Property Expo
×

ဆမ္ေဆာင္း၏ေနာက္ ဆုံးထုတ္ကုန္ Galaxy Note 7 စတင္ေရာင္းခ်မည့္ရက္ကုိ ေရႊ႕ဆုိင္းလုိက္ၿပီး ႀကိဳတင္အမွာ (Pre-Order)ျဖင့္ ၀ယ္ယူထားသူမ်ားနစ္နာမႈမရွိေစရန္ စီစဥ္မည္ဟု သတင္းရရွိသည္။

Galaxy Note 7ကုိ ႏုိင္ငံတကာ ေစ်းကြက္အခ်ဳိ႕တြင္ ျပန္လည္သိမ္းဆည္းမႈရွိခဲ့ၿပီး ျပည္တြင္းေစ်းကြက္၌ မူလက စက္တင္ဘာ၁၁ ရက္တြင္ ေရာင္းခ်မည့္ အစီအစဥ္ကို ေရႊ႕ဆုိင္းခဲ့သည္။ Pre-Order ျဖင့္ ၀ယ္ယူထားသူမ်ား စိတ္ပူပန္မႈမရွိေစရန္ႏွင့္ အဆင္ေျပေအာင္လုပ္ေပးမည္ဟု ဆမ္ေဆာင္းျမန္မာမွ IT& Mobile ဌာနအႀကီးအကဲဦးဇာနည္၀င္းထက္ကေျပာသည္။

‘‘အေမရိကန္ ကုိရီးယားနဲ႔ ထုိင္၀မ္ေစ်းကြက္ေတြမွာ ဘက္ ထရီျပႆနာတက္သြားတာေပါ့။ ဒီက Note 7 အားေပးထားတဲ့သူ ေတြ အတြက္လည္း အဆင္ေျပ ေအာင္လုပ္ေပးသြားမွာပါ။ အဲဒါ နဲ႔ပတ္သက္ၿပီး လာမယ့္တနလၤာ ေန႔မွာ သတင္းစာရွင္းလင္းပြဲလုပ္ ဖုိ႔ စီစဥ္ေနပါတယ္။ ၀ယ္ယူထား သူအားလုံးကို စိတ္မပူၾကဖို႔ေျပာ ခ်င္ပါတယ္’’ဟု ဦးဇာနည္၀င္း ထက္ကေျပာသည္။

ဘက္ထရီဆုိင္ရာျပႆနာ ႏွင့္ ခ်ဳိ႕ယြင္းခ်က္မ်ားျဖစ္ေပၚရ ျခင္းအေၾကာင္းရင္းမွာ Galaxy Note 7တြင္ပါရွိသည့္ မူလအား သြင္းႀကိဳးျဖင့္ အားသြင္းျခင္းမ်ဳိးမ ျပဳလုပ္ဘဲ အျခား Third Party အားသြင္းႀကိဳးကို အသုံးျပဳျခင္း ေၾကာင့္ျဖစ္သည္ဟု ဦးဇာနည္၀င္း ထက္ကေျပာသည္။

ျပည္တြင္းေစ်းကြက္တြင္ Galaxy Note 7ကုိ က်ပ္ကုိးသိန္းႏွစ္ေသာင္းျဖင့္ ေရာင္းခ်မည္ဟု ၾသဂုတ္ ၁၂ရက္က တရား၀င္မိတ္ဆက္ၿပီး လက္ရွိတြင္ Pre-Order ျဖင့္ ၀ယ္ယူထားသူအေရအတြက္ အတိအက်ကို ထုတ္ေဖာ္ေျပာဆုိႏုိင္ျခင္းမရွိေသာ္လည္း အလုံးေရရာဂဏန္းရွိေနၿပီဟု သတင္းရရွိိသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဆမ်ဆောင်း၏နောက် ဆုံးထုတ်ကုန် Galaxy Note 7 စတင်ရောင်းချမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ပြီး ကြိုတင်အမှာ (Pre-Order)ဖြင့် ဝယ်ယူထားသူများနစ်နာမှုမရှိစေရန် စီစဉ်မည်ဟု သတင်းရရှိသည်။

Galaxy Note 7ကို နိုင်ငံတကာ ဈေးကွက်အချို့တွင် ပြန်လည်သိမ်းဆည်းမှုရှိခဲ့ပြီး ပြည်တွင်းဈေးကွက်၌ မူလက စက်တင်ဘာ၁၁ ရက်တွင် ရောင်းချမည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။ Pre-Order ဖြင့် ဝယ်ယူထားသူများ စိတ်ပူပန်မှုမရှိစေရန်နှင့် အဆင်ပြေအောင်လုပ်ပေးမည်ဟု ဆမ်ဆောင်းမြန်မာမှ IT& Mobile ဌာနအကြီးအကဲဦးဇာနည်ဝင်းထက်ကပြောသည်။

‘‘အမေရိကန် ကိုရီးယားနဲ့ ထိုင်ဝမ်ဈေးကွက်တွေမှာ ဘက် ထရီပြဿနာတက်သွားတာပေါ့။ ဒီက Note 7 အားပေးထားတဲ့သူ တွေ အတွက်လည်း အဆင်ပြေ အောင်လုပ်ပေးသွားမှာပါ။ အဲဒါ နဲ့ပတ်သက်ပြီး လာမယ့်တနင်္လာ နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ် ဖို့ စီစဉ်နေပါတယ်။ ဝယ်ယူထား သူအားလုံးကို စိတ်မပူကြဖို့ပြော ချင်ပါတယ်’’ဟု ဦးဇာနည်ဝင်း ထက်ကပြောသည်။

ဘက်ထရီဆိုင်ရာပြဿနာ နှင့် ချို့ယွင်းချက်များဖြစ်ပေါ်ရ ခြင်းအကြောင်းရင်းမှာ Galaxy Note 7တွင်ပါရှိသည့် မူလအား သွင်းကြိုးဖြင့် အားသွင်းခြင်းမျိုးမ ပြုလုပ်ဘဲ အခြား Third Party အားသွင်းကြိုးကို အသုံးပြုခြင်း ကြောင့်ဖြစ်သည်ဟု ဦးဇာနည်ဝင်း ထက်ကပြောသည်။

ပြည်တွင်းဈေးကွက်တွင် Galaxy Note 7ကို ကျပ်ကိုးသိန်းနှစ်သောင်းဖြင့် ရောင်းချမည်ဟု သြဂုတ် ၁၂ရက်က တရားဝင်မိတ်ဆက်ပြီး လက်ရှိတွင် Pre-Order ဖြင့် ဝယ်ယူထားသူအရေအတွက် အတိအကျကို ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသော်လည်း အလုံးရေရာဂဏန်းရှိနေပြီဟု သတင်းရရှိသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top