Kantharyar Centre
×

Myanmar Now သတင္းဌာနမွ သတင္းေထာက္ခ်ဳပ္ ဦးေဆြ၀င္း၏ လူမႈေရး အသိစိတ္ဓာတ္ျဖင့္ ေက်ာက္တံတားၿမိဳ႕နယ္၊ (၉)ရပ္ကြက္ လမ္း (၄၀)ရိွ အင္း၀ အပ္ခ်ဳပ္ဆိုင္တြင္ အိမ္အကူ မိန္းကေလးငယ္ (၂)ဦးအား ညႇဥ္းပန္း ႏိွပ္စက္မႈ ကိစၥအား မိမိ၏ လံုၿခံဳေရးႏွင့္ ကိုယ္က်ိဳးကို မငဲ့ကြက္ဘဲ စံုစမ္း ေဖာ္ထုတ္ သတင္း ရယူခဲ့မႈအေပၚ ႏိုင္ငံေတာ္သမၼတႀကီးက ခ်ီးျမႇင့္ေသာ ဂုဏ္ျပဳလႊာ ေပးအပ္ျခင္းႏွင့္ စပ္လ်ဥ္း၍ ျပန္ၾကားေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ ေဖျမင့္က ရွင္းလင္း ေျပာၾကားခဲ့သည္။


ထို႔ေနာက္ ႏိုင္ငံေတာ္သမၼတႀကီး၏ ဂုဏ္ျပဳလႊာကို ျပန္ၾကားေရး၀န္ႀကီးဌာန၊ ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာေဖျမင့္က Myanmar Now သတင္းဌာနမွ သတင္းေထာက္ခ်ဳပ္ ဦးေဆြ၀င္းအား ေပးအပ္ခ်ီးျမႇင့္ခဲ့ၿပီး Myanmar Now သတင္း ဌာနမွ သတင္းေထာက္ခ်ဳပ္ ဦးေဆြ၀င္းက ေက်းဇူးတင္စကား ေျပာၾကားခဲ့ပါသည္။

ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဖျမင့္ႏွင့္ တက္ေရာက္ လာသည့္ ဌာနဆုိင္ရာအႀကီးအကဲမ်ား Myanmar Now သတင္းဌာနမွ သတင္းေထာက္ခ်ဳပ္ ဦးေဆြ၀င္းတုိ႔ အမွတ္တရ မွတ္တမ္းတင္ ဓာတ္ပုံ ရိုက္ကူး ေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MOI Webportal Myanmar

#Unicode Version
Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်း၏ လူမှုရေး အသိစိတ်ဓာတ်ဖြင့် ကျောက်တံတားမြို့နယ်၊ (၉)ရပ်ကွက် လမ်း (၄၀)ရှိ အင်း၀ အပ်ချုပ်ဆိုင်တွင် အိမ်အကူ မိန်းကလေးငယ် (၂)ဦးအား ညှဉ်းပန်း နှိပ်စက်မှု ကိစ္စအား မိမိ၏ လုံခြုံရေးနှင့် ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ စုံစမ်း ဖော်ထုတ် သတင်း ရယူခဲ့မှုအပေါ် နိုင်ငံတော်သမ္မတကြီးက ချီးမြှင့်သော ဂုဏ်ပြုလွှာ ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက် နိုင်ငံတော်သမ္မတကြီး၏ ဂုဏ်ပြုလွှာကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်းအား ပေးအပ်ချီးမြှင့်ခဲ့ပြီး Myanmar Now သတင်း ဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တက်ရောက် လာသည့် ဌာနဆိုင်ရာအကြီးအကဲများ Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်းတို့ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူး ကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top