအရင်လိုတော့တရားဝင်တမ်းတကြမှာမဟုတ်ဘူး ။ ဘယ်တော့မှလည်း လူသိရှင်ကြား ထုတ်ပြောနေကြ မယ် မထင်ဘူး ။ သိပ်မာနကြီးပြီး ချစ်တတ်ကြတဲ့ O သွေးတွေပေါ့ဗျာ ။
ဒါပေမယ့်လည်း ဘယ်လောက်ပဲ မာန ကြီးတယ် ပြောပြော သူတို့ စိတ်ထဲမှာ အဆုံးသတ်ကိုတော့ စင်ဒရဲလား ပုံပြင်လိုပဲ ပြီးဆုံးချင်ကြပါတယ် ။ စင်ဒရဲလား ပုံပြင်ဆိုတာ ကမ္ဘာပေါ်မှာ ဘယ်တော့မှ မရိုးတဲ့ Love Story လေး မဟုတ်လား ။


ဖိုးသူတော် (www.phothutaw.com)
Credit:ညီ လင်း ရှိန်


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top