ကန္သာယာစင္တာ Open House အထူးအေရာင္းျပပြဲ
×

အာဆီယံႏိုင္ငံမ်ား၏ ကုန္သြယ္မႈအခ်က္အလက္မ်ားကို ၾကည့္႐ႈႏုိင္သည့္ Myanmar Trade Portal

 ျမန္မာႏိုင္ငံ အပါအ၀င္ အာဆီယံႏိုင္ငံမ်ားအားလံုးမွ ကုန္ သြယ္မႈဆိုင္ရာ အခ်က္အလက္ မ်ားႏွင့္ နည္းလမ္းမ်ားကို တစ္ေန ရာတည္းတြင္ အလြယ္တကူသြား ေရာက္ၾကည့္႐ႈႏုိင္မည့္ ၀က္ဘ္ ဆိုက္ Myanmar Trade Portal ကို မႏၲေလးတိုင္းမွ စီးပြားေရးလုပ္ငန္းရွင္မ်ားအား စက္တင္ဘာ ၁၄ ရက္က မႏၲေလးၿမိဳ႕ ဆီဒိုးနားဟိုတယ္၌ မိတ္ဆက္ခဲ့သည္။


‘‘Myanmar Trade Portal ဟာ စီးပြားေရးနဲ႔ ကုန္သြယ္မႈဆိုင္ ရာအခ်က္အလက္ေတြ အားလံုး ကို တစ္ေနရာတည္းမွာ စုစည္း ေပးထားတဲ့အတြက္ စီးပြားေရး လုပ္ငန္းရွင္ေတြအတြက္တင္ အ သံုးတည့္႐ုံတင္မကဘဲ ရင္းႏွီးျမႇဳပ္ ႏွံလိုသူေတြ၊ သုေတသနပညာရွင္ ေတြအတြက္လည္း အခ်က္အ လက္ေတြကို အလြယ္တကူရွာေဖြ ၿပီး အသံုးျပဳႏိုင္မယ့္ ေနရာတစ္ခု ပါ’’ဟု အဆိုပါ၀က္ဘ္ဆိုက္အား မိတ္ဆက္ေပးသည့္ ကုန္သြယ္ေရး ၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကား ေရးမွဴးခ်ဳပ္ ဦးရန္ႏုိင္ထြန္းက ေျပာသည္။

၀က္ဘ္ဆိုက္ကို စီးပြားေရး ႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ ႀကီးဌာနက အေမရိကန္ႏိုင္ငံတ ကာဖြံ႕ၿဖိဳးတိုးတက္ေရးေအဂ်င္စီ (USAID)၏ အကူအညီျဖင့္ တည္ေဆာက္ခဲ့ၿပီး ႏုိင္ငံတစ္၀န္းမွ စီးပြားေရးလုပ္ငန္းမ်ား၊ ကုန္စည္ဒိုင္မ်ား၏ အေရာင္းအ၀ယ္ျပဳလုပ္မႈ၊ ကုန္သြယ္မႈအေျခအေနမ်ားအားလံုးကို ထည့္သြင္းထားသည့္အျပင္ အာဆီယံႏုိင္ငံမ်ားႏွင့္ ကုန္သြယ္မႈျပဳလုပ္ပါက လိုအပ္သည့္ လမ္းၫႊန္ခ်က္မ်ား၊ ကုန္သြယ္မႈဆိုင္ရာ သတင္းအခ်က္အလက္မ်ားကိုလည္း တစ္ေနရာတည္းတြင္ ေလ့လာႏုိင္ေစရန္ ေဖာ္ျပေပးထားသည္။

‘‘ဒါက ျပည္တြင္းလုပ္ငန္းရွင္ေတြကိုသာမကဘဲ ျပည္ပက လုပ္ငန္းရွင္ေတြကိုလည္း အက်ဳိးျပဳေစမွာ ျဖစ္ပါတယ္။ အာဆီယံ အဖြဲ႕၀င္ႏိုင္ငံေတြနဲ႔ ဘယ္လိုဆက္ ဆံမလဲ၊ လိုင္စင္ေလွ်ာက္ထားမႈ စနစ္ေတြကို ေဖာ္ျပေပးထားတဲ့အ တြက္ လုပ္ငန္းရွင္ေတြနဲ႔ အစိုးရ ၾကားမွာ ယံုၾကည္မႈကို ပိုၿပီးတည္ ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္’’ဟု USAID မွ ပုဂၢလိကက႑ဖြံ႕ၿဖိဳး တိုးတက္ေရးတာ၀န္ခံ စတိဗ္ပါ ကာက ေျပာသည္။

