Property Expo
×

မယ္စၾက၀ဠာျမန္မာ ၂၀၁၇ ဆန္ခါတင္အလွမယ္မ်ား ၏ Talent Show ပြဲျပဳလုပ္ရာအ႐ူး မဇာတ္႐ုပ္ျဖင့္ သ႐ုပ္ေဆာင္ ေသာ ခါးနံပါတ္ (၂၅) ရွင္မင္း ဆက္က Miss Talent ဆုရရွိခဲ့ သည္။

ယင္းၿပိဳင္ပြဲကို စက္တင္ဘာ ၂၀ ရက္က ပူတာအိုရိွ မလိခ ဟိုတယ္၌ ျပဳလုပ္ၿပီးအလွမယ္ မ်ားက ၎တို႔ႏွစ္္သက္ရာ Talent မ်ားျဖင့္ ယွဥ္ၿပိဳင္ခဲ့သည္။

သီခ်င္းဆို၍ ယွဥ္ၿပိဳင္သူမ်ား ရွိသကဲ့သို႔ ႐ိုးရာအကအပါအ၀င္ ပုဂံေခတ္ယဥ္ေက်းမႈအကျဖင့္ ကျပယွဥ္ၿပိဳင္သူမ်ားလည္း ရွိၿပီး ဆုရရွိသည့္ ရွင္မင္းဆက္တစ္ဦး တည္းသာ ဇာတ္လမ္းပံုစံသ႐ုပ္ ေဆာင္ယွဥ္ၿပိဳင္ခဲ့ျခင္းျဖစ္သည္။ ရွင္မင္းဆက္က ရင္ေသြးႏွင့္ ခင္ပြန္းျဖစ္သူ ႐ုတ္တရက္ ဆံုး ပါးသြားေသာေၾကာင့္ စိတ္ေရာဂါ ခံစားရသူတစ္ဦးအျဖစ္ သ႐ုပ္ ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ပရိသတ္ လက္ခုပ္သံအမ်ားဆံုးရရွိခဲ့သည္။

1st Runner Up ဆုကို Electro Dance ျဖင့္ ယွဥ္ၿပိဳင္ သည့္ ခါးနံပါတ္ (၂၁)အလွမယ္ ခင္လျပည့္ေဇာ္ကရရွိၿပီး တတိယ ဆုကို သ႐ုပ္ေဖာ္အကျဖင့္ ယွဥ္ ၿပိဳင္ခဲ့သည့္ ခါးနံပါတ္ (၄) အလွ မယ္ ေမျမတ္ႏိုးခင္ကရရွိသည္။

အျခားဆုမ်ားကိုလည္းေပး အပ္ရာ Miss Active ဆုကို ခါးနံပါတ္ (၁) အလွမယ္ ခ်ယ္ရီ ခ်စ္ခ်စ္ထြန္းကလည္းေကာင္း၊ Miss Confidenceဆုကို ခါး နံပါတ္ (၁၅) အလွမယ္  အိအိ ၿငိမ္းကလည္းေကာင္း၊ Miss Friendshipဆုကို ခါးနံပါတ္ (၁၁)အလွမယ္ခိုင္ဇင္ေသာ္ကလည္း ေကာင္း၊ Miss Malikha ဆုကို ကခ်င္ျပည္နယ္ကိုယ္စားျပဳ အလွ မယ္ ဂ်ာဒင္ကိုင္ကလည္းေကာင္း ရရွိခဲ့ၾကသည္။

မယ္စၾက၀ဠာျမန္မာ ၂၀၁၇ ဆန္ခါတင္ အလွမယ္မ်ား၏ လူမႈေရးခရီးစဥ္အျဖစ္ ပူတာအို ေဒသသို႔ စက္တင္ဘာ ၁၈ ရက္က သြားေရာက္ခဲ့ျခင္းျဖစ္ၿပီး ယင္းေဒသရွိ စစ္ေဘးေရွာင္စခန္း၊ မိဘမဲ့ကေလးမ်ားကို ေစာင့္ ေရွာက္ထားသည့္ ဘုန္းေတာ္ႀကီး သင္ ေက်ာင္းမ်ားသို႔ သြားေရာက္ လွဴဒါန္းခဲ့ကာ သစ္ပင္စိုက္ျခင္း၊ ဆင္စီးျခင္း စသည့္လႈပ္ရွားမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

