Kantharyar Centre
×

ရန္ကုန္ၿမိဳ႕၌ ေအာက္ တုိဘာအတြင္း က်င္းပမည့္ One  Championship (MMA) ၿပိဳင္ပြဲ တြင္ ကခ်င္လူမ်ိဳး ေအာင္လအန္ ဆန္ႏွင့္ ပုိလန္ႏုိင္ငံသား မုိက္ကယ္ပက္စတာနာ့ခ္တို႔ ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

အမ်ိဳးသားအားကစားၿပိဳင္ပြဲ ႐ုံ(၁)သု၀ဏၰ၌ က်င္းပမည့္ အဆုိ ပါ MMA ၿပိဳင္ပြဲတြင္ မူလက မစ္ ဒယ္၀ိတ္တန္း ကမၻာ့ခ်န္ပီယံလုပြဲ အျဖစ္ ေအာင္လအန္ဆန္ႏွင့္ ႐ုရွားႏုိင္ငံသား Bigdash တို႔ ယွဥ္ၿပိဳင္ရန္ စီစဥ္ခဲ့ေသာ္လည္း ယင္း တြဲဆုိင္းမွာ ျဖစ္ေျမာက္မႈ မရွိျခင္းေၾကာင့္ ပုိလန္ႏုိင္ငံသားႏွင့္ေျပာင္းလဲ ယွဥ္ၿပိဳင္မည္ျဖစ္ ေၾကာင္း ပြဲစီစဥ္သူ ေဇေကာ္ပုိေရးရွင္းဥကၠ႒ ဦးေဇသီဟကေျပာ သည္။


‘‘ေအာင္လနဲ႕  Bigdash တို႔ တြဲဆုိင္း မျဖစ္ေတာ့တာေၾကာင့္ သူ႔ေနရာမွာ ပုိလန္ႏုိင္ငံသားနဲ႔ ေျပာင္းလဲယွဥ္ၿပိဳင္မွာပါ။ ခါးပတ္ လုပြဲေတာ့ မဟုတ္ေတာ့ဘူး’’ ဟု ဦးေဇသီဟကေျပာသည္။

ပုိလန္ႏုိင္ငံသား မုိက္ကယ္ ပက္စတာနာ့ခ္သည္  အသက္ (၃၂)ႏွစ္အရြယ္ရွိၿပီး မစ္ဒယ္ဝိတ္ တန္းတြင္ ထုိးသတ္ေနသူတစ္ဦး ျဖစ္ကာ MMA သက္တမ္းတစ္ ေလွ်ာက္ ၁၁ ပြဲ ယွဥ္ၿပိဳင္ရာ၌ အဖြင့္ပြဲတစ္ပြဲသာ ႐ံႈးနိမ့္ထားၿပီး ၁၀ ပြဲဆက္ အႏိုင္ရရွိထားသူ ျဖစ္ သည္။

အဆုိပါ MMA ၿပိဳင္ပြဲ မစ္ ဒယ္၀ိတ္တန္းတြင္ ေအာင္လအန္ ဆန္ႏွင့္ မုိက္ကယ္ပက္စတာနာ့ခ္၊ စထေရာ၀ိတ္တန္း ကမၻာ့ခ်န္ပီယံ ျဖစ္သည့္ ဂ်ပန္ႏုိင္ငံသား ယိုရွီ တာကာက စိန္ေခၚသူ ဖိလစ္ပုိင္ ႏုိင္ငံသား ပါစီယိုႏွင့္ ယွဥ္ၿပိဳင္မည့္ တြဲဆုိင္းႏွစ္ဆုိင္းသာ ထြက္ေပၚ ေသးၿပီး အျခားတြဲဆိုင္းမ်ား ထြက္ ေပၚလာျခင္းမရွိေသးေပ။ ယင္း ၿပိဳင္ပြဲတြင္ MMA တြဲဆိုင္း ၁၀ ပြဲ ခန္႔ ပါ၀င္မည္ျဖစ္ၿပီး ျပည္တြင္း ႐ုိးရာလက္ေဝွ႔သမားမ်ား ယွဥ္ၿပိဳင္မည့္ပြဲစဥ္မ်ား ပါ၀င္မည္ျဖစ္ ေၾကာင္း သတင္းရရွိသည္။

