Kantharyar Centre
×





Credit : Duwun

#Unicode Version

၂၀၁၆ ခုနှစ် MTV EMAs ဆုပေးပွဲအတွက် ဆုလျာထားစာရင်းကို ထုတ်ပြန်လိုက်ရာမှာ ဘီယွန်းဆေးနဲ့ ဂျက်စတင်ဘီဘာတို့က ဆု ၅ ဆုစီနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

ဘီယွန်းဆေးက အကောင်းဆုံးတိုက်ရိုက်လွှင့်မှု၊ အကောင်းဆုံးအမျိုးသမီးအဆိုရှင်၊ အကောင်းဆုံးဗီဒီယိုဆု၊ ပရိသတ်အများဆုံးဆု၊ ပြည်တွင်း(အမေရိကန်) အကောင်းဆုံးလှုပ်ရှားမှု ဆုတွေအတွက် လျာထားခံရတာဖြစ်ပါတယ်။

ကနေဒါနိုင်ငံသားလေး ဘီဘာကတော့ အကောင်းဆုံးသီချင်းဆု၊ အကောင်းဆုံးအမျိုးသားအဆိုရှင်ဆု၊ အကောင်းဆုံးပေါ့ပ်သီချင်းဆု၊ ပရိသတ်အများဆုံးဆုနဲ့ ပြည်တွင်း(ကနေဒါ)အကောင်းဆုံးလှုပ်ရှားမှုဆုတို့အတွက် လျာထားခံရကြောင်း စာရင်းမှာ ပါရှိလာပါတယ်။

MTV EMAs ဆု လျာထားစာရင်းမှာ အဒဲလ်က ဆုလေးဆုအတွက် ပါဝင်နေပြီး ဘီဘာနဲ့ဘီယွန်းဆေးတို့ရဲ့နောက်မှာရပ်တည်နေပါတယ်။ ဆုပေးပွဲကိုတော့ ယခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top