မယ်စကြဝဠာမြန်မာ ၂၀၁၇ ဆန်ခါတင်အလှမယ်များ ၏ Talent Show ပွဲပြုလုပ်ရာအရူး မဇာတ်ရုပ်ဖြင့် သရုပ်ဆောင် သော ခါးနံပါတ် (၂၅) ရှင်မင်း ဆက်က Miss Talent ဆုရရှိခဲ့ သည်။

ယင်းပြိုင်ပွဲကို စက်တင်ဘာ ၂၀ ရက်က ပူတာအိုရှိ မလိခ ဟိုတယ်၌ ပြုလုပ်ပြီးအလှမယ် များက ၎င်းတို့နှစ်သက်ရာ Talent များဖြင့် ယှဉ်ပြိုင်ခဲ့သည်။

သီချင်းဆို၍ ယှဉ်ပြိုင်သူများ ရှိသကဲ့သို့ ရိုးရာအကအပါအဝင် ပုဂံခေတ်ယဉ်ကျေးမှုအကဖြင့် ကပြယှဉ်ပြိုင်သူများလည်း ရှိပြီး ဆုရရှိသည့် ရှင်မင်းဆက်တစ်ဦး တည်းသာ ဇာတ်လမ်းပုံစံသရုပ် ဆောင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ရှင်မင်းဆက်က ရင်သွေးနှင့် ခင်ပွန်းဖြစ်သူ ရုတ်တရက် ဆုံး ပါးသွားသောကြောင့် စိတ်ရောဂါ ခံစားရသူတစ်ဦးအဖြစ် သရုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပရိသတ် လက်ခုပ်သံအများဆုံးရရှိခဲ့သည်။

1st Runner Up ဆုကို Electro Dance ဖြင့် ယှဉ်ပြိုင် သည့် ခါးနံပါတ် (၂၁)အလှမယ် ခင်လပြည့်ဇော်ကရရှိပြီး တတိယ ဆုကို သရုပ်ဖော်အကဖြင့် ယှဉ် ပြိုင်ခဲ့သည့် ခါးနံပါတ် (၄) အလှ မယ် မေမြတ်နိုးခင်ကရရှိသည်။

အခြားဆုများကိုလည်းပေး အပ်ရာ Miss Active ဆုကို ခါးနံပါတ် (၁) အလှမယ် ချယ်ရီ ချစ်ချစ်ထွန်းကလည်းကောင်း၊ Miss Confidenceဆုကို ခါး နံပါတ် (၁၅) အလှမယ်  အိအိ ငြိမ်းကလည်းကောင်း၊ Miss Friendshipဆုကို ခါးနံပါတ် (၁၁)အလှမယ်ခိုင်ဇင်သော်ကလည်း ကောင်း၊ Miss Malikha ဆုကို ကချင်ပြည်နယ်ကိုယ်စားပြု အလှ မယ် ဂျာဒင်ကိုင်ကလည်းကောင်း ရရှိခဲ့ကြသည်။

မယ်စကြဝဠာမြန်မာ ၂၀၁၇ ဆန်ခါတင် အလှမယ်များ၏ လူမှုရေးခရီးစဉ်အဖြစ် ပူတာအို ဒေသသို့ စက်တင်ဘာ ၁၈ ရက်က သွားရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းဒေသရှိ စစ်ဘေးရှောင်စခန်း၊ မိဘမဲ့ကလေးများကို စောင့် ရှောက်ထားသည့် ဘုန်းတော်ကြီး သင် ကျောင်းများသို့ သွားရောက် လှူဒါန်းခဲ့ကာ သစ်ပင်စိုက်ခြင်း၊ ဆင်စီးခြင်း စသည့်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top