ေအာင္လအန္ဆန္သည္ ၿပီး ခဲ့သည့္ မတ္လႏွင့္ ဇူလုိင္အတြင္း က ျမန္မာႏုိင္ငံႏွင့္ တ႐ုတ္ႏုိင္ငံ တို႔တြင္ က်င္းပသည့္ MMA ၿပိဳင္ပြဲမ်ား၌ ၿပိဳင္ဘက္မ်ားကုိ ၎၏ နာမည္ေက်ာ္ ခ်ဳပ္ကြက္ျဖင့္ အႏုိင္ရရွိၿပီး အာရွေဒသအတြင္း ႏွစ္ပြဲ ယွဥ္ၿပိဳင္ၿပီးခ်ိန္၌ ႏွစ္ပြဲစလံုး အႏိုင္ရရွိထားသည္။

ေအာက္တိုဘာတြင္ ျပဳလုပ္ မည့္ MMA ၿပိဳင္ပြဲအတြက္ ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲကို စက္တင္ ဘာ ၆ ရက္၌ ရန္ကုန္ၿမိဳ႕တြင္ ျပဳ လုပ္မည္ျဖစ္ၿပီး  ေအာင္လအန္ ဆန္ တက္ေရာက္မည္ျဖစ္သည္။ ေအာင္လအန္ဆန္သည္ ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲ တက္ ေရာက္ရန္ စက္တင္ဘာ ၄ ရက္ (ယေန႔) ညတြင္ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိမည္ျဖစ္ၿပီး  စက္တင္ဘာ လ ၉ ရက္အထိ ရန္ကုန္ၿမိဳ႕၌ ေနထုိင္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

 အသက္ (၃၁)ႏွစ္အရြယ္ ေအာင္လသည္ MMA ၿပိဳင္ပြဲ သက္တမ္းတစ္ေလွ်ာက္ မစ္ဒယ္ ၀ိတ္တန္းတြင္ ၂၇ ပြဲ ယွဥ္ၿပိဳင္ထားၿပီး ၁၈ ပြဲႏိုင္၊ ကိုးပြဲ႐ံႈးရလဒ္ ရရွိထားသည္။ ေအာင္လသည္ ကမၻာ့ခ်န္ပီယံတစ္ဦး ျဖစ္လုိၿပီး ေနာက္ထပ္ေလးႏွစ္ ထုိးသတ္ၿပီး ပါက MMA ေလာကမွ အနားယူ ရန္ စီစဥ္ထားေၾကာင္း ေျပာၾကား ထားသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရန်ကုန်မြို့၌ အောက် တိုဘာအတွင်း ကျင်းပမည့် One  Championship (MMA) ပြိုင်ပွဲ တွင် ကချင်လူမျိုး အောင်လအန် ဆန်နှင့် ပိုလန်နိုင်ငံသား မိုက်ကယ်ပက်စတာနာ့ခ်တို့ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁)သုဝဏ္ဏ၌ ကျင်းပမည့် အဆို ပါ MMA ပြိုင်ပွဲတွင် မူလက မစ် ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ အဖြစ် အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား Bigdash တို့ ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ယင်း တွဲဆိုင်းမှာ ဖြစ်မြောက်မှု မရှိခြင်းကြောင့် ပိုလန်နိုင်ငံသားနှင့်ပြောင်းလဲ ယှဉ်ပြိုင်မည်ဖြစ် ကြောင်း ပွဲစီစဉ်သူ ဇေကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးဇေသီဟကပြော သည်။


‘‘အောင်လနဲ့  Bigdash တို့ တွဲဆိုင်း မဖြစ်တော့တာကြောင့် သူ့နေရာမှာ ပိုလန်နိုင်ငံသားနဲ့ ပြောင်းလဲယှဉ်ပြိုင်မှာပါ။ ခါးပတ် လုပွဲတော့ မဟုတ်တော့ဘူး’’ ဟု ဦးဇေသီဟကပြောသည်။

