Property Expo
×

                           လက္ကိုင္ဖုန္းေတြရဲ႕ အေရးေပၚ သတိေပးစနစ္

ပထမဦးဆံုးအႀကိမ္အျဖစ္ လက္ကိုင္ဖုန္းေတြရဲ႕ အေရးေပၚ သတိေပးစနစ္ကို အသံုးျပဳၿပီး New York နဲ႔ New Jersey မွာ ဗံုးေဖါက္ခြဲခဲ့သူလို႔ သံသယရွိထားသူကို ရွာေဖြေဖၚထုတ္ႏိုင္ခဲ့ပါတယ္။ ဒီစနစ္ကို အရင္က မိုးေလ၀သ သတိေပးခ်က္နဲ႔ ကေလးသူငယ္ေပ်ာက္ဆံုးမႈေတြ မွာ အသံုးျပဳခဲ့တာပါ။

နယူးေယာက္ ၿမိဳ႕တြင္းမွာရွိတဲ့ လက္ကိုင္ဖုန္းေတြအားလံုးမွာ တနလၤာေန႔က အေရးေပၚ အခ်က္ေပးသံေတြ စတင္ ထြက္ေပၚလာခဲ့ပါတယ္။ေပၚလာတဲ့ သတိေပးခ်က္စာတမ္းမွာ အသက္ ၂၈ ႏွစ္အရြယ္ အမ်ိဳးသား Khan Rahami ကို အလိုရွိေနေၾကာင္း ေဖၚျပထားၿပီး မီဒီယာေပၚမွာ ဓါတ္ပံုေဖၚျပထားေၾကာင္းနဲ႔ သူ႔ကို ေတြ႕ရွိပါက 911 ဖုန္းနံပတ္ကို ေခၚၿပီး အေၾကာင္းၾကားဖို႔ အသိေပးထားတဲ့အေၾကာင္း The New York Times မွာ ေဖၚျပထားပါတယ္။

အဲဒီသတိေပးခ်က္ ေပးပို႔ခဲ့့တဲ့တခ်ိန္ထဲမွာပဲ New York ၿမိဳ႕ေတာ္၀င္ Bill de Blasio က CNN ရုပ္သံေပၚမွာ သံသရရွိသူရဲ႕ အမည္ကို ထုတ္ေဖၚေၾကညာလိုက္ပါတယ္လို႔ သတင္းစာမွာ ေရးသားထားပါတယ္။

တနလၤာေန႔ ေန႔ခင္းမွာပဲ New Jersey မွာ လံုၿခံဳေရးအရာရွိေတြနဲ႔ အျပန္လွန္ပစ္ခတ္မႈအတြင္း ဒဏ္ရာရရွိခဲ့တဲ့ Rahami ကို ဖမ္းဆီးရမိခဲ့တာပါ။ အခုလို အေရးေပၚသတိေပးခ်က္ကို အေျခအေန ၃ ရပ္တို႔မွာ ထုတ္ျပန္တာျဖစ္ပါတယ္။ ရာသီဥတု၊ ကေလးေပ်ာက္ဆံုးမႈနဲ႔ အေမရိကန္သမၼတက ထုတ္ျပန္တဲ့ အေရးေပၚသတိေပးခ်က္တို႔ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗြီအိုေအ (ျမန္မာပုိင္း)

#Unicode Version
လက်ကိုင်ဖုန်းတွေရဲ့ အရေးပေါ် သတိပေးစနစ်ပထမဦးဆုံးအကြိမ်အဖြစ် လက်ကိုင်ဖုန်းတွေရဲ့ အရေးပေါ် သတိပေးစနစ်ကို အသုံးပြုပြီး New York နဲ့ New Jersey မှာ ဗုံးဖေါက်ခွဲခဲ့သူလို့ သံသယရှိထားသူကို ရှာဖွေဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ ဒီစနစ်ကို အရင်က မိုးလေဝသ သတိပေးချက်နဲ့ ကလေးသူငယ်ပျောက်ဆုံးမှုတွေ မှာ အသုံးပြုခဲ့တာပါ။

နယူးယောက် မြို့တွင်းမှာရှိတဲ့ လက်ကိုင်ဖုန်းတွေအားလုံးမှာ တနင်္လာနေ့က အရေးပေါ် အချက်ပေးသံတွေ စတင် ထွက်ပေါ်လာခဲ့ပါတယ်။ပေါ်လာတဲ့ သတိပေးချက်စာတမ်းမှာ အသက် ၂၈ နှစ်အရွယ် အမျိုးသား Khan Rahami ကို အလိုရှိနေကြောင်း ဖေါ်ပြထားပြီး မီဒီယာပေါ်မှာ ဓါတ်ပုံဖေါ်ပြထားကြောင်းနဲ့ သူ့ကို တွေ့ရှိပါက 911 ဖုန်းနံပတ်ကို ခေါ်ပြီး အကြောင်းကြားဖို့ အသိပေးထားတဲ့အကြောင်း The New York Times မှာ ဖေါ်ပြထားပါတယ်။

အဲဒီသတိပေးချက် ပေးပို့ခဲ့တဲ့တချိန်ထဲမှာပဲ New York မြို့တော်ဝင် Bill de Blasio က CNN ရုပ်သံပေါ်မှာ သံသရရှိသူရဲ့ အမည်ကို ထုတ်ဖေါ်ကြေညာလိုက်ပါတယ်လို့ သတင်းစာမှာ ရေးသားထားပါတယ်။

တနင်္လာနေ့ နေ့ခင်းမှာပဲ New Jersey မှာ လုံခြုံရေးအရာရှိတွေနဲ့ အပြန်လှန်ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ Rahami ကို ဖမ်းဆီးရမိခဲ့တာပါ။ အခုလို အရေးပေါ်သတိပေးချက်ကို အခြေအနေ ၃ ရပ်တို့မှာ ထုတ်ပြန်တာဖြစ်ပါတယ်။ ရာသီဥတု၊ ကလေးပျောက်ဆုံးမှုနဲ့ အမေရိကန်သမ္မတက ထုတ်ပြန်တဲ့ အရေးပေါ်သတိပေးချက်တို့ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:ဗွီအိုအေ (မြန်မာပိုင်း)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top