Myanmar Trade Portal ၀က္ဘ္ဆိုက္သို႔ ၀င္ေရာက္ေလ့ လာလိုသူမ်ားသည္ www.mya-nmartradeportal.gov.mm သုိ႔ ၀င္ေရာက္ၾကည့္႐ႈႏုိင္ၿပီး ကုန္ သြယ္မႈဆိုင္ရာ သတင္းအခ်က္အလက္မ်ားကို အခ်ိန္ႏွင့္တစ္ ေျပးညီ တင္ေပးလ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အာဆီယံနိုင်ငံများ၏ ကုန်သွယ်မှုအချက်အလက်များကို ကြည့်ရှုနိုင်သည့် Myanmar Trade Portal

 မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများအားလုံးမှ ကုန် သွယ်မှုဆိုင်ရာ အချက်အလက် များနှင့် နည်းလမ်းများကို တစ်နေ ရာတည်းတွင် အလွယ်တကူသွား ရောက်ကြည့်ရှုနိုင်မည့် ဝက်ဘ် ဆိုက် Myanmar Trade Portal ကို မန္တလေးတိုင်းမှ စီးပွားရေးလုပ်ငန်းရှင်များအား စက်တင်ဘာ ၁၄ ရက်က မန္တလေးမြို့ ဆီဒိုးနားဟိုတယ်၌ မိတ်ဆက်ခဲ့သည်။


‘‘Myanmar Trade Portal ဟာ စီးပွားရေးနဲ့ ကုန်သွယ်မှုဆိုင် ရာအချက်အလက်တွေ အားလုံး ကို တစ်နေရာတည်းမှာ စုစည်း ပေးထားတဲ့အတွက် စီးပွားရေး လုပ်ငန်းရှင်တွေအတွက်တင် အ သုံးတည့်ရုံတင်မကဘဲ ရင်းနှီးမြှုပ် နှံလိုသူတွေ၊ သုတေသနပညာရှင် တွေအတွက်လည်း အချက်အ လက်တွေကို အလွယ်တကူရှာဖွေ ပြီး အသုံးပြုနိုင်မယ့် နေရာတစ်ခု ပါ’’ဟု အဆိုပါဝက်ဘ်ဆိုက်အား မိတ်ဆက်ပေးသည့် ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။

ဝက်ဘ်ဆိုက်ကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနက အမေရိကန်နိုင်ငံတ ကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID)၏ အကူအညီဖြင့် တည်ဆောက်ခဲ့ပြီး နိုင်ငံတစ်ဝန်းမှ စီးပွားရေးလုပ်ငန်းများ၊ ကုန်စည်ဒိုင်များ၏ အရောင်းအဝယ်ပြုလုပ်မှု၊ ကုန်သွယ်မှုအခြေအနေများအားလုံးကို ထည့်သွင်းထားသည့်အပြင် အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ပါက လိုအပ်သည့် လမ်းညွှန်ချက်များ၊ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များကိုလည်း တစ်နေရာတည်းတွင် လေ့လာနိုင်စေရန် ဖော်ပြပေးထားသည်။

‘‘ဒါက ပြည်တွင်းလုပ်ငန်းရှင်တွေကိုသာမကဘဲ ပြည်ပက လုပ်ငန်းရှင်တွေကိုလည်း အကျိုးပြုစေမှာ ဖြစ်ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဘယ်လိုဆက် ဆံမလဲ၊ လိုင်စင်လျှောက်ထားမှု စနစ်တွေကို ဖော်ပြပေးထားတဲ့အ တွက် လုပ်ငန်းရှင်တွေနဲ့ အစိုးရ ကြားမှာ ယုံကြည်မှုကို ပိုပြီးတည် ဆောက်နိုင်မှာ ဖြစ်ပါတယ်’’ဟု USAID မှ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးတာဝန်ခံ စတိဗ်ပါ ကာက ပြောသည်။

Myanmar Trade Portal ဝက်ဘ်ဆိုက်သို့ ဝင်ရောက်လေ့ လာလိုသူများသည် www.mya-nmartradeportal.gov.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ကုန် သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တစ် ပြေးညီ တင်ပေးလျက်ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top