ပိုလန်နိုင်ငံသား မိုက်ကယ် ပက်စတာနာ့ခ်သည်  အသက် (၃၂)နှစ်အရွယ်ရှိပြီး မစ်ဒယ်ဝိတ် တန်းတွင် ထိုးသတ်နေသူတစ်ဦး ဖြစ်ကာ MMA သက်တမ်းတစ် လျှောက် ၁၁ ပွဲ ယှဉ်ပြိုင်ရာ၌ အဖွင့်ပွဲတစ်ပွဲသာ ရှုံးနိမ့်ထားပြီး ၁၀ ပွဲဆက် အနိုင်ရရှိထားသူ ဖြစ် သည်။

အဆိုပါ MMA ပြိုင်ပွဲ မစ် ဒယ်ဝိတ်တန်းတွင် အောင်လအန် ဆန်နှင့် မိုက်ကယ်ပက်စတာနာ့ခ်၊ စထရောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်သည့် ဂျပန်နိုင်ငံသား ယိုရှီ တာကာက စိန်ခေါ်သူ ဖိလစ်ပိုင် နိုင်ငံသား ပါစီယိုနှင့် ယှဉ်ပြိုင်မည့် တွဲဆိုင်းနှစ်ဆိုင်းသာ ထွက်ပေါ် သေးပြီး အခြားတွဲဆိုင်းများ ထွက် ပေါ်လာခြင်းမရှိသေးပေ။ ယင်း ပြိုင်ပွဲတွင် MMA တွဲဆိုင်း ၁၀ ပွဲ ခန့် ပါဝင်မည်ဖြစ်ပြီး ပြည်တွင်း ရိုးရာလက်ဝှေ့သမားများ ယှဉ်ပြိုင်မည့်ပွဲစဉ်များ ပါဝင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

အောင်လအန်ဆန်သည် ပြီး ခဲ့သည့် မတ်လနှင့် ဇူလိုင်အတွင်း က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ တို့တွင် ကျင်းပသည့် MMA ပြိုင်ပွဲများ၌ ပြိုင်ဘက်များကို ၎င်း၏ နာမည်ကျော် ချုပ်ကွက်ဖြင့် အနိုင်ရရှိပြီး အာရှဒေသအတွင်း နှစ်ပွဲ ယှဉ်ပြိုင်ပြီးချိန်၌ နှစ်ပွဲစလုံး အနိုင်ရရှိထားသည်။

အောက်တိုဘာတွင် ပြုလုပ် မည့် MMA ပြိုင်ပွဲအတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲကို စက်တင် ဘာ ၆ ရက်၌ ရန်ကုန်မြို့တွင် ပြု လုပ်မည်ဖြစ်ပြီး  အောင်လအန် ဆန် တက်ရောက်မည်ဖြစ်သည်။ အောင်လအန်ဆန်သည် ပွဲကြို သတင်းစာရှင်းလင်းပွဲ တက် ရောက်ရန် စက်တင်ဘာ ၄ ရက် (ယနေ့) ညတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး  စက်တင်ဘာ လ ၉ ရက်အထိ ရန်ကုန်မြို့၌ နေထိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 အသက် (၃၁)နှစ်အရွယ် အောင်လသည် MMA ပြိုင်ပွဲ သက်တမ်းတစ်လျှောက် မစ်ဒယ် ဝိတ်တန်းတွင် ၂၇ ပွဲ ယှဉ်ပြိုင်ထားပြီး ၁၈ ပွဲနိုင်၊ ကိုးပွဲရှုံးရလဒ် ရရှိထားသည်။ အောင်လသည် ကမ္ဘာ့ချန်ပီယံတစ်ဦး ဖြစ်လိုပြီး နောက်ထပ်လေးနှစ် ထိုးသတ်ပြီး ပါက MMA လောကမှ အနားယူ ရန် စီစဉ်ထားကြောင်း ပြောကြား ထားသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top