Property Expo
×

အေမရိကန္အားကစား ပစၥည္းကုမၼဏီ Nike က မၾကာမီမွာ နည္းပညာျမင့္ HyperAdapt 1.0 အမည္ရ ရွဴးဖိနပ္ကို စတင္မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ တြန္းဖိအားေၾကာင့္ လႈပ္ရွားသြားလာတဲ့အခါ ေျခေထာက္ရဲ႕ အေလးခ်ိန္အလိုက္ တုံ႔ျပန္ျဖစ္ေပၚေစတဲ့ ၾကိဳးေတြနဲ႔ ေျခဖဝါး pressure sensor ေတြပါ၀င္တဲ့ အတြင္းပုိင္းကယ္ဘယ္ၾကိဳးစနစ္ေၾကာင့္ ဒီရွဴးဖိနပ္ဟာ သူ႔အလုိအေလ်ာက္ အေလွ်ာ့အတင္း လုပ္သြားမွာ ျဖစ္ပါတယ္။

အေလးခ်ိန္ေပါ့ေနတဲ့အခ်ိန္နဲ႔ ဘက္ထရီအားသြင္းဖုိ႔ လုိအပ္ေနတဲ့အခ်ိန္မ်ဳိးမွာ ရွဴးဖိနပ္ရဲ႕ ေျခဖေနာင့္ကေန အခ်က္ျပမီး လင္းေနမွာ ျဖစ္ပါတယ္။ Nike ရဲ႕အဆုိအရ ဘက္ထရီအားအျပည့္သြင္းဖုိ႔ ၃ နာရီၾကာျပီး ၂ ပတ္ခန္႔ အသုံးခံမယ္လုိ႔ သိရပါတယ္။ အားသြင္းတ့ဲအခါ အေသးစားကလစ္နဲ႔ညွပ္တဲ့ အားသြင္းကိရိယာ အသုံးျပဳရပါမယ္။

ဒီ HyperAdapt ရွဴးဖိနပ္ကို လာမယ့္ႏုိဝင္ဘာလ ၂၈ ရက္ေန႔ စတင္ေရာင္းခ်ေပးမွာျဖစ္ျပီး  ေလာေလာဆယ္ေတာ့ အေမရိကမွာပဲ ဝယ္ယူရရိွဦးမွာျဖစ္တယ္လို႕ Nike ကုမၸဏီရဲ႕ ပီအာဒါရုိက္တာ Heidi Burgett က တြဒ္တာစာမ်က္ႏွာမွာ ေဖာ္ျပထားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
အမေရိကန်အားကစား ပစ္စည်းကုမ္မဏီ Nike က မကြာမီမှာ နည်းပညာမြင့် HyperAdapt 1.0 အမည်ရ ရှူးဖိနပ်ကို စတင်မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ တွန်းဖိအားကြောင့် လှုပ်ရှားသွားလာတဲ့အခါ ခြေထောက်ရဲ့ အလေးချိန်အလိုက် တုံ့ပြန်ဖြစ်ပေါ်စေတဲ့ ကြိုးတွေနဲ့ ခြေဖဝါး pressure sensor တွေပါဝင်တဲ့ အတွင်းပိုင်းကယ်ဘယ်ကြိုးစနစ်ကြောင့် ဒီရှူးဖိနပ်ဟာ သူ့အလိုအလျောက် အလျှော့အတင်း လုပ်သွားမှာ ဖြစ်ပါတယ်။

အလေးချိန်ပေါ့နေတဲ့အချိန်နဲ့ ဘက်ထရီအားသွင်းဖို့ လိုအပ်နေတဲ့အချိန်မျိုးမှာ ရှူးဖိနပ်ရဲ့ ခြေဖနောင့်ကနေ အချက်ပြမီး လင်းနေမှာ ဖြစ်ပါတယ်။ Nike ရဲ့အဆိုအရ ဘက်ထရီအားအပြည့်သွင်းဖို့ ၃ နာရီကြာပြီး ၂ ပတ်ခန့် အသုံးခံမယ်လို့ သိရပါတယ်။ အားသွင်းတဲ့အခါ အသေးစားကလစ်နဲ့ညှပ်တဲ့ အားသွင်းကိရိယာ အသုံးပြုရပါမယ်။

ဒီ HyperAdapt ရှူးဖိနပ်ကို လာမယ့်နိုဝင်ဘာလ ၂၈ ရက်နေ့ စတင်ရောင်းချပေးမှာဖြစ်ပြီး  လောလောဆယ်တော့ အမေရိကမှာပဲ ဝယ်ယူရရှိဦးမှာဖြစ်တယ်လို့ Nike ကုမ္ပဏီရဲ့ ပီအာဒါရိုက်တာ Heidi Burgett က တွဒ်တာစာမျက်နှာမှာ ဖော်ပြထားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top