Kantharyar Centre
×

 ဥေရာပတြင္ ႏွစ္စဥ္ စက္တင္ဘာေရာက္တိုင္း က်င္းပေလ့ရွိေသာ နည္းပညာကုန္ပစၥည္းျပပဲြ IFA ၌ ဟြာေ၀းကုမၸဏီက ယခင္က ေၾကညာထားသည့္အတိုင္း Nova, Nova Plus စမတ္ဖုန္းမ်ားႏွင့္ Media Pad M3 တို႔ကုိ မိတ္ဆက္လိုက္သည္။

Nova Plus စမတ္ဖုန္းသည္ ေလယာဥ္ထုတ္လုပ္ေသာ အလူမီ နီယံျဖင့္ ျပဳလုပ္ထားသည့္ဖုန္းျဖစ္ ၿပီး Mate S ႏွင့္ ပံုသဏၭာန္ဆင္တူ သည္။ မ်က္ႏွာျပင္ ၅ ဒသမ ၅ လက္မက်ယ္ေသာ္လည္း AMO-LED အမ်ိဳးအစားမဟုတ္ေၾကာင္း သိရသည္။ ဘက္ထရီမွာ Mate S ထက္ မ်ားစြာပိုႀကီးၿပီး 4000 mAh အမ်ိဳးအစားျဖစ္သည္။

Nova Plus ၏ ကင္မရာမွာ လည္း 16 MP ရွိကာ မ်က္ႏွာျပင္ ေသးငယ္ေသာ Nova စမတ္ဖုန္း ကဲ့သို႔ပင္ 8 MP ဆယ္လ္ဖီကင္မရာ ပါ၀င္သည္။ OS အေနျဖင့္ Android 6.0 Marsh mallow ကို အေျခခံထားေသာ Emotion UI 4.0 ကို သံုးထားသည္။

Nova plus စမတ္ဖုန္းကို Nova ႏွင့္အတူ စက္တင္ဘာတြင္ စတင္ေရာင္းခ်မည္ျဖစ္ၿပီး ေစ်း ႏႈန္းယူ႐ို ၄၃၀ ခန္႔က်သင့္သည္။

Nova ၏ မ်က္ႏွာျပင္အ က်ယ္သည္ ငါးလက္မရွိၿပီး ေနာက္ ကင္မရာမွာ 12 MP ရွိသည္။ 4k ဗီဒီယိုမ်ား႐ိုက္ကူးႏုိင္ၿပီး ဘက္ထ ရီမွာ 3020 mAh အမ်ိဳးအစားျဖစ္ သည္။ ယင္းဖုန္းကို ဥေရာပတြင္ ယူ႐ို ၄၀၀ ျဖင့္ ေရာင္းခ်မည္ျဖစ္ သည္။

ထိုအေတာအတြင္း Media Pad M 3  သင္ပုန္းကြန္ပ်ဳတာ သည္ M2 ဘင္ဖုန္း ကြန္ပ်ဴတာက့ဲ သို႔ျဖစ္ၿပီး မ်က္ႏွာျပင္ကို ၈ ဒသမ ၄ လက္မအထိ ခဲြထားသည္။

 လက္ေဗြရာအာ႐ံုခံစနစ္ ထည့္သြင္းထားၿပီး kirin 950 ပ႐ို ဆက္ဆာျဖင့္ စြမ္းေဆာင္ရည္ကုိ အသင့္တုိးျမႇင့္ထားသည္။

4GB RAM မွတ္ဉာဏ္ႏွင့္ အတြင္းပိုင္း သိုေလွာင္သိမ္းဆည္း ႏုိင္မႈ 32 GB ရွိေသာ M3 သင္ပုန္း ကြန္ပ်ဴတာ၏ ေစ်းမွာ ယူ႐ို ၃၅၀ ခန္႔က်သင့္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ဥရောပတွင် နှစ်စဉ် စက်တင်ဘာရောက်တိုင်း ကျင်းပလေ့ရှိသော နည်းပညာကုန်ပစ္စည်းပြပွဲ IFA ၌ ဟွာဝေးကုမ္ပဏီက ယခင်က ကြေညာထားသည့်အတိုင်း Nova, Nova Plus စမတ်ဖုန်းများနှင့် Media Pad M3 တို့ကို မိတ်ဆက်လိုက်သည်။

Nova Plus စမတ်ဖုန်းသည် လေယာဉ်ထုတ်လုပ်သော အလူမီ နီယံဖြင့် ပြုလုပ်ထားသည့်ဖုန်းဖြစ် ပြီး Mate S နှင့် ပုံသဏ္ဌာန်ဆင်တူ သည်။ မျက်နှာပြင် ၅ ဒသမ ၅ လက်မကျယ်သော်လည်း AMO-LED အမျိုးအစားမဟုတ်ကြောင်း သိရသည်။ ဘက်ထရီမှာ Mate S ထက် များစွာပိုကြီးပြီး 4000 mAh အမျိုးအစားဖြစ်သည်။

Nova Plus ၏ ကင်မရာမှာ လည်း 16 MP ရှိကာ မျက်နှာပြင် သေးငယ်သော Nova စမတ်ဖုန်း ကဲ့သို့ပင် 8 MP ဆယ်လ်ဖီကင်မရာ ပါဝင်သည်။ OS အနေဖြင့် Android 6.0 Marsh mallow ကို အခြေခံထားသော Emotion UI 4.0 ကို သုံးထားသည်။

Nova plus စမတ်ဖုန်းကို Nova နှင့်အတူ စက်တင်ဘာတွင် စတင်ရောင်းချမည်ဖြစ်ပြီး ဈေး နှုန်းယူရို ၄၃၀ ခန့်ကျသင့်သည်။

Nova ၏ မျက်နှာပြင်အ ကျယ်သည် ငါးလက်မရှိပြီး နောက် ကင်မရာမှာ 12 MP ရှိသည်။ 4k ဗီဒီယိုများရိုက်ကူးနိုင်ပြီး ဘက်ထ ရီမှာ 3020 mAh အမျိုးအစားဖြစ် သည်။ ယင်းဖုန်းကို ဥရောပတွင် ယူရို ၄၀၀ ဖြင့် ရောင်းချမည်ဖြစ် သည်။

ထိုအတောအတွင်း Media Pad M 3  သင်ပုန်းကွန်ပျုတာ သည် M2 ဘင်ဖုန်း ကွန်ပျူတာကဲ့ သို့ဖြစ်ပြီး မျက်နှာပြင်ကို ၈ ဒသမ ၄ လက်မအထိ ခွဲထားသည်။

 လက်ဗွေရာအာရုံခံစနစ် ထည့်သွင်းထားပြီး kirin 950 ပရို ဆက်ဆာဖြင့် စွမ်းဆောင်ရည်ကို အသင့်တိုးမြှင့်ထားသည်။

4GB RAM မှတ်ဉာဏ်နှင့် အတွင်းပိုင်း သိုလှောင်သိမ်းဆည်း နိုင်မှု 32 GB ရှိသော M3 သင်ပုန်း ကွန်ပျူတာ၏ ဈေးမှာ ယူရို ၃၅၀ ခန့်ကျသင့်